အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

2019 Myanmar Praise Song (ဘုရားနှင့် အကျွမ်းဝင်ခြင်း) | Praise the Love of God

ကောင်းကင်နိုင်ငံတော် ရုပ်ရှင် ဇာတ်လမ်းတွဲများ   1555  

မိတ်ဆက်ခြင်း

2019 Myanmar Praise Song (ဘုရားနှင့် အကျွမ်းဝင်ခြင်း) | Praise the Love of God

အို ဘုရား၊ ကိုယ်တော်အား ဖွင့်ဟလိုတာ

ကျွန်ုပ်ရင်ထဲ သိပ်များလွန်းတယ်၊

ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်နှလုံးသားတံခါး ပွင့်၊

ကိုယ်တော်၏ အသံတော်ကို ကျွန်ုပ် ကြားရ

ကိုယ်တော်၏နှုတ်ကပတ်တော်သည် စမ်းရေပမာ

ကျွန်ုပ်နှလုံးသားကို အာဟာရပေးသော သမ္မာတရားပါ၊

ကိုယ်တော်၏ နှုတ်ကပတ်တော်ကို အောက်မေ့လျက်

ကျွန်ုပ်နှလုံးသား ငြိမ်သက်၊ ဝမ်းမြောက်၊ ငြိမ်ဝပ်၊ ရွှင်လန်း

ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ ရှင်သန်ခြင်းဖြင့်

သမ္မာတရားကို ကျွန်ုပ် ယခု နားလည်၊

ကိုယ်တော်သည် ဖြောင့်မတ်၊ သန့်ရှင်းသူ၊

စစ်မှန်သောချစ်ခြင်းကိုယ်တော်၏ နှုတ်ကပတ်တော်ထဲမှ ကျွန်ုပ်သိရှိ၊

ကိုယ်တော်၏ချစ်ဖွယ်ကောင်းမှုကို ကျွန်ုပ် ခံစား၊

ကိုယ်တော် အလွန်မြတ်နိုးထိုက်ပေ၊

ယုံကြည်ခြင်း၌ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်ခံစားရပြီ၊

ကိုယ်တော်နှင့် ကျွန်ုပ် သာ၍နီးကပ်၊

အို ဘုရား၊ ကိုယ်တော်၏နှုတ်ကပတ်တော်

ကျွန်ုပ်နှလုံးသားထဲ ဆူးနစ်ဝင်ရောက်၊

အကျည်းတန်သော ကျွန်ုပ်ဝိညာဉ်ကို လှစ်ပြသည်၊

စာတန်၏စိတ်သဘောထားနှင့် ကျွန်ုပ် ပြည့်နှက်နေပြီး မောက်မာ၊

ခက်ထန်လျက် ကိုယ်တော်ကို အကြိမ်ကြိမ် လိမ်ညာ လှည့်ဖြား၊

လွန်စွာ ဖောက်ပြန်၊ မျှော်လင့်ချက်လွန်ကျူးသော ကျွန်ုပ်

ကိုယ်တော်နှင့် အပေးအယူလုပ်သည်

ထိုသို့မရှိရင် ကိုယ်တော်ကို ဆန့်ကျင်သောကြောင့် ကျွန်ုပ် ငရဲကျမည်

ကိုယ်တော်၏ စစ်ကြောခြင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေ၍ ကယ်တင်

ကိုယ်တော့်နောက်ဆုံးနေ့များ၏ သမ္မာတရားများမရှိဘဲ

ကျွန်ုပ်ယုံကြည်ခြင်း အချည်းနှီး ဖြစ်လိမ့်မည်

နောက်ဆုံးသောနေ့ရက်များ ၌ စီရင်ခြင်းသည် ဆိုးယုတ်၊

ဖောက်ပြန် တတ်သော လူသားများ အတွက် အဓိပ္ပာယ်ရှိသည်ကို ကျွန်ပ်မြင်ပါသည်။

ကိုယ်တော်၏သမ္မာ တရားနောက်သို့လိုက် ရန်၊

သန့်ရှင်းစင်ကြယ်စေရန်နှင့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို ပေးဆပ်ရန် ဆုံးဖြတ်လိုက်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ


အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ