Christian Movie | လှည့်စားတတ်ခြင်းကို ဖြေရှင်းပြီး ရိုးသားသူတစ်ဦး ဖြစ်လာရန်နည်းလမ်း (အသားပေးပြသချက်များ)

17.02.2020

သခင်ယေရှုက၊ "ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ" (ရှင်မဿဲ ၁၈:၃) ဟု မိန့်တော်မူသည်။ ခရစ်ယာန်တစ်ဦးဖြစ်သူ ချင်နူသည် ရိုးသားသည့်လူတစ်ဦးဖြစ်ရန် ရှာဖွေခြင်းကို လုံးဝ မရပ်တန့်ပါ။ ဘုရားသခင်၏ အမှုတော်ကို နှစ်ကာလအချို့ကြုံရပြီးနောက်၊ မုသားများကို သူမ ပြောဆိုသည်မှာ အကြိမ်ရေ များစွာ လျော့နည်းလာပြီး ဒုက္ခဝေဒနာ ခံစားလျက်၊ သူမကိုယ်သူမ အသုံးတော်ခံလျက်ဖြင့် အသင်းတော်အတွက် နံနက်စောစောမှသည် ညည့်နက်အထိ အလုပ်လုပ်လေသည်။ သူမက ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် ရိုးသားသော လူတစ်ဦးအဖြစ် သူမကိုယ်သူမ တွေးထင်သည်။ သို့သော်၊ ကံအကြောင်းမလှသည့် မတော်တဆမှုတစ်ခုတွင် သူမ၏ အမျိုးသားက ဆိုးရွားစွာ ဒဏ်ရာရသောအခါ၌ သူမနှလုံးသားထဲတွင် ဘုရားသခင်နှင့် ဆိုင်သည့် အထင်လွဲမှားမှုနှင့် မကျေနပ်ခြင်းများ စတင်ဖြစ်ထွန်းလာပြီး သူမ၏ တာဝန်ကို ထမ်းဆောင်ရန် သူမ၏ စိတ်ဆန္ဒ ပျောက်ဆုံးသွားသည်။ ဘုရားသခင်မှ သူမအား စစ်ဆေးခြင်း နှင့် ဖော်ထုတ်ခြင်းမှတဆင့်၊ ချင်နူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး သူမကိုယ်သူမ ဆင်ခြင်လေသည်။ ယုံကြည်သူတစ်ဦးဖြစ်လာကတည်းက သူမသည် လိမ်ညာမှု အကြိမ်ရေ လျော့နည်းလာသော်လည်း ကောက်ကျစ်မှု နှင့် လှည့်စားမှုတို့က သူမ၏ စိတ်နှလုံးအတွင်းတွင် ရှိနေဆဲဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်အတွက် သူမကိုယ်သူမ အသုံးတော်ခံခြင်းသည် ကောင်းကြီးများ၊ ဆုလာဘ်များ ရှာဖွေလျက် ဘုရားသခင်နှင့် အပေးအယူတစ်ခုပြုလုပ်ရန်အတွက်ဖြစ်ခဲ့သည်။ သူမ၏ တစ်ကိုယ်ကောင်းဆန်သည့်၊ လှည့်စားတတ်ပြီး ဆိုးယုတ်သည့် စိတ်သဘောထားသည် နက်နက်ရှိုင်းရှိုင်း ခိုင်မာစွာ အမြစ်တွယ်နေဆဲဖြစ်ပြီး သူမသည် ဘုရားသခင်ထံသို့ ဝမ်းမြောက်ခြင်း ဆောင်ကျဉ်းပေးသည့် ရိုးသားသော လူတစ်ဦး မဟုတ်ပါ။ နောက်ပိုင်းတွင်၊ သူမသည် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သူမ၏ လှည့်ဖြားတတ်သည့် သဘာဝနှင့်ဆိုင်သော သိနားလည်မှုတစ်ခု ရရှိပြီး ရိုးသားသော လူတစ်ဦးနှင့် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦးဖြစ်လာဖို့ လမ်းကြောင်းတစ်ခုကို တွေ့ရှိလေသည်.........

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။