Myanmar Christian Song - ဘုရားသခင်ရှေ့တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေရန် သင် ဂရုစိုက်သင့်သည်

12.07.2023

ဘုရားရှေ့၌ အမှန်တကယ် ငြိမ်သက်သော နှလုံးသားမှာ

လောကကြီး၊ လူပုဂ္ဂိုလ်၊ လုပ်ဆောင်ချက်၊ အမှုအရာ

ဒါတွေကြောင့် သောကရောက်မသွားဘူး။

ဘုရားရှေ့မှောက် ငြိမ်သက်စွာ နေပါ။

အပျက်သဘောဆောင်သော

အယူအဆများ၊ မကောင်းသောအတွေးများ၊

မှားယွင်းသော နှောင်ဖွဲ့ခြင်းများ၊ ပျောက်ကွယ်လို့သွား။

ဘုရားရှေ့၌ ငြိမ်သက်နေလော့။

ဘုရားရှေ့တွင် ငြိမ်သက်နေလော့။

နှုတ်ကပတ်တော်ကို နှစ်သက်စွာ စားသောက်လော့၊

ဓမ္မတေးများ သီဆိုကာ နာမတော်ကို ချီးမွမ်းကြလော့။

သင့်အပေါ် အမှုပြုရန် ဘုရားကို အခွင့်ပေးလော့၊ ပေးလော့၊

သင့်ကို ဘုရားသခင် စုံလင်စေလိုသည်

သင့်နှလုံးသားကို ဘုရားသခင် ရယူလိုသည်၊

ဘုရား၏ဝိညာဉ်တော် သင့်နှလုံးသားကို လှုပ်ရှားစေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအတိုင်း

ဘုရားရှေ့မှောက် အသက်ရှင်ပါ၊

ဘုရားသခင်ကို ကျေနပ်စေလိမ့်မည်။

ကိုယ်တော်ရှေ့၌ ငြိမ်သက်နေလော့။

ဘုရား၏နှုတ်ကပတ်တော်ကို သင်သည်

အစဉ် အောက်မေ့နေသောကြောင့်

သင့်နှလုံးသား ကိုယ်တော်နှင့် နီးကပ်လျက်ရှိ

ယနေ့ ဘုရား၏ နှုတ်ကပတ်တော်အလုံးစုံနှင့် သင်၌ ပြည့်နှက်၏

အပြုသဘောဆောင်သော အမှုအရာသစ်များက

စိတ်ကူးအတွေးဟောင်းများနှင့်

လက်တွေ့လုပ်ဆောင်မှုအတွက် နေရာမပေး။

အပျက်သဘောများကို နားမထောင်နဲ့၊

ကြိုးစားထိန်းသိမ်းရန် မလိုအပ်ပေ

နှုတ်ကပတ်တော်၌ တိုး၍ အသက်ရှင်လျက် ဝေမျှကြလော့။

ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံယူလော့။

ထိုသို့ ပြုလျှင် သင့်အယူအဆများနှင့်

မာနများ ကွယ်ပျောက်လိမ့်မည်

ဘယ်လို ရှိသမျှ ပေးအပ်ရမည်၊

ဘုရားကို ဘယ်လို ချစ်၍ ကျေနပ်စေရမည်ကို သိလာကာ

ဘုရားမဆက်နွှယ်သောအရာများအားလုံးကို မသိလိုက်ဘဲ

မေ့ပျောက်သွားလိမ့်မည်

ဘုရားရှေ့တွင် ငြိမ်သက်နေလော့။

နှုတ်ကပတ်တော်ကို နှစ်သက်စွာ စားသောက်လော့၊

ဓမ္မတေးများ သီဆိုကာ နာမတော်ကို ချီးမွမ်းကြလော့။

သင့်အပေါ် အမှုပြုရန် ဘုရားကို အခွင့်ပေးလော့၊ ပေးလော့၊

သင့်ကို ဘုရားသခင် စုံလင်စေလိုသည်

သင့်နှလုံးသားကို ဘုရားသခင် ရယူလိုသည်၊

ဘုရား၏ဝိညာဉ်တော် သင့်နှလုံးသားကို လှုပ်ရှားစေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအတိုင်း

ဘုရားရှေ့မှောက် အသက်ရှင်ပါ၊

ဘုရားသခင်ကို ကျေနပ်စေလိမ့်မည်။

ကိုယ်တော်ရှေ့၌ ငြိမ်သက်နေလော့။

ဘုရားရှေ့မှောက် အသက်ရှင်ပါ၊

ဘုရားသခင်ကို ကျေနပ်စေလိမ့်မည်။

ကိုယ်တော်ရှေ့၌ ငြိမ်သက်နေလော့။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဉ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။