Myanmar Christian Song (အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ)
17.08.2018
ဘုရား လူကို ဖန်ဆင်း
လူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊
သူ့နောက်သို့ လိုက်သည်ဖြစ်စေ
ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ
သူ၏အချစ်ဆုံးမိသားစုဟုလည်း ဆိုနိုင်
လူဟာ သူ့အတွက် အရုပ်လေးမဟုတ်
သူသည် ဖန်ဆင်းရှင်၊ လူသည် သူ့ဖန်ဆင်းခြင်းလက်ရာတော်
အဆင့်အတန်းကွဲပြားသည် ထင်ရ
သို့သော် လူတွေအဖို့ ဘုရားပြုမူသမျှ လူနှင့်ဘုရားဆက်ဆံရေးထက်ကျော်လွန်
ဘုရား လူကိုချစ်ခင်စောင့်ရှောက်ကာ စိုးရိမ်ကြောင့်ကြပေးနေ
မမောမပန်း လူတွေကို သူပေးနေ
အပိုအလုပ်ဟူ၍ လုံးဝမမြင်
ချီးကျူးဂုဏ်ပြုမှုလည်း သူမလိုလား
လူကိုကယ်တင်ခြင်း၊ သူတို့အား
ထောက်ပံ့ခြင်းနှင့်ရှိသမျှပုံပေးခြင်းသည်
သူတို့အတွက် ပေးကမ်းမှုကြီးလို့ သူမမှတ်ယူ
သူ ့နည်းသူ ့ဟန်ဖြင့်
သူ့သဘောသဘာဝအလျောက်
လူတွေကို တိတ်ဆိတ်စွာ သူဖြည့်ဆည်းပေးနေ
လူတွေ သူ့ဆီက ဘယ်လောက်ရရ
အသိအမှတ်ပြုမှု ဘုရားမတောင်းဆို
ဒါ သူ့သဘောသဘာဝပါ
ဒါ သူ့စိတ်ရင်းအမှန်ပေတည်း
သူသည် ဖန်ဆင်းရှင်၊ လူသည် သူ့ဖန်ဆင်းခြင်းလက်ရာတော်
အဆင့်အတန်းကွဲပြားသည် ထင်ရ
သို့သော် လူတွေအဖို့ ဘုရားပြုမူသမျှ လူနှင့်ဘုရားဆက်ဆံရေးထက်ကျော်လွန်
ဘုရား လူကိုချစ်ခင်စောင့်ရှောက်ကာ စိုးရိမ်ကြောင့်ကြပေးနေ
မမောမပန်း လူတွေကို သူပေးနေ
အပိုအလုပ်ဟူ၍ လုံးဝမမြင်
ချီးကျူးဂုဏ်ပြုမှုလည်း သူမလိုလား
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ