Gospel Choir Song - ဘုရားသခင်၏တရားစီရင်ခြင်းကို အပြည့်အဝ ဖွင့်ပြပြီ (Myanmar Subtitles)

31.01.2023

စကြဝဠာ တစ်ခွင်လုံးကို လှုပ်ခါလျက်၊ တစ်ဖြောင်းဖြောင်း မြည်ဟည်းသော အသံတစ်သံ ပေါ်ထွက်၏။

ယင်းသည် အလွန်ကျယ်လောင်လွန်းသဖြင့် လူတို့သည် လမ်းကြောင်းမှ အချိန်မီ မရှောင်နိုင်အောင် ဖြစ်လေသည်။

အချို့သည် အသတ်ခံကြရသည်၊ အချို့သည် ဖျက်ဆီးခြင်းကို ခံကြရပြီး အချို့မှာ တရားစီရင်ခြင်းခံကြရလေသည်။

ယင်းသည် အမှန်တကယ် မည်သူမျှ မမြင်ဖူးသော မြင်ကွင်းတစ်ခု ဖြစ်သည်။

သေချာစွာ နားထောင်လော့- မိုးခြိမ်းသံများနှင့်အတူ ငိုကြွေးသံများ လိုက်ပါလာပြီး

ဤအသံသည် မရဏနိုင်ငံမှလာသည်၊ ငရဲမှ လာခြင်း ဖြစ်သည်။

ယင်းမှာ ဘုရား၏ တရားစီရင်ခြင်းကို ခံရသည့်

ဆန့်ကျင်ပုန်ကန်သော ထိုသားများ၏ ခါးသီးသောအသံ ဖြစ်သည်။

ဘုရားပြောသော အရာကို နားမထောင်သေးသော သူများနှင့်

သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သေးသော သူများသည်

ပြင်းထန်စွာ တရားစီရင်ခြင်းကို ခံကြရပြီး သူ၏အမျက်ဒေါသ၏ ကျိန်ခြင်းကို ခံကြရပြီးဖြစ်သည်။

ဘုရား၏ အသံသည် တရားစီရင်ခြင်းနှင့် အမျက်ဒေါသ ဖြစ်သည်။

သူသည် ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး အမျက်ဒေါသကို ပိုင်ဆိုင်သောကြောင့်

မည်သူ့ကိုမျှ နူးညံ့သိမ်မွေ့စွာ သူမဆက်ဆံသကဲ့သို့ မည်သူ့ကိုမျှ မသက်ညှာပေ။

သူသည် တောက်လောင်ခြင်း၊ သန့်စင်စေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပိုင်ဆိုင်၏။

ဘုရားအထဲတွင်၊ မည်သည့်အရာမျှ ကွယ်ဝှက်မထား သို့မဟုတ် စိတ်ခံစားမှုနှင့် ဆိုင်သောအရာ မရှိဘဲ၊

ဆန့်ကျင်ဘက်အနေဖြင့် အရာရာသည် ပွင့်လင်းသည်၊ ဖြောင့်မတ်ပြီး၊ သမာသမတ်ကျလေသည်။

ဘုရား၏ သားဦးများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား အုပ်စိုးလျက်၊

သူနှင့်အတူ ပလ္လင်ပေါ်တွင် ရှိနှင့်ကြပြီး ဖြစ်သောကြောင့်၊

မတရားသကဲ့သို့ မဖြောင့်မတ်သော လူများသည် တရားစီရင်ခြင်း ယခု စတင် ခံရလျက်ရှိသည်။

ဘုရားသည် တစ်စုံတစ်ခုကိုမျှ မလွတ်စေဘဲ

၎င်းတို့ကို အလျှင်း ထုတ်ဖော်လျက်၊ တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့ကို စုံစမ်းစစ်ဆေးမည်။

အကြောင်းမူကား ဘုရား၏ တရားစီရင်ခြင်းကို အပြည့်အဝ ထုတ်ဖော်ကာ ဖွင့်ပြပြီးဖြစ်သောကြောင့် ဖြစ်သည်။

ပြီးလျှင် သူသည် မည်သည့်အရာကိုမျှ လုံးဝ ထိန်ချန်ခြင်း မရှိလေပြီ။

သူ၏ အလိုနှင့် မကိုက်ညီသော အရာတိုင်းကို သူလွှင့်ပစ်မည်ဖြစ်ပြီး၊

အနက်ဆုံးသောတွင်းထဲတွင် ထာဝရ ကာလပတ်လုံး ပျက်စီးဆုံးရှုံးစေမည်။

ထိုနေရာတွင် ယင်းကို သူ ထာဝရ လောင်ကျွမ်းစေမည်။

ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ သူ၏ တည်ကြည်မှု ဖြစ်သည်။

ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ဘုရား၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ သူ၏ တည်ကြည်မှု ဖြစ်သည်။

ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ဘုရား၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ သူ၏ တည်ကြည်မှု ဖြစ်သည်။

ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ဘုရား၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ သူ၏ တည်ကြည်မှု ဖြစ်သည်။

ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ဘုရား၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။