
Myanmar Christian Skit - ဒါကို ငါလက်မှတ်ထိုးမှာ မဟုတ်ဘူး
10.03.2022
ယုဟွေဖန်းသည် ယုံကြည်ခြင်းရှိကာ ဧဝံဂေလိဝေမျှသည့်အတွက် အဖမ်းခံရပြီး ထိန်းသိမ်းခံခဲ့ရသည်၊ သို့သော် သူမ လွတ်လာပြီးသည့်နောက်တွင်ပင်၊ တရုတ်ကွန်ုမြူနစ်ပါတီက သူမကို ဤအတိုင်း ထားမည်မဟုတ်ပါ။ ၎င်းတို့သည် သူမအိမ်သို့ စဉ်ဆက်မပြတ် ဆက်ပေါ်လာကြပြီး၊ သူမကို သတိပေးကာ နှောင့်ယှက်ရင်း ဖုန်းဆက်ကြလေသည်။ ထိုသို့ဖြင့် တစ်နေ့တွင်၊ သူမ၏ မြေးမလေးတစ်ဦးက စစ်တက္ကသိုလ်လျှောက်နေပြီး၊ အခြားမြေးမလေးက ပြည်သူ့ အစိုးရငှာနအတွက် လျှောက်နေသည့် သတင်းကို ရလေသည်၊ တရုတ်နိုင်ငံတွင် အကောင်းဆုံး အလုပ်အကိုင် လမ်းကြောင်းများထဲမှ နှစ်ခု ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ နိုင်ငံရေး စစ်ဆေးချက်များအပေါ် တရားဝင် ထောက်ခံချက် တံဆိပ်တုံးများ လိုအပ်လေသည်။ ရဲများက ယုဟွေဖန်းအား သူမ၏ ယုံကြည်ချက်ကို စွန့်လွှတ်ရင်း၊ နောင်တရကြောင်း စာတစ်စောင်ကို အတင်းလက်မှတ်ထိုးစေဖို့ မိသားစုကို ဖိအားပေးရန် ဤကလေးမလေးများ၏ အနာဂတ်များကို အသုံးချကြလေသည်- လက်မှတ်မထိုးပါက တံဆိပ်တုံးရမည်မဟုတ်သည့် သဘောဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ အနိုင်ကျင့်ခံရကာ သူမ မိသားစု၏ တောင်းဆိုခြင်းခံရလျက်၊ ယုဟွေဖန်းသည် ဤအရာကို မည်သို့ ကျော်ဖြတ်သနည်း။ “ဒါကို ငါလက်မှတ်ထိုးမှာ မဟုတ်ဘူး”ဟူသည့် ပြဇာတ်တိုတွင် လေ့လာတွေ့ရှိရပါလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ