ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၅
15.04.2021
ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ပတ်သက်သည့် အကြောင်းအရာသည် လူတိုင်းအတွက် အလွန်ပင် စိတ်ကူးစိတ်သန်းဆန်သည့် လက္ခဏာ ရှိသည့်အပြင် လူတိုင်းအနေဖြင့် လက်ခံရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်နေသဘောထားသည် လူသားတစ်ဦး၏ ပင်ကိုယ်စရိုက်နှင့် မတူသော ကြောင့် ဖြစ်သည်။ ဘုရားသခင်သည်လည်း သူ၏ကိုယ်ပိုင်ခံစားမှုများ ဖြစ်သည့် ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ရှိသော်လည်း ဤခံစားချက်တို့မှာ လူသား၏ ခံစားချက်တို့မှ ကွဲပြား၏။ ဘုရားသခင်သည် သူ၏အရာအားလုံးဖြစ်ကာ သူ၌ သူ၏ဖြစ်ခြင်းကို ပိုင်ဆိုင်ထားသည်။ သူဖော်ထုတ်သည့် အရာအားလုံးနှင့် ဖော်ပြသည့် အရာအားလုံးတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့ကို ကိုယ်စားပြုကြ၏။ သူ၏ဖြစ်ခြင်းနှင့် သူ၏အရာအားလုံးအပြင် သူ၏အနှစ်သာရနှင့် သူ၏ ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားမထိုးနိုင်သည့်အရာများ ဖြစ်ကြ၏။ သူ၏ စိတ်နေသဘောထားတွင် လူသားမျိုးနွယ်အပေါ် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် ဖြေသိမ့်မှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှုနှင့် ၎င်းတို့ထက်ပင်ပို၍ လူသားမျိုးနွယ်အပေါ် သေချာစွာနားလည်မှုလည်း အကျုံးဝင်၏။ သို့ရာတွင် လူသား၏ ပင်ကိုယ်စရိုက်သည် အကောင်းမြင်ခြင်း၊ တက်ကြွခြင်း၊ သို့မဟုတ် အကြင်နာကင်းမဲ့ခြင်းများ ဖြစ်နိုင်၏။ ဘုရားသခင်၏ စိတ်နေသဘောထားသည် အရာခပ်သိမ်းအကြား သက်ရှိတို့ကို အုပ်စိုးသူ၊ ဖန်ဆင်းထားသည့် အရာအားလုံးတို့၏ သခင်နှင့် သက်ဆိုင်သည့် စိတ်နေသဘောထား ဖြစ်၏။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်သိက္ခာ၊ တန်ခိုး၊ မြင့်မြတ်မှု၊ ကြီးမြတ်မှုတို့ကို ကိုယ်စားပြုသည့်အပြင် အထွတ်အထိပ်ဖြစ်မှုကို အများဆုံး ကိုယ်စားပြုသည်။ သူ၏ စိတ်နေသဘောထားသည် အခွင့်အာဏာ၏ သင်္ကေတ၊ ဖြောင့်မတ်သည့် အရာအားလုံး၏ သင်္ကေတ၊ လှပ၍ကောင်းမွန်သည့် အရာအားလုံး၏ သင်္ကေတ ဖြစ်၏။ ထို့ထက်ပို၍၊ ဤသည်မှာ အမှောင်ထုနှင့် မည်သည့်ရန်သူ အင်အားစုကမျှ လွှမ်းမိုးခြင်း သို့မဟုတ် ကျူးကျော်သိမ်းပိုက်ခြင်း မပြုနိုင်သူ၏ သင်္ကေတတစ်ရပ် ဖြစ်သည့်အပြင် ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါကမျှ မစော်ကားနိုင်၊ သူ၏ (သူသည်လည်း စော်ကားခံရခြင်းကို သည်းခံလိမ့်မည်မဟုတ်) သင်္ကေတတစ်ရပ်လည်း ဖြစ်၏။ သူ၏ စိတ်နေသဘောထားသည် အမြင့်ဆုံးသော သြဇာအာဏာ၏ သင်္ကေတ ဖြစ်သည်။ မည်သူတစ်ဦးကမျှ သို့မဟုတ် မည်သူတို့ကမျှ သူ၏အလုပ် သို့မဟုတ် သူ၏ စိတ်နေသဘောထားကို နှောင့်ယှက်နိုင်ခြင်း မရှိ၊ သို့မဟုတ် နှောင့်ယှက်ခွင့် မရှိပေ။ သို့သော် လူသား၏ ပင်ကိုယ်စရိုက်သည် လူသားမှ သားရဲထက် အနည်းငယ်သာခြင်း၏ သင်္ကေတ တစ်ရပ်ဖြစ်ရုံထက် မပိုပေ။ လူသား ကိုယ်တိုင်တွင် အာဏာ၊ ကိုယ်ပိုင်ရပ်တည်ခွင့်နှင့် အတ္တကို ကျော်လွန်နိုင်စွမ်းတို့ လုံးဝမရှိဘဲ သူ၏ အနှစ်သာရတွင် သူသည် လူအမျိုးမျိုး၊ အဖြစ်အပျက် အမျိုးမျိုးနှင့် အရာအမျိုးမျိုးတို့၏ ကရုဏာတွင် ကြောက်ရွံ့ တွန့်ဆုတ်နေသူ တစ်ဦးဖြစ်၏။ ဘုရားသခင်၏ ဝမ်းမြောက်ခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ပေါ်ထွက်လာမှုတို့ကြောင့် ဖြစ်သည်။ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့ ပျက်စီးခြင်း ကြောင့် ဖြစ်၏။ သူသည် လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းသောအသက်တာကို ယူဆောင်လာခဲ့သည့်အတွက် သူကြည်နူး၏။ သူ၏ဝမ်းမြောက်ခြင်းသည် ဖြောင့်မတ်သော ဝမ်းမြောက်ခြင်းဖြစ်၏၊ အပြုသဘော ဆောင်သည့် အရာအားလုံး၏ ဖြစ်တည်မှု သင်္ကေတတစ်ရပ် ဖြစ်သည့်အပြင် ၎င်းထက်သာ၍၊ မင်္ဂလာ ရှိခြင်း၏ သင်္ကေတတစ်ရပ်ပင်ဖြစ်၏။ ဘုရားသခင်၏ ဒေါသသည် မတရားမှုတည်ရှိခြင်းနှင့် သူ၏ လူသားမျိုးနွယ်အပေါ် အန္တရာယ်ပြုနေသည့် မတရားမှုမှ ပေါ်ပေါက်စေသည့် အနှောင့်အယှက် ပြုမှုတို့ကြောင့် ဖြစ်၏။ ဆိုးယုတ်မှုနှင့် အမှောင်ထု တည်ရှိနေခြင်းကြောင့်၊ သမ္မာတရားကို မောင်းနှင်ထုတ်သည့် အရာများ တည်ရှိနေခြင်းကြောင့်နှင့် ကောင်းခြင်းနှင့် လှပခြင်းတို့ကို ဆန့်ကျင်သည့်အရာများ တည်ရှိနေခြင်းကြောင့် သာ၍ပင်ဖြစ်၏။ သူ၏ဒေါသသည် အဖျက်သဘောဆောင်သည့် အရာခပ်သိမ်း မရှိတော့သည့် သင်္ကေတတစ်ရပ် ဖြစ်သည့်အပြင် သူ၏သန့်ရှင်းမှု၏ သင်္ကေတတစ်ရပ် သာ၍ပင်ဖြစ်၏။ သူ၏ ဝမ်းနည်းပူဆွေးမှုမှာ သူမျှော်လင့်ချက်များ ထားရှိသော်လည်း အမှောင်ထုတွင်း ကျဆင်းခဲ့သည့် လူသားမျိုးနွယ်ကြောင့်၊ လူသား အပေါ် သူဆောင်ရွက်သည့်အမှုသည် သူမျှော်လင့်ထားသည့် အဆင့်သို့ ရောက်မလာသောကြောင့်နှင့် သူချစ်သည့် လူသားသည် အလင်းတွင် အားလုံးမနေနိုင်သောကြောင့် ဖြစ်၏။ အပြစ်ကင်းစင်သည့် လူသားမျိုးနွယ်အတွက်၊ ရိုးသားဖြောင့်မတ်သော်လည်း အသိဉာဏ်မဲ့သူ လူသားအတွက်နှင့် ကောင်းမြတ်သော်လည်း ကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသူ လူသားအတွက် သူဝမ်းနည်းပူဆွေး၏။ သူ၏ ဝမ်းနည်းပူဆွေးမှုသည် သူ၏ ကောင်းမြတ်ခြင်းနှင့် သူ၏ကရုဏာတို့၏ သင်္ကေတတစ်ရပ်၊ လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတ တစ်ရပ် ဖြစ်၏။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများအား ရှုံးနိမ့်စေခြင်းနှင့် လူသား၏ ကောင်းမွန်သည့် ယုံကြည်မှု ရရှိခြင်းတို့မှ လာသည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်ထက်ပို၍၊ ၎င်းသည် ရန်သူအင်အားစု ခပ်သိမ်းကို နှင်ထုတ်ပစ်ခြင်းနှင့် ဖျက်ဆီးပစ်ခြင်းတို့မှ ပေါ်ပေါက်လာ၍ လူသားမျိုးနွယ်သည် ကောင်းမွန်၍ ငြိမ်းချမ်းသော အသက်တာကို ရရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းမြောက်ခြင်းနှင့် မတူပေ။ အတိအကျအားဖြင့် ဆိုရလျှင် ကောင်းသောအသီးများကို ကောက်ယူ စုဆောင်းသည့် ခံစားချက်၊ ဝမ်းမြောက်ခြင်းထက် သာ၍ပင်ကြီးမားသော ခံစားချက်တစ်ရပ် ဖြစ်၏။ သူ၏ ပျော်ရွှင်မှုသည် ယခုအချိန်မှစ၍ လူသားမျိုးနွယ် ဒုက္ခဆင်းရဲမှ လွတ်မြောက်ခြင်း၏ သင်္ကေတတစ်ရပ်ဖြစ်၍ လူသားမျိုးနွယ် လောကအလင်းထဲသို့ ဝင်ရောက်သည့် သင်္ကေတတစ်ရပ်လည်း ဖြစ်၏။ အခြားတစ်ဖက်တွင်မူ၊ လူသားမျိုးနွယ်၏ ခံစားချက်အားလုံးသည် သူ၏ကိုယ်ကျိုးများအတွက်မှ ပေါ်ပေါက်လာခြင်းဖြစ်၏။ ဖြောင့်မတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသည့်အရာနှင့် အနည်းဆုံးအနေဖြင့် ကောင်းကင်မှ ချပေးသော ကျေးဇူးတော်အတွက် မဟုတ်ပေ။ လူသားမျိုးနွယ်၏ ခံစားချက်များသည် အတ္တဆန်၍ အမှောင်လောကနှင့် သက်ဆိုင်၏။ အလိုတော်အတွက် တည်ရှိသည်မဟုတ်။ ဘုရားသခင်၏ အစီအစဉ်အတွက်ဆို သာ၍ပင် မဟုတ်ပေ။ ထို့ကြောင့် လူသားနှင့် ဘုရားသခင်အကြောင်းကို မည်သည့်အခါမျှ တစ်ချိန်တည်း ပြော၍ မရပေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အစဉ်ဂုဏ်သိက္ခာ ရှိသော်လည်း လူသားသည် အစဉ်အမြဲယုတ်ညံ့၍ အစဉ်တန်ဖိုးမဲ့၏။ ဤသည်မှာ ဘုရားသခင်သည် အစဉ်အမြဲ အနစ်နာခံ၍ မိမိကိုယ်ကို လူသားအတွက် ဆက်ကပ်ထားခြင်းကြောင့် ဖြစ်၏။ သို့ရာတွင် လူသားသည် အစဉ်အမြဲယူ၍ သူကိုယ်တိုင်အတွက်သာ ကြိုးစား၏။ ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်နေရေးအတွက် နာကျင်မှု ဝေဒနာ အစဉ်အမြဲ ခံစားနေသော်လည်း လူသားသည် အလင်းအတွက်ဖြစ်စေ၊ ဖြောင့်မတ်ခြင်းအတွက် ဖြစ်စေ မည်သည့်အရာမျှ ထည့်ဝင်ပံ့ပိုးမှု မပြုပေ။ လူသားသည် ကြိုးပမ်းမှုတစ်ရပ်ကို ခဏတာ ပြုလုပ်လျှင်သော်မှ အားနည်းလွန်းသဖြင့် တစ်ချက်ရိုက်လိုက်သည်ကိုပင် မခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူသား၏ ကြိုးပမ်းမှုသည် ၎င်း၏ ကိုယ်ကျိုးအတွက်သာ အစဉ်ဖြစ်၍ သူတစ်ပါးအတွက် မဟုတ်သောကြောင့် ဖြစ်သည်။ လူသားသည် အစဉ်အတ္တဆန်သော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အတ္တကင်းမဲ့၏။ ဘုရားသခင်သည် တရားမျှတသော၊ ကောင်းမွန်သော၊ လှပသောအရာခပ်သိမ်းတို့၏ အရင်းခံ ဖြစ်သော်လည်း လူသားသည် အကျည်းတန်မှုနှင့် ဆိုးယုတ်မှုအားလုံးတို့ကို အမွေဆက်ခံ၍ ၎င်းတို့ကို ပေါ်လွင်ထင်ရှားစေရန် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းနှင့် လှပခြင်းတို့၏ အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သော်လည်း လူသားသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ဖြောင့်မတ်ခြင်းအပေါ် သစ္စာဖောက်၍ ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲသွားအောင် အပြည့်အဝ လုပ်ဆောင်နိုင်စွမ်းရှိ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ