ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၁

04.08.2020

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာပြောင်းလဲလေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက် ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက်နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှနားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်၏အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင် ပေ။ သူသည် လူသားတို့ သဘောမပေါက်သောအရာကို သဘောပေါက်နိုင်သည့်အတွက် သူသည် သာလွန်၏။ သူသည် လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည် ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနုတ်ကယ်တင်ရှင် ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင့် ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ်အဖို့အလို့ငှါ ဖြစ်၏။

အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်းလွဲပြီးသောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ကိုယ်ကိုယ် စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏စိတ်ဝိညာဉ်များအကြောင်း မသိသည့် လူစင်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန် တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကို ခံဖူးသောဤလူများအပေါ် သနားကရုဏာ ရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သောဤလူများကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင် နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူ စောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင် ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ်ပျောက်ဆုံးခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် “အဖ” တစ်ဦး ရခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင် ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင် သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့်နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းမှာ တန်ဖိုးမဖြတ်နိုင်ပေ၊ ထို့ပြင် ၎င်းမှာ လူသား၏စိတ်နှလုံးနှင့် ဝိညာဉ်အဖို့အလို့ငှါ ဖြစ်၏။ ဤသို့ အမြဲတစေစောင့်ကြည့်ခြင်းမှာ အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်းဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင် အတိအကျ သိသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း

ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကို ရှာဖွေနေ

အနန္တတန်ခိုးရှင်ထံမှ အသက်ပေးသွင်းမှုစွန့်လွတ်သည့်လူသား သေခြင်အားကြောက်လန့်လျက် အဘယ်သို့အသက်ရှင်ရမယ်မသိ ပံ့ပိုးမှုတို့မရှိ ကူညီမှုတို့မရှိ သို့သော်လူတို့ သေချင်းအားတွန့်ဆုတ်ဆဲ ရဲဝံ့စွာရင်ဆိုင်လိုက်ပါ ဤလောက၏ စက်ဆုပ်ဖွယ်ရာများ ဝိညာဉ်ရေးအသိကင်းမဲ့သော ခန္ဓာများဖြင့်ရပ်တည်ခဲ့ မျှော်လင့်ချက်မဲ့ သင်အသက်ရှင် ရည်မှန်းချက်မဲ့ သူရှင်သန် ဒဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါး သာရှိ ဒဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါးတည်းသာရှိ သူကြွလာခြင်းအတွက်တောင့်တသူ၊ ဒုက္ခ၌ငြီးတွားသူ၊ လာရောက်ကယ်တင်မယ့်သူ၊ အစဉ်အမြဲကြည့်ရှုသူ အသိမနိုးကြားသေးသောလောကီလူအပေါင်း ထိုယုံကြည်ချက်အားသဘောမပေါက်နိုင် ယနေ့တိုင် လူသားတို့ ထိုအရာများအားတမ်းတဆဲ၊ တမ်းတနေဆဲ

ပြင်းထန်စွာကြေကွဲသူတို့ အနန္တတန်ခိုးရှင်သနားမူ အသိတရားကင်းသူကိုလည်း သခင်ဘုရားစိတ်ပျက်မူ၏ လူသားတို့ဆီကအဖြေကိုသူစောင့်နေ တုံ့ပြန်မှုကိုကြာမြင့်စွာသူစောင့်နေ သင့်ရဲ့စိတ်နှလုံးနှင့်ဝိညာဉ်ကိုရချင် စားသောက်စရာများ သူသင့်ကိုပေးချင်တယ် သင့်ကိုတဖန်ရေငတ်၍ဆာလောင်ခြင်းမရှိစေရန် သင့်ကိုနိုးကြားနေစေချင် သင့်စိတ်ပင်ပန်းနွမ်းနယ်ချိန် အဖော်မဲ့မှုတို့ကို စတင်ခံစားရချိန် ဒီလောကအလယ်မှာ အထီးကျန်ချိန် စိတ်ရှုပ်မခံနဲ့ မငိုပါနဲ့ အနန္တတန်ခိုးရှင်စောင့်ကြည့်နေတယ် သင့်ရဲ့ရောက်လာမှုကို လက်ခံတယ်

သူဟာသင့်ရဲ့ဘေးမှာ ပြန်လာဖို့စောင့်မျှော်နေ သူဟာစောင့်မျှော်နေ သင်ပြန်သတိရမယ့်နေ့ကို သင်သည်ဘုရားထံမှလာကြောင်းသတိထား သင်သည်ဘုရားထံမှဖြစ်သည် သင်တစ်ချိန်က လမ်းပျောက်ခဲ့ တစ်နေရာတွင် သတိလစ်လမ်းမှား ဘယ်ချိန်မသိဘဲ “ဖခင်” တစ်ဦးရှိခဲ့ နောက်မှ ဘုရားစောင့်ကြည့်နေမှန်းသိ သင်ပြန်အလာကို သူစောင့်မျှော်လျက်နေ အစဉ်အမြဲ သူစောင့်ကြည့်လို့နေခဲ့၊ စောင့်နေခဲ့

သူသည်လွန်စွာတမ်းတ သူစောင့်ဆိုင်းလျက်ရှိ အဖြေမရှိနိုင်သောလူတို့တုံ့ပြန်မှုကို တန်ဖိုးဖြတ်မရနိုင် စိတ်နှလုံးနှင့်ဝိညာဉ် လူသားတို့အတွက် သူစောင့်ကြည့်လျက်နေ သူ့စောင့်ကြည့်မှုဟာ ထာဝရကြာမြင့်နိုင် ဤစောင့်ကြည့်မှုလည်း အဆုံးသတ်လုနီးပြီ သင်ခုချိန်ပြန်ဆန်းစစ် သင့်ရဲ့စိတ်နှလုံးသင့်အသက်ဝိညာဉ် ဘယ်မှာလဲ၊၊ ဘယ်မှာလဲ၊၊

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။