Christian Song - လူသားမျိုးနွယ်အတွက် ဘုရားသခင်၏မျှော်မှန်းချက်များသည် မပြောင်းလဲ

30.01.2026

အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းတွင်၊ ဘုရားသည် အာဗြဟံ၏ စစ်မှန်ရိုးသားခြင်းနှင့် ကျိုးနွံနာခံခြင်းကို တွေ့ခဲ့ပြီး သူနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ စစ်ဆေးခြင်းကို ခံရပ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ ဘုရားက သူ၏ စစ်မှန်ရိုးသားမှုနှင့် ကျိုးနွံနာခံခြင်းကို လက်ခံခဲ့သော်လည်း၊ ဘုရား ယုံကြည်ရသည့်လူ၊ ဘုရားကို သိကျွမ်းခဲ့ပြီး သိနားလည်ခဲ့သူ တစ်ဦး၊ ပြီးလျှင် ဘုရား၏ စိတ်သဘောထားနှင့် ပတ်သက်၍ နှံ့စပ်သောသူတစ်ဦး ဖြစ်လာခြင်းငှာ ထိုက်တန်ခြင်း မရှိခဲ့သေးပေ။ သူသည် ဘုရားနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းနှင့် ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်းမှ ဝေးကွာခဲ့သည်။ ထိုကြောင့် ဘုရားသခင့်၏ နှလုံးသားထဲတွင်၊ ဘုရားသည် အထီးကျန်ပြီး စိုးရိမ်ပူပန်ဆဲရှိခဲ့သည်။ ဘုရားသည် သာ၍ အထီးကျန်ပြီး စိုးရိမ်ပူပန်လာလေလေ၊ သူ၏ စီမံခန့်ခွဲမှုကို ဖြစ်နိုင်သမျှမြန်မြန် ဆက်လုပ်ဆောင်ဖို့ သာ၍ လိုအပ်လေလေ ဖြစ်ခဲ့ပြီး၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးမြောက်ဖို့နှင့် သူ၏အလိုကို ဖြစ်နိုင်သမျှမြန်မြန် ဖြည့်ဆည်းနိုင်ဖို့ လူတစ်စုကို ရွေးချယ်ပြီး ရယူရန် လိုအပ်လေလေဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်ဖြစ်ခဲ့ပြီး၊ ယင်းသည် တကယ့် အစအဦးကတည်းက ယနေ့ထိ မပြောင်းမလဲ ရှိနေပေသည်။

အစအဦးတွင် ဘုရားသည် လူသားကို သူဖန်ဆင်းခဲ့ကတည်းက၊ သူ၏ စိတ်သဘောထားကို နားလည်၊ သိမြင်ပြီး သဘောပေါက်နိုင်သည့်၊ သူနှင့်အတူ လျှောက်လှမ်းမည့် အောင်မြင်သူတစ်စု၊ လူအုပ်တစ်စုကို တမ်းတပြီးဖြစ်သည်။ ဘုရား၏ ဤရည်ရွယ်ချက်သည် မည်သည့်အခါမျှ မပြောင်းလဲလေပြီ။ သူ မည်မျှကြာကြာ စောင့်ရဦးမည်ဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းခရီးက မည်မျှကြမ်းတမ်းသည် ဖြစ်စေ၊ ပြီးလျှင် သူတောင့်တသော ရည်မှန်းချက်များက မည်မျှ အလှမ်းဝေးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားအတွက် သူ၏မျှော်လင့်ချက်များကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ချေ၊ သို့မဟုတ် မစွန့်လွှတ်ခဲ့ချေ။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂) မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။