Myanmar Gospel Music (အရာအားလုံးအပေါ်ရှိဘုရားသခင်၏ အချုပ်အခြာအာဏာမှတစ်ဆင့်ဘုရားကို သိကျွမ်းလော့ကျူး)

28.03.2020

အရာအားလုံးအပေါ်ရှိဘုရားသခင်၏ အချုပ်အခြာအာဏာမှတစ်ဆင့်ဘုရားကို သိကျွမ်းလော့ကျူး

လူတို့၏ နှလုံးသားထဲတွင် ဘုရားအပေါ်မည်မျှနားလည်သနည်းဆိုသည်က

သူတို့နှလုံးသားထဲတွင် ဘုရားကနေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။

သူတို့နှလုံးသားထဲတွင်ဘုရားကို သိခြင်းအဆင့်က မည်မျှကြီးသည်ဆိုခြင်းက

သူတို့နှလုံးသားထဲတွင်ဘုရားက မည်မျှကြီးမြတ်သည် ဆိုခြင်းပင်ဖြစ်သည်။

သင်သိသည့် ဘုရားက အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေလျှင်

သင်ယုံကြည်သည့် ဘုရားသည်လည်းအနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေမည်ဖြစ်သည်။

သင်သိသည့် ဘုရားသည် သင်၏ကိုယ်ပိုင်နယ်ပယ်မှာသာ ကန့်သတ်ခြင်းခံထားရသည်ဆိုလျှင်

သူက အလွန်သေးငယ်သည့် ဘုရားဖြစ်ပြီးစစ်မှန်သည့် ဘုရားသခင်နှင့် ဘာမျှမသက်ဆိုင်ပေ။

ထို့ကြောင့် ဘုရား၏ အမှန်တကယ်လုပ်ဆောင်ချက်များကို သိခြင်း၊

ဘုရား၏ စစ်မှန်မှုနှင့် သူ၏အတိုင်းအဆမဲ့တန်ခိုးကြီးမားမှုကို သိခြင်း၊

ဘုရားကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာအမှန်ကို သိခြင်း၊သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊

အရာအားလုံးကြားတွင် သူထုတ်ဖော်ပြသခဲ့သည့်အရာကို သိခြင်း၊

ဤအရာများသည် ဘုရားသည် သိမြင်ရန် ကြိုးစားသည့်သူတစ်ယောက်ချင်းစီတိုင်းအတွက် အလွန်အရေးကြီးသည်။

ဤအရာများသည် လူများ သမ္မာတရား၏စစ်မှန်မှုထဲကို ဝင်ရောက်နိုင်မှု

ရှိမရှိအပေါ်တွင် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည်။

သင်က ဘုရားသခင်အပေါ် သင်၏နားလည်မှုကိုစကားလုံးများသက်သက်အဖြစ်သာ ကန့်သတ်ထားလျှင်၊

သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအပေါ်တွင်၊

သင်ရေတွက်သည့် ဘုရား၏ကျေးဇူးတော် သို့မဟုတ် ဘုရားအပေါ် သင်၏

နည်းပါးသော သက်သေခံခြင်းအပေါ်တွင်သာ ကန့်သတ်ထားလျှင်

သင်ယုံကြည်သည့် ဘုရားသခင်သည်

စစ်မှန်သည့်ဘုရားသခင် လုံးဝမဟုတ်ဟု ငါပြောမည်။

သူကိုယ်တော်တိုင်နှင့် သင်ယုံကြည်သည့် ဘုရားသည်

စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီးစစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုလျှင် စစ်မှန်သည့်ဘုရားသည်အရာအားလုံးကို အုပ်စိုးသည့်၊

အရာအားလုံးကြားတွင် လျှောက်သွားသည့်၊အရာအားလုံးကို စီမံသည့်သူဖြစ်သည်။

သူသည် လူသားအားလုံး၏ ကံကြမ္မာကိုချုပ်ကိုင်ထားသည့်သူဖြစ်သည်။

အရာအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။

ငါပြောဆိုနေသည့် ဘုရား၏အမှုနှင့် လုပ်ဆောင်ချက်များသည် လူများ၏

သေးငယ်သည့်အပိုင်းမှာသာ ကန့်သတ်မထားပေ။

ဆိုလိုသည်မှာ လက်ရှိအချိန်၌သူ့နောက်ကိုလိုက်နေသည့်လူများထံ၌သာ ကန့်သတ်မထားပေ။

သူ၏ လုပ်ဆောင်ချက်များသည် အရာအားလုံးအထဲတွင်၊အရာအားလုံး၏ ရှင်သန်ရပ်တည်မှုတွင်၊

အရာအားလုံး၏ ပြောင်းလဲခြင်းနိယာမများထဲတွင်ထုတ်ဖော်ပြသခြင်းခံရသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။