2021 Myanmar Gospel Song - ဘုရားသခင်၏သိုးတို့သည် သူ၏အသံကို ကြားကြ၏

06.05.2021

နေ့ရက်တို့ အဆုံးသတ်လိမ့်မည်။ကမ္ဘာကြီး အချည်းနှီးဖြစ်လာလိမ့်မည်

အရာအားလုံး အသစ်ဖြစ်လိမ့်မည်။

ဒါကို မမေ့ပါနဲ့။ ယုံမှားသံသယ မရှိနိုင်ပါ။

ကောင်းကင်နှင့် မြေကြီး မတည်သော်လည်းဘုရား၏ စကား အစဉ်တည်မည်

ထို့ကြောင့် သူ တဖန် သင်တို့ ကို တိုက်တွန်းနှိုးဆော်

အကျိုးမဲ့ မပြေးလေနှင့်။ ထ၍ နောင်တရလော့။ကယ်တင်ခြင်း ရောက်လုနီးပြီ။

သင်တို့အကြား ဘုရား ပေါ်ထွန်းနှင့်ပြီ။ဟုတ်တယ်၊ ဘုရား၏ အသံတော် ပေါ်ထွက်ခဲ့ပြီ။

ဝိညာဉ်တော်သည် အသင်းတော်များထံ စကားပြောသည်။

သင် နားရှိလျှင် နားထောင်သင့်သည်။

အသက်ရှင်သော သူများအားလုံး လက်ခံသင့်သည်။

သူ့နှုတ်ကပတ်တော်ကို စားသောက်ခြင်းသာ ပြုလော့၊သံသယမရှိလေနှင့်။

သူ၏ နှုတ်ကပတ်တော်ကို နာခံ၍ သတိပြုသောသူများကြီးမားသော ကောင်းချီးမင်္ဂလာများ ရရှိလိမ့်မည်။

ဟုတ်တယ်၊ ဘုရား၏ အသံတော် ပေါ်ထွက်ခဲ့ပြီ။နေ့ရက်တိုင်း လန်းဆန်းကာ အသစ်ဖြစ်သည်။

သင်တို့ ဘုရားကို မြင်၍၊ ဘုရားသည်လည်း သင်တို့ကို မြင်သည်။

သူ သင်တို့ကို မပြတ်စကားပြောသည်။

သို့သော် ကိုယ်တော်ကို သင်တို့ ငြင်းပယ်၊ သူ့အား မသိကြ။

ဘုရား၏ သိုးများ သူ့အသံကို ကြား၏၊သို့သော် သင်တို့ တွန့်ဆုတ်ကြ၏

စာတန် သင့်မျက်စိကို ကွယ်စေ၍သင့်စိတ်နှလုံး၊ သင့်စိတ်နှလုံး အကြင်နာမဲ့၏

ဘုရား၏ ဘုန်းကြီးသော မျက်နှာကို သင်တို့ မမြင်နိုင်။

သနားစရာပဲ။ မစောင့်ပါနဲ့တော့။ဘုရား၏ သိုးများ သူ့အသံကို ကြား၏။

ဘုရား၏ ပလ္လင်တော်ရှေ့ က ဝိညာဉ်တော်ခုနစ်ပါးကိုကမ္ဘာမြေ၏ နေရာအနှံ့ စေလွှတ်သည်

ဘုရားသည် သူ၏ တမန်တော်ကိုအသင်းတော်များသို့ စကားပြောရန် စေလွတ်မည်။

ဘုရားသခင် ဖြောင့်မတ်ကာ သစ္စာရှိသည်။

သူဟာ လူ့စိတ်နှလုံး၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းကိုစစ်ဆေးသော ဘုရားဖြစ်သည်

ဝိညာဉ်တော်သည် အသင်းတော်များထံ စကားပြောသည်။

သင် နားရှိလျှင် နားထောင်သင့်သည်။

အသက်ရှင်သော သူများအားလုံး လက်ခံသင့်သည်။

သူ့နှုတ်ကပတ်တော်ကို စားသောက်ခြင်းသာ ပြုလော့၊သံသယမရှိလေနှင့်။

သူ၏ နှုတ်ကပတ်တော်ကို နာခံ၍ သတိပြုသောသူများကြီးမားသော ကောင်းချီးမင်္ဂလာများ ရရှိလိမ့်မည်။

ဘုရား၏ မျက်နှာတော်ကို စစ်မှန်စွာ ရှာဖွေသော သူတို့တွင်အသစ်သော အလင်းနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းကို ရရှိလိမ့်မည်

သူ၏ နှုတ်ကပတ်တော် သင့်ထံ ရောက်လာကာသင်၏ ဝိညာဉ်မျက်စိ ဖွင့်ပေးလိမ့်မည်

ဝိညာဉ်လောကနက်နဲမှုများနှင့်နိုင်ငံတော်သည် လူတို့အလယ် တည်ရှိကြောင်း မြင်တွေ့လိမ့်မည်။

ခိုလှုံရာသို့ ဝင်‌ရောက်လော့။ကျေးဇူးတော်အလုံးစုံ သင့်အပေါ် ကျရောက်လိမ့်မည်။

အစာခေါင်းပါးခြင်း၊ ကပ်ရောဂါနှင့် တောရိုင်းတိရိစ္ဆာန်များသင့်အား ထိခိုက်စေမည် မဟုတ်။

သင်သည် ဘုရားနှင့်အတူ သွားမည်၊ သူနှင့်အတူ လျှောက်လှမ်းကာ၊ဘုန်းတော် အတူ ဝင်စားလိမ့်မည်။

ဝိညာဉ်တော်သည် အသင်းတော်များထံ စကားပြောသည်။

သင် နားရှိလျှင် နားထောင်သင့်သည်။

အသက်ရှင်သော သူများအားလုံး လက်ခံသင့်သည်။

သူ့နှုတ်ကပတ်တော်ကို စားသောက်ခြင်းသာ ပြုလော့၊သံသယမရှိလေနှင့်။

သူ၏ နှုတ်ကပတ်တော်ကို နာခံ၍ သတိပြုသောသူများကြီးမားသော ကောင်းချီးမင်္ဂလာများ ရရှိလိမ့်မည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်