Christian Dance (ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ)
25.10.2024
၁
ဖြောင့်မတ်ခြင်းနေမင်းကြီး အရှေ့အရပ်က ထွက်ပေါ်။
အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ပြည့်လျှံသွားသည်။
သမ္မာတရားကို နားလည်သောသူများက ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မြင်သည်။
သမ္မာတရားကို ချစ်သောသူတိုင်းသည် ဘုရားသခင်၏အသံတော်ကို ကြားသည်။
မနက်စောစောတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်သည်၊
ယင်းတို့ကို ကျွန်ုပ် အာရုံပြုဆင်ခြင်ပြီး တွေးဆသောအခါ ကျွန်ုပ်နှလုံးသားထဲ ပျော်ရွှင်ဝမ်းမြောက်ခြင်းရှိလာသည်။
ကြင်နာသော မိခင်၏ စကားများကဲ့သို့ ဘုရား၏နူးညံ့သော စကားများ၊
ဖခင်၏ဆူပူကြိမ်းမောင်းခြင်းကဲ့သို့ ခက်ထန်သော ဘုရား၏တရားစီရင်သောစကားများ၊
ကမ္ဘာပေါ်တွင် နောက်ထပ် ကျွန်ုပ် ချစ်မြတ်နိုးသောအရာ မရှိ၊
အနန္တတန်ခိုးရှင် ဘုရားသခင်ကိုသာ စိတ်နှလုံးအကြွင်းမဲ့ ချစ်တယ်။
အာ့ ဟေး...အာ့ ဟေး...အာ့ ဟေး...အာ့ ဟေး...
ကမ္ဘာပေါ်တွင် နောက်ထပ် ကျွန်ုပ် ချစ်မြတ်နိုးသောအရာ မရှိ၊
အနန္တတန်ခိုးရှင် ဘုရားသခင်ကိုသာ စိတ်နှလုံးအကြွင်းမဲ့ ချစ်တယ်။
၂
ဘုရားသခင်၏နှုတ်ကပတ်တော်များက ထုတ်ဖော်ပြခဲ့သည်မှာ
သူသည် သူ့ကို အမှန်တကယ်ချစ်သူများကို စုံလင်အောင်ပြုလိမ့်မည်။
သမ္မာတရားလိုက်စားသူများ၊ သူ့ထံ ကျွန်ုပ်တို့၏ချီးမွမ်းခြင်းများကို ဆက်ကပ်ကြပါစို့။
ဝမ်းမြောက်ကခုန်ခြင်းသည် လှပ၏၊ ပလ္လင်တော်ပတ်ပတ်လည် မြူးထူးကခုန်ကြလော့။
ကမ္ဘာ့အရပ်လေးမျက်နှာမှ ဘုရားသခင်ဖိတ်ခေါ်၍ ကျွန်ုပ်တို့ ရောက်လာကြသည်။
အသက်နှင့်ဆိုင်သော သူ၏စကားများ ကျွန်ုပ်တို့အပေါ် အပ်နှင်း၊
သူ၏တရားစီရင်ခြင်းဖြင့် ကျွန်ုပ်တို့ကို သန့်စင်
စစ်ဆေးခြင်းမှတဆင့် ချစ်ခြင်းမေတ္တာ ပိုမိုခိုင်မာ၊
ဘုရားသခင်၏မေတ္တာကို မွေ့လျော်ခံစားရသည်မှာ ချိုမြိန်သည်။
အနန္တတန်ခိုးရှင် ဘုရားသခင် ချစ်ခင်နှစ်လိုဖွယ်ကောင်းလွန်းသဖြင့်၊ ကျွန်ုပ် သူ့ကိုသာ ချစ်သည်။
အာ့ ဟေး...အာ့ ဟေး...အာ့ ဟေး...အာ့ ဟေး...
အနန္တတန်ခိုးရှင် ဘုရားသခင် ချစ်ခင်နှစ်လိုဖွယ်ကောင်းလွန်းသဖြင့်၊ ကျွန်ုပ် သူ့ကိုသာ ချစ်သည်။
အ ဟေး...အား အား...ဟင်းဟင်း...
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ