
Myanmar Praise Song With Lyrics - နှုတ်ကပတ်တော်၌ မွေ့လျော်သူများ မင်္ဂလာရှိကြ၏
09.05.2020
၁
ဘုရားရဲ့ကြည့်ရှုမှု လက်ခံရရှိလိုသူများသည်
ဘုရားအကြောင်း လေ့လာမှတ်သားသူများဖြစ်
ထိုသူတို့ သည် နှုတ်ကပတ်တော်ကို လက်ခံလိုကြ
ဘုရားရဲ့အမွေနှင့်ကောင်းချီးများ ပိုင်ဆိုင်ကြလိမ့်မည်
ထိုသူတို့ မင်္ဂလာရှိဆုံးသူများဖြစ်ကြ
သူ့အတွက် နေရာမပေးသူများ ဘုရားသခင်ကျိန်ဆို
ထိုသူတို့ကို ဘုရားသခင် ပြစ်တင်ဆုံးမ ပစ်ပယ်
ဘုရားရဲ့အမှုတော်အလုံးစုံ လူတို့ ခုံမင်လျှင်
ဘုရားရဲ့ဉာဏ်အလင်းပေးခြင်းကို မြတ်နိုးလျှင်
မျက်မှောက်တော်ကို နှစ်သက်စွဲလမ်း၊
ဘုရားရဲ့ကွယ်ကာမှုကို တန်ဖိုးထားလျှင်
ခပ်သိမ်းသောနှုတ်ကပတ်တော်ကို သင့်လက်တွေ့အရှိတရားနှင့်
ဘဝအထောက်အပံ့အဖြစ် ရင်ဝယ်ပိုက်လျှင်
သင်သည် ဘုရား၏စိတ်တော်နှင့်ထပ်တူဖြစ်လိမ့်မည်
သင့်အပေါ် ဘုရားပြုသောအမှုအားလုံး နှစ်သက်မြတ်နိုးလျှင်
သူ သင့်ကို ကောင်းချီးပေး၍ သင်၏ဥစ္စာ တိုးပွားလိမ့်မည်
၂
နှုတ်ကပတ်တော်ကို လိုက်နာစောင့်ထိန်းသူတို့၌ ဘုရား အလုပ်လုပ်
နှုတ်ကပတ်တော်ကို မြတ်နိုးသူတို့၌ ဘုရား အလုပ်လုပ်
နှုတ်ကပတ်တော်ကို တန်ဖိုးထားလေ၊ ဘုရား အလုပ်ပို လုပ်လေ
လူဟာ နှုတ်ကပတ်တော်ကို တန်ဖိုးထားလေ၊
ထိုသူ၌ စုံလင်ခြင်းရှိဖို့ အခွင့်အလမ်း ပိုများလေ
သူ့အား စစ်မှန်စွာ ချစ်သောသူတို့ကို ဘုရားသခင် စုံလင်စေ
ဘုရားရှေ့တော်၌ ထိုသူတို့စိတ်နှလုံး ငြိမ်သက်ခြင်းရှိ
ဘုရားရဲ့အမှုတော်အလုံးစုံ လူတို့ ခုံမင် လျှင်
ဘုရားရဲ့ဉာဏ်အလင်းပေးခြင်းကို မြတ်နိုးလျှင်
မျက်မှောက်တော်ကို နှစ်သက် စွဲလမ်း၊
ဘုရားရဲ့ကွယ်ကာမှုကို တန်ဖိုးထားလျှင်
ခပ်သိမ်းသောနှုတ်ကပတ်တော်ကို
သင့်လက်တွေ့အရှိတရားနှင့်
ဘဝအထောက်အပံ့အဖြစ် ရင်ဝယ်ပိုက်လျှင်
သင်သည် ဘုရား၏စိတ်တော်နှင့် ထပ်တူဖြစ်လိမ့်မည်
သင့်အပေါ် ဘုရားပြုသောအမှုအားလုံး နှစ်သက်မြတ်နိုးလျှင်
သူ သင့်ကို ကောင်းချီးပေး၍ သင်၏ဥစ္စာ တိုးပွားလိမ့်မည်
၃
နှုတ်ကပတ်တော်ကို လက်တွေ့အသုံးချဖို့၊
ဘုရားကို ကျေနပ်စေဖို့၊ ဘုရား၏စိတ်တော်နှင့်ထပ်တူဖြစ်စေပါ
ကျေးဇူးတော် ခံစားရဖို့သာ ကြိုးပမ်းရုံမဟုတ်ဘဲ
ဘုရားရဲ့အမှုတော်ကို စုံလင်ခြင်း ရရှိကာ၊
အလိုတော် ဆောင်ရွက်သောသူ ဖြစ်စေပါ
ထိုအရာထက် ပိုအရေးကြီးသောအရာ မရှိ
ဘုရားရဲ့အမှုတော်အလုံးစုံ လူတို့ ခုံမင် လျှင်
ဘုရားရဲ့ဉာဏ်အလင်းပေးခြင်းကို မြတ်နိုးလျှင်
မျက်မှောက်တော်ကို နှစ်သက် စွဲလမ်း၊
ဘုရားရဲ့ကွယ်ကာမှုကို တန်ဖိုးထားလျှင်
ခပ်သိမ်းသောနှုတ်ကပတ်တော်ကို သင့်လက်တွေ့အရှိတရားနှင့်
ဘဝအထောက်အပံ့အဖြစ် ရင်ဝယ်ပိုက်လျှင်
သင်သည် ဘုရား၏စိတ်တော်နှင့်ထပ်တူဖြစ်လိမ့်မည်
သင့်အပေါ် ဘုရားပြုသောအမှုအားလုံး နှစ်သက်မြတ်နိုးလျှင်
သူ သင့်ကို ကောင်းချီးပေး၍ သင်၏ဥစ္စာတိုးပွားလိမ့်မည်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ