Myanmar Praise Song - ဘုရားသခင်၏ အမှုတော်အားလုံး လက်တွေ့အကျဆုံးဖြစ်ပေ
31.08.2022
ဘုရား၏ အမှုတွင် သူ၏ ဖြစ်ခြင်းကို သူဖော်ပြ။
စီစဉ်ပုံဖော်ဖို့ ဦးနှောက်ခြောက်အောင် သူမစဉ်းစား။
သူပြုသော အမှုသည် အစစ်မှန်ဆုံးအမှု။
အမှုအရာများ ပြောင်းလဲပုံ၊ ခေတ်ကာလအသီးသီး တိုးတက်ပုံပေါ် အခြေခံ။
ဘုရားအမှုပြုလျှင် နာမကျန်းမှုကို ဆေးပေးကုသပေးသလိုပါပဲ။
သူသည် စောင့်ကြည့် လေ့လာ၍ ရလဒ်တွေအတိုင်း ဆက်လက် အမှုပြု။
အဆင့်တစ်ခုစီရှိ အမှုတိုင်း ဘုရားသည် ကြီးမားသော ဉာဏ်ပညာနှင့် တန်ခိုးကို ပြသ။
ထိုခေတ်မှ သူပြန်ခေါ်ဆောင်ခဲ့သူအားလုံးကို
သူ၏ စိတ်သဘောထား အလုံးစုံကို မြင်တွေ့ခွင့်ပေး။
စာတန်ကြောင့် ပျက်စီးနေပုံအပေါ်မူတည်၍ ဘုရားသည် ခေတ်တစ်ခုစီ၌ သူ့အမှုနှင့်အညီ
လူတို့လိုအပ်ချက်ကို ထောက်ပံ့။
ကမ္ဘာကို ဖန်ဆင်းကတည်းက သူအမှုသစ်ပြုခဲ့၊ ဘယ်အမှုမှ ထပ်မလုပ်ဖူးပေ။
စာတန်သည် ကျိတ်ကြံ၍ လူကို ဖောက်ပြန်ပျက်စီးစေချိန်တွင်
ဘုရားသည် သူ၏ ပြောင်မြောက်သော အမှုကို ထပ်တလဲလဲ ဆောင်ရွက်နေ။
သူသည်ကမ္ဘာကို ဖန်ဆင်းကတည်းက ဘယ်တော့မှ မရှုံးနိမ့်၊ အမှုပြုခြင်းလည်း မရပ်တန့်။
လူကိုစာတန် အကျင့်ပျက်စီးစေခဲ့ပြီး ရန်သူကို အနိုင်ယူဖို့
လူတို့ထဲ၌ ဘုရားဆက်လက်အမှုပြုခဲ့၊
ကမ္ဘာဆုံးသည့်တိုင် ဒီစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမည်
ဒီအမှုအားလုံး လုပ်ဆောင်ခြင်းဖြင့် လူတို့ထံ ကြီးမြတ်သောကယ်တင်ခြင်း ယူဆောင်ပေးကာ
သူ၏ ဉာဏ်ပညာ၊ ဩဇာအာဏာနှင့် အနန္တတန်ခိုးကို မြင်ခွင့်ပေး။
အဆုံးတွင် သူသည် ဆိုးယုတ်သူကို အပြစ်ပေး၊ ကောင်းမြတ်သူကို ဆုလာဘ်ပေးကာ
သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မြင်ခွင့်ပေးမည်။
စာတန်၏ အကြံအစည်အပေါ် မူတည်၍ သူ၏ ဉာဏ်ပညာကို အသုံးပြု။
စာတန်၏ စစ်ပွဲတွင် သူဘယ်တော့မှ မရှုံးနိမ့်။
ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိသမျှကို သူ၏ ဩဇာအာဏာကို ကျိုးနွံစေ။
မြေကြီးပေါ်ရှိ အရာခပ်သိမ်းကို သူ၏ ခြေတင်ခုံအောက်တွင် ထားရှိ၍
လူတို့အား ဆိုးယုတ်စွာ ကျူးကျော်နှောင့်ယှက်သူများ
သူ၏ပြစ်တင်ဆုံးမမှုအတွင်း ကျရောက်စေ။
ဘုရား၏အမှုအားလုံးမှ ရရှိသော အသီးအပွင့်များ သူ၏ဉာဏ်ပညာကြောင့် ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ