Myanmar Testimony Video - ကြွားဝါပြီးနောက် သင်ယူခဲ့ရသော ကြမ်းတမ်းသည့် သင်ခန်းစာတစ်ခု
16.06.2022
အသင်းတော်ခေါင်းဆောင်ဖြစ်တဲ့ သူဟာ သူဘယ်လောက်ဒုက္ခခံခဲ့ပုံ၊ ဘယ်လောက်စွန့်လွှတ်ပေးဆပ်ခဲ့ပုံနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အသုံးပြုတဲ့နေရာမှာ သူဘယ်လောက်တော်ပုံတို့ကို အမြဲ ကြွားလုံးထုတ်နေခဲ့တာပါ။ ဒါတွေအားလုံးက ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် အားထုတ်မှုပါပဲ။ ရလဒ်အနေနဲ့ အသင်းသား အတော်များများဟာ ဘုရားသခင်နဲ့အတူ ရှာဖွေရမဲ့အစား သူ့ကိုသာ လွန်လွန်ကဲကဲ ချီးကျူးကြပြီး သူတို့ပြဿနာတွေကို ကူရှင်းပေးဖို့ သူ့ကိုသာ အားကိုးကြပါတော့တယ်။ လုံခြုံရေး စိုးရိမ်ရမှုတွေကြောင့် သူ့တာဝန်ကို ရပ်ထားရတဲ့ အချိန်မှာတောင် သူနဲ့လက်တွဲလုပ်နေခဲ့တဲ့ ညီအစ်မဟာ အလုပ်က ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သူ့အကူအညီကို တောင်းဖို့အတွက် သူ့ဆီ အရဲစွန့်ပြီး ရောက်လာတဲ့အထိပါပဲ။ နောက်တော့ သူဟာ လူတွေကို ဘုရားရှေ့ဆီ ခေါ်သွားရမဲ့အစား သူ့ရှေ့ရောက်အောင် ခေါ်နေမိတယ်ဆိုတာနဲ့ တာဝန်ထမ်းရာကနေ သူရပ်တန့်လိုက်ရအောင်လို့ ဘုရားက ဒီအခြေအနေကို ချထားပေးတာပဲ ဆိုတာကို နောက်ဆုံးမှာ သူသဘောပေါက်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မှုကနေတစ်ဆင့် ဆိုးယုတ်တဲ့ သူ့စိတ်သဘောထားနဲ့ပတ်သက်လို့ ဘာတွေကို သူသင်ယူရပါသလဲ။ လက်တွေ့ကျတဲ့ ဘယ်လိုဝင်ရောက်မှုမျိုးနဲ့ ပြောင်းလဲမှုမျိုးတွေကို သူတွေ့ကြုံရပါသလဲ။ သူပြောတာကို ကြည့်ကြရအောင်လား။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ