Myanmar Christian Song (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ)

21.09.2018

မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊

ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊

အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ

ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည်

ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော်

ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။

မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊

ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊

အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ

ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည်

ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော်

ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။

ဦးခေါင်းတစ်ခုလုံး ဖြူသော ဆံပင် ရှိသည့် အသက်ကြီးသူ တစ်ဦးနှင့်

ရောင်ခြည် တောက်ပ ဖြာထွက်သော

အသက်ငယ်ရွယ်သူ တစ်ဦး ရှိပါသည်။

လက်ချင်းတွဲ၊ ပုခုံးချင်းယှဉ်လျက်

အခက်အခဲဘေးဒုက္ခအကြား၌ တစ်ဦးနှင့်တစ်ဦး အားပေးကာ

မိုးထဲလေထဲတွင် ကျွန်ုပ်တို့ အတူတကွ လျှောက်ကြမည်။

တစ်စိတ်တစ်ဝမ်းတည်း ကျွန်ုပ်တို့၏

တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ကြမည်။

ကျွန်ုပ်တို့၏ စိတ်နှလုံး အချင်းချင်း ဆက်လျက်

ဘဝထဲတွင် ကျွန်ုပ်တို့ အဆွေခင်ပွန်း ဖြစ်လာပါပြီ။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည်

အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်အား မွေ့လျော်ခြင်းဖြင့် ကျွန်ုပ်တို့၏

စိတ်နှလုံးများမှာ သာယာကြည်နူးမှုဖြင့် ပြည့်လျက်ရှိပါသည်။

ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြင့် ပြစ်တင်ဆုံးမမှု၊

ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြင့် တရားစီရင်မှုသည်

ကျွန်ုပ်တို့၏ ဖောက်ပြန်သော စိတ်သဘောထားများကို စင်ကြယ်စေပြီ။

ပြုပြင်ခံခြင်း နှင့် ရိုက်နှက်ဆုံးမမှု ခံခြင်းအားဖြင့်သာ

ကျွန်ုပ်တို့၌ လူသား တစ်ဦး၏ ပုံသဏ္ဌာန် အမှန် ရှိမည် ဖြစ်သည်။

အပျက်သဘောနှင့် အားနည်းခြင်းထဲတွင်

ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး အားပေးကြမည်။

အခက်အခဲဘေးဒုက္ခထဲတွင် ကျွန်ုပ်တို့ အတူတကွ ရှိမည်။

သက်သေခံလျက် စာတန်ကို ကျွန်ုပ်တို့ အနိုင်ယူမည်။

မှောင်မိုက်ကို ရှောင်လွှဲ၍ အလင်းထဲ၌ ကျွန်ုပ်တို့ နေကြမည်။

သစ္စာတရား နှင့် နာခံမှုဖြင့် ကျွန်ုပ်တို့သည် ထင်ရှားမြင်သာစေသော

ဘုရားသခင်၏ ဘုန်းတော် ဖြစ်ပေသည်။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှင့် လှပခြင်းကို ကျွန်ုပ်တို့ သိပါသည်။

ကျွန်ုပ်တို့အား ဘုရားသခင် ချစ်တော်မူသော မရေမတွက်နိုင်သည့် နည်း

လမ်းများကို ကျွန်ုပ်တို့ ခံစားရပါသည်။

ဘုရားသခင်၏ ရင်ခွင်တော်ထဲတွင် တိုးဝင်သည့်အခါ

မြေကြီးပေါ်ရှိ ကျွန်ုပ်တို့၏ အသက်တာများသည်

ကောင်းကင်ဘုံရှိ အသက်တာများကဲ့သို့ ဖြစ်ကြပါသည်။

ဘုရားသခင်၌သာလျှင် ချစ်ခြင်းမေတ္တာ ရှိပြီး၊

ချစ်ခြင်းမေတ္တာအားဖြင့်သာလျှင် မိသားစု ရှိပါသည်။

ဘုရားသခင်ကို ချစ်သောသူ အားလုံးသည်

တစ်မိသားစုတည်း ဖြစ်ကြသည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့ နီးစပ်ကြပါသည်။

ကျွန်ုပ်တို့ ကြီးထွားရင့်ကျက်လာသည်နှင့်အတူ ဘုရားသခင်၏

နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိပါသည်။

လှပသော နိုင်ငံတော်ထဲတွင် နေကာ

အနန္တတန်ခိုးရှင် ဘုရားသခင်အား ကျွန်ုပ်တို့

စဉ်ဆက်မပြတ် ထာဝရ ကိုးကွယ်ပါမည်။

လား လားလား … လား လားလား … လား လားလား …

လား လားလား … လား လားလား … လား လားလား …

ဘုရားသခင်၌သာလျှင် ချစ်ခြင်းမေတ္တာ ရှိပြီး၊

ချစ်ခြင်းမေတ္တာအားဖြင့်သာလျှင် မိသားစု ရှိပါသည်။

ဘုရားသခင်ကို ချစ်သောသူ အားလုံးသည်

တစ်မိသားစုတည်း ဖြစ်ကြသည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့ နီးစပ်ကြပါသည်။

ကျွန်ုပ်တို့ ကြီးထွားရင့်ကျက်လာသည်နှင့်အတူ ဘုရားသခင်၏

နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိပါသည်။

လှပသော နိုင်ငံတော်ထဲတွင် နေကာ

အနန္တတန်ခိုးရှင် ဘုရားသခင်အား ကျွန်ုပ်တို့

စဉ်ဆက်မပြတ် ထာဝရ ကိုးကွယ်ပါမည်။

အနန္တတန်ခိုးရှင် ဘုရားသခင်အား ကျွန်ုပ်တို့

စဉ်ဆက်မပြတ် ထာဝရ ကိုးကွယ်ပါမည်။

အနန္တတန်ခိုးရှင် ဘုရားသခင်အား ကျွန်ုပ်တို့

စဉ်ဆက်မပြတ် ထာဝရ ကိုးကွယ်ပါမည်။

သိုးသူငယ်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။