
Myanmar Gospel Testimony - ဘုရား၏ နာမသည် ဧကန်အမှန် နက်နဲလှ၏
01.09.2022
အဓိကဇာတ်ကောင်ဟာ ခရစ်ယာန်မိသားစုမှာ မွေးဖွားလာသူ ဖြစ်ပါတယ်။ သခင်ယေရှုရဲ့ နာမတော်ကို အမှီပြုပြီး ဆုတောင်းမှပဲ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်မယ်လို့ သူ့မိသားစုက ပြောတာကို ကလေးဘဝကတည်းက ကြားလာခဲ့ရတဲ့သူပါ။ ဒီလိုနဲ့ ဓမ္မပညာကျောင်းကနေ သူဘွဲ့ရသွားပြီးတဲ့နောက် ဒေသခံ ယုံကြည်တွေကို သူစတင်ထိန်းကျောင်းပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အသင်းတော်ဟာ တစ်နေ့တခြား တိုးတိုးပြီး ခြောက်ကပ်လာပါလေရော။ သူ့အနေနဲ့ ဘယ်လောက်ပဲ ဆုတောင်းပါစေ၊ ဘယ်လောက်ပဲ ကျမ်းစာဖတ်ပြီး အစာရှောင်ပါစေ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ခံစားလို့မရနိုင် ဖြစ်နေတုန်းပါပဲ။ သူဟာ ဝိညာဉ်ရေးရာ အမှောင်ထုနဲ့ နာကျင်မှုထဲ ကျရောက်သွားတော့တယ်။ သခင့်နာမည်ကို အမှီပြုပြီး သူဆုတောင်းနေပေမဲ့ သခင့်ရဲ့မျက်မှောက်တော်ကို သူမခံစားရတာဟာ ဘာကြောင့်များလဲလို့ ခေါင်းရှုပ်ရှုပ်နဲ့ သူတွေးနေမိတယ်။ ဒီလိုနဲ့ တစ်နေ့ကျတော့ “ဘုရားနာမ ပြောင်းလဲသွားပြီလား” ဆိုတဲ့ ရုပ်ရှင်တစ်ကားကို ယူကျုမှာ ကံအားလျော်စွာ သူတွေ့လိုက်တယ်။ အဲဒီရုပ်ရှင်ကားကို ကြည့်လိုက်တော့ သူရှုပ်ထွေးနေတာတွေက ပြေလည်သွားတော့တယ်။ ဘုရားနာမတော်တွေရဲ့ နက်နဲမှုတွေကို သူနားလည်သွားပြီး သခင်ပြန်ကြွလာတာကို သူကြိုဆိုတဲ့အပြင် သိုးသငယ်ရဲ့ စားပွဲတော်ကိုလည်း သူတက်ရောက်ပါတော့တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ