Myanmar stage drama - ဉာဏ်ပညာရှိသော ရွေးချယ်မှုတစ်ခုး | A Christian's True Testimony

13.11.2021

လီမင်ကျိသည် ဒေသခံမြို့နယ်အစိုးရ၏ အမာခံအဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးနောက်တွင်၊ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ရှုပြီး သမ္မာတရားအချို့ကိုနားလည်ပြီးနောက်တွင် ဤနှစ်ကာလများတစ်လျှောက် ကွန်မြူနစ်ပါတီအတွင်း သူ၏အလုပ်အပေါ် စတင်သုံးသပ်လာသည်။ သူသည် မကောင်းမှုများလုပ်ရာ၌၊ စာရိတ္တပျက်ပြားခြင်း၊ ပျက်စီးခြင်းလမ်းကို လျှောက်ရာ၌ ကွန်မြူနစ်ပါတီနောက်သို့လိုက်ခဲ့သည်။ သူသည် နောက်ပြန်မလှည့်လျှင် ငရဲသို့ကျဆင်းပြီး အပြစ်ဒဏ်ပေးခံရဖို့သေချာသည်ကို နားလည်သဘောပေါက်သွားသည်။ ဘုရားသခင်ထံဆုတောင်းခြင်း၊ သမ္မာတရားကို အားထုတ်ခြင်းအားဖြင့် သူ၏အလုပ်မှထွက်ပြီး သူ့ကိုယ်သူဘုရားသခင်အတွက် အသုံးခံရန် သူ၌ရှိသမျှအရာရာတိုင်းကို ပေးဆပ်ရန်အတွက် သူ၏ ယုံကြည်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုကို သန်မာစေသည်။ ထို့နောက်တွင် သူသည် သူ၏အမျိုးသမီးချန်းလီအားပြောပြသည်။ သူ၏ အမျိုးသမီးသည် သူအလုပ်ထွက်ရန်ဆုံးဖြတ်ချက်အား ပြတ်ပြတ်သားသားဆန့်ကျင်လာသည်။ သူ့အား ကြိမ်းမောင်းပြောဆိုရန်၊ သူ၏ ယုံကြည်မှုကို စွန့်လွှတ်ပြီး ကွန်မြူနစ်ပါတီနှင့်အတူ သူ၏ အသက်မွေးမှုလမ်းကြောင်းကို ဆက်လက်လုပ်ကိုင်ရန် ဖိအားပေးဖို့အတွက် သူမသည် သူမ၏ မွေးချင်းများအား ခေါ်သည်။ လီမင်ကျိသည် သူချစ်ခင်ရင်းနှီးသောသူတို့၏ ဝိုင်းဝန်းခြင်းကို ခံရပြီး သူသည် ၎င်းတို့နှင့် ပြင်းထန်သောငြင်းခုံမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆုံးတွင် သူသည် မည်သည့်ရွေးချယ်မှုကို ပြုလုပ်သနည်း။ ဉာဏ်ပညာရှိသော ရွေးချယ်မှုတစ်ခု တွင် အဖြေရှာကြည့်ကြပါစို့။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်