Myanmar Gospel Crosstalk (အသင်းတော်မှာရှိတဲ့ အန္တိခရစ်တစ်ယောက်)
12.11.2024
အစ်ကိုလီသည် အိမ်တွင်းအသင်းတော်သို့ တက်ရောက်သော ယုံကြည်သူတစ်ဦးဖြစ်သည်။ သူနှင့် သူ၏ ညီအစ်ကိုမောင်နှမများက မှန်သောလမ်းခရီးကို စူးစမ်းစဉ်တွင် သူတို့၏ သင်းအုပ်ဆရာက မှန်သောလမ်းခရီးကို ယုံကြည်သူများက ရှာဖွေစူးစမ်းခြင်းအား နှောင့်ယှက်ပြီး တားဆီးရန် “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးက ကျမ်းစာထဲမှာရှိတယ်။ ကျမ်းစာပြင်ပက ဘယ်ဟာမဆို မိစ္ဆာဒိဋ္ဌိအယူပဲ”၊ “သခင်က လူ့ဇာတိခံယူထားတဲ့ ဇာတိပကတိနဲ့ ပြန်ကြွလာတယ်လို့ တရားဟောတဲ့ ဘယ်သူမဆို မှားတယ်”ဟု ဆိုသည်။ သခင်ယေရှုက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဟု ရှင်းလင်းစွာ ပြောခဲ့သည်။ ဗျာဒိတ်ကျမ်းကလည်း “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) ဟု ပရောဖက်ပြုခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ ပြန်ကြွလာမည်။ လူတို့သည် သခင့်ခြေလှမ်းများကို အမီလိုက်နိုင်ရန်အတွက် သခင့်အသံကို အာရုံစိုက်နားထောင်ရမည်။ ဤသို့ဆိုလျှင် သူတို့၏ သင်းအုပ်ဆရာသည် အဘယ်ကြောင့် သခင့်စကားများကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်ပြီး ယုံကြည်သူများက သခင့်ကို ကြိုဆိုခြင်းအား တားဆီးရန် ကြိုးပမ်းသနည်း။ အဖြေများအတွက် အသင်းတော်မှာရှိတဲ့ အန္တိခရစ်တစ်ယောက်ဟူသည့် ဟာသပြဇာတ်ကို ကြည့်ပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ