Myanmar Gospel Movie Trailer - အစွဲချွတ်ခြင်း

29.02.2024

ဖူဂျင်းဟွာသည် တရုတ်နိုင်ငံရှိ အိမ်တွင်းအသင်းတော်တစ်ခုမှ အကြီးအကဲတစ်ဦးဖြစ်သည်။ သူမသည် သခင့်ကို နှစ်ချီယုံကြည်ခဲ့ပြီး သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းထားခြင်းဖြစ်သည်ဟုလည်းကောင်း၊ သမ္မာကျမ်းစာထဲရှိ စကားလုံးများအားလုံးသည် ဘုရားနှုတ်ကပတ်တော်များဖြစ်သည်ဟုလည်းကောင်း၊ သခင့်ကိုသာ ယုံကြည်ပြီး သမ္မာကျမ်းစာကိုသာ လိုက်နာဖို့ လိုအပ်သည်ဟုလည်းကောင်း၊ သခင် မိုးတိမ်စီးပြီး ကြွဆင်းလာသည့်အချိန်တွင် သူမသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခြင်းခံရမည်ဟုလည်းကောင်း အစဉ်သဖြင့် ယုံကြည်ခဲ့သည်။ သို့သော်လည်း သူမ၏ လုပ်ဖော်ဆောင်ဖက်များက သူမထံ သံသယစိတ်များ ထည့်ပေးကြသည်။ သွေးလလေးလုံးထွက်ပေါ်ပြီးဖြစ်ကာ သခင်ကြွလာခြင်းနှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များ ပြည့်စုံပြီးဖြစ်လေသည်။ သခင် ပြန်ကြွလာပြီးဖြစ်သည်မှာ သိသာသော်လည်း သူမိုးတိမ်စီး ကြွဆင်းလာသည့်အချိန်က ကျွန်ုပ်တို့ အဘယ်ကြောင့် သူ့ကို မကြိုဆိုလိုက်ရသနည်း။...အနည်းငယ် ဆင်ခြင်သုံးသပ်ပြီးသည့်နောက်တွင် ဖူဂျင်းဟွာသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေပြီး စုံစမ်းလေ့လာရန် ဆုံးဖြတ်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထံမှ သက်သေခံသူများ၏ မိတ်သဟာယနှင့် စကားရည်လုခြင်းများမှတစ်ဆင့် ဖူဂျင်းဟွာသည် နောက်ဆုံးတွင် ကောင်းကင်နိုင်ငံတော်သို့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီး နှစ်ပေါင်းများစွာ ရှိခဲ့သော “အစွဲ” ကျွတ်သွားခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သူမ လက်ခံလိုက်သည်။ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ချီဆောင်ခြင်းခံရပြီး သိုးသငယ်၏ မင်္ဂလာဆောင်စားပွဲကို တက်ရောက်လေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဉ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။