ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၈
14.08.2020
ငါစီစဉ်ထားရှိခဲ့သော အလုပ်သည် တခဏပင် မရပ်နားဘဲ ရှေ့သို့သာ အပူတပြင်း ဆက်လက်လုပ်ဆောင်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရောက်ရှိခြင်းနှင့် သင့်အား ငါ့လူအဖြစ် ငါ့နိုင်ငံတော်ထဲသို့ ဆောင်ယူခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်၍ သင့်ကို တောင်းဆိုရန် အခြားသော လုပ်ဆောင်ချက်များ ငါ၌ရှိလာလိမ့်မည်။ ဆိုလိုသည်မှာ ဤခေတ်တွင် ငါအုပ်ချုပ်မည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို သင့်ရှေ့တွင် ငါစတင်ပြဋ္ဌာန်းမည်-
သင့်အား ငါ၏လူဟု ဆိုသည့်အတွက်ကြောင့် သင်သည် ငါ့နာမကို ချီးမြှောက်နိုင်စွမ်း ရှိသင့်သည်။ ယင်းမှာ စမ်းသပ်မှုများကြားထဲ၌ သက်သေခံနိုင်စွမ်း ရှိခြင်း ဖြစ်သည်။ မည်သူမဆို ငါ့အား လိမ်လည်လှည့်ဖျားပြီး ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန်ကြိုးပမ်းလျှင် သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သောအလုပ်များ လုပ်ဆောင်လျှင် ထိုသူတို့သည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည်၊ အနှစ်ချုပ်အရေးယူမှုကို စောင့်စားရန် ငါ့အိမ်မှ ဖယ်ရှားခံရမည်။ ယခင်က ငါ့အား သစ္စာမစောင့်၊ မနာခံဘဲ ယနေ့တွင် ငါ့အား လူပုံအလယ်တွင် ဝေဖန်ရန် တစ်ဖန်ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခြင်း ခံရမည်။ ငါ၏လူဖြစ်သောသူတို့သည် ငါ့ဝန်ကို စဉ်ဆက်မပြတ် အမှုထားရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကို သိနားလည်ရန်လည်း ရှာဖွေရမည်။ ထိုသို့သောလူများကိုသာ ငါသည် ဉာဏ်ပွင့်စေမည်။ ထိုသူတို့သည် ဆုံးမခြင်းကို ဘယ်သောအခါမျှ မခံရဘဲ ငါ၏လမ်းပြမှုနှင့်ဉာဏ်ပွင့်စေမှုအောက်တွင် အသေအချာ နေရလိမ့်မည်။ သူတို့၏ အနာဂတ်ကို ကြိုတင်ပြင်ဆင်ရန် အာရုံပြုလျက် ငါ့ဝန်တို့ကို အမှုမထားသူများ၊ ဆိုလိုသည်မှာ ငါ့စိတ်နှလုံးကို ကျေနပ်စေခြင်းငှာ ရည်ရွယ်ပြီး မလုပ်ဆောင်သူများ၊ ယင်းအစား ပေးကမ်းရန်သာ တောင်းဆိုသူများ၊ ထိုကဲ့သို့သော သူတောင်းစားနှင့်တူသည့် လူသားများကို အသုံးပြုရန် ငါ အလျှင်းငြင်းပယ်မည်။ အကြောင်းမှာ သူတို့သည် မွေးစအချိန်မှစ၍ ငါ့ဝန်ကို အမှုထားရန်ဆိုသည်ကို လုံးလုံးလျားလျား မသိသောကြောင့် ဖြစ်၏။ ထိုသူတို့သည် စဉ်းစားဉာဏ် မူမမှန်သောသူများဖြစ်သည်။ ယင်းကဲ့သို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့” နေပြီး “အာဟာရဓာတ်” ဖြည့်ဆည်းရန် အိမ်ပြန်သင့်သူများ ဖြစ်သည်။ ထိုကဲ့သို့သောလူများကို ငါမသုံး။ ငါ့လူများအကြားတွင်၊ လူတိုင်းသည် တစ်ခဏပင် မေ့ပျောက်ခြင်းမရှိသော စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိနားလည်ခြင်းကို အဆုံးထိ ကျေပြွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ်ပေလိမ့်မည်။ သို့မှသာ အဆုံးတွင် ငါ့ကိုသိခြင်းသည် အစာစားခြင်းကဲ့သို့ လုပ်နေကျလက်ဖြင့် သက်သောင့်သက်သာ သင်လုပ်လေ့ရှိသော ကျွမ်းဝင်တတ်ကျွမ်းမှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ငါပြောသော နှုတ်ကပတ်တော်များအနေဖြင့် တစ်ခုစီတိုင်းကို အဆုံးစွန် သေချာမှုနှင့် အပြည့်အဝ စွဲမှတ် ခံယူရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တပျက် ဆောင်ရွက်ခြင်း မရှိရ။ ငါ့နှုတ်ကပတ်တော်များကို အလေးဂရုမပြုသော မည်သူမဆိုကို ငါ့အား တိုက်ရိုက်ဆန့်ကျင်နေခြင်းအဖြစ် မှတ်ယူမည်၊ ငါ့နှုတ်ကပတ်တော်များကို မစားသုံးသော၊ သို့မဟုတ် ယင်းတို့ကို သိနားလည်ရန် မရှာဖွေသော မည်သူမဆိုကို ငါ့အား အလေးဂရုမပြုခြင်းအဖြစ် မှတ်ယူမည်ဖြစ်ပြီး ငါ့အိမ်တံခါးပြင်ပသို့ အလျင်အမြန် လှဲကျင်းခြင်းခံရမည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း ငါအလိုရှိသည်မှာ လွန်စွာများပြား သော လူများမဟုတ်မူဘဲ ရွေးချယ်ခံရသော လူအနည်းငယ်သာ ဖြစ်၍ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များအားဖြင့် ငါ့အားသိသူ တစ်ဦးသာရှိပါက ဤသူတစ်ဦးတည်းကို ဉာဏ်ပွင့်စေရေး နှင့် အလင်းပြရေးကို အာရုံပြုရန်အတွက် အခြားလူအားလုံးကို လိုလားစွာ ငါစွန့်ပယ်လိမ့်မည်။ ဤအရာမှ သင်သိမြင်နိုင်သည်မှာ၊ လူအများအပြားဖြစ်မှသာ ငါ့အားဖော်ပြနိုင်သည်၊ ငါ့ အတိုင်းအသက်ရှင်နိုင်သည် ဆိုခြင်းမှာ မမှန်ကန်ကြောင်းပင်ဖြစ်သည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံပင်ဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝနေသော်မှ) ပေါင်းမြက်ပင်များ မဟုတ်ပါ။ ရှာဖွေမှုမပြုသူများ၊ ယင်းအစား လျော့ရဲစွာ ပြုမူနေသူများအနေဖြင့်၊ ငါ့နာမကို ဂုဏ်အသရေပျက်အောင် လုပ်ဆောင်ခြင်း မပြုစေရန်အတွက် သူတို့သည် မိမိသဘောအလျောက် ထွက်ခွာသွားသင့်သည်။ ထိုသူတို့အား နောက်ထပ် ငါမမြင်လိုပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၅)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ