အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

Myanmar Christian Movie 2019 (ကွန်မြူနစ်ဝါဒ၏ မုသားများ)

ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု   2712  

မိတ်ဆက်ခြင်း

ကွန်မြူနစ်ဝါဒ၏ အလိမ်အညာများဆိုသည့် ခရစ်ယာန်ရုပ်ရှင်တစ်ခုသည် တရုတ်ကွန်မြူနစ်ပါတီမှ ခရစ်ယာန်များအပေါ်အသုံးပြုသည့် အယူဝါဒရိုက်သွင်းခြင်းကို တိကျစွာ ထင်ဟပ်စေသည်။ ကျန်းမင်ဒေါင်နှင့် အခြားခရစ်ယာန်ခုနှစ်ယောက်ကို ဖမ်းဆီးပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် သူတို့အပေါ်တွင် ရက်စက်ပြီး လူမဆန်သည့် နှိပ်စက်မှုတို့ ပြုလုပ်ခဲ့သည်။ သူတို့သည် ဘုရားသခင်ကို အမှီပြုပြီး ခိုင်မာစွာ သက်သေခံခဲ့ကြသည်။ ဘုရားသခင်အား သစ္စာဖောက်ရန် ဝန်ခံစာတစ်ခုကို သူတို့အား လက်မှတ်ထိုးဖို့ အဓမ္မကြိုးစားမှုတစ်ခုတွင် တရုတ်ကွန်မြူနစ်ပါတီ အရာရှိများ၊ လူမှုသိပ္ပံကျောင်းမှ ပါမောက္ခတစ်ယောက်၊ ရဲသင်တန်းကျောင်းဆရာများ၊ စိတ်ပညာကျွမ်းကျင်တစ်ယောက်နှင့် သင်းအုပ်ဆရာများသည် အလှည့်ကျ ကြိုးပမ်းကြသည်။ သူတို့သည် ခရစ်ယာန်ရှစ်ယောက်ကို အယူဝါဒရိုက်သွင်းရန်အတွက် ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒ၊ သိပ္ပံ၊ ရိုးရာတရုတ်ယဉ်ကျေးမှု၊ ကောလာဟလများနှင့် လိမ်ညာမှုမျိုးစုံတို့ဖြင့် ဖြေရှင်းကြသည်။ ဤ လက်နက်မပါသည့် စစ်ပွဲတွင် ကျန်းမင်ဒေါင်နှင့်အခြားလူများသည် တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့်ရင်ဆိုင်ရသည့် ပြင်းထန်သည့်တိုက်ပွဲတွင် ဘုရားသခင်ကိုအမှီပြုပြီး သမ္မာတရားကို အသုံးပြုကြသည်။ အဆုံးတွင် သမ္မာတရားသည် အလိမ်အညာများကို အောင်နိုင်ပြီး တရားမျှတမှုသည် ဆိုးယုတ်မှုအား ကျော်လွှားခဲ့သည်။


Watch More Myanmar Christian Movies for Free:

Myanmar Christian Video (ဘုရားသခင်၏ ကွယ်ကာမှုနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာ)

Myanmar Christian Movie (အပြန်အလှန်စကားပြောဆိုခြင်း)


အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ