Myanmar Christian Song | ဘုရား၏ဦးဆောင်လမ်းပြမှုကို လူသားမျိုးနွယ်ဆုံးရှုံးခြင်း၏ အကျိုးဆက်
12.07.2020
၁
လောကဓာတ်ပညာများ ထွန်းကားလာတာနှင့်အမျှ
လူတို့ဟာ ထိုသိပ္ပံနှင့် အသိပညာတို့ရဲ့ သိမ်းသွင်းခြင်းခံရပြီး
ထိုအရာတွေဟာ လူတို့ကို စိုးမိုးတဲ့
တန်ဆာပလာဖြစ်လာကြလေတယ်
လူတို့သည် ဘုရားကို ကိုးကွယ်ဖို့ အခြေနေမပေးတော့ဘူး၊
လူတို့သည် ဘုရားကို ကိုးကွယ်ဖို့ နေရာမပေးကြ တော့ ဘူး
လူ့နှလုံသားမှာ ဘုရား လျော့ပါးခဲ့
ဘုရားအတွက် နေရာမရှိတဲ့ လူ့နှလုံးသား ကမ္ဘာထဲမှာ
အနှစ်သာရမရှိ၊ မျှော်လင့်ချက်မဲ့ကာ၊ မှောင်မိုက်လျက်နေတယ်
ထို့နောက် လူတွေရဲ့ စိတ်နှလုံးသားထဲ
လူ(သား)အား ဘုရားဖန်ဆင်းခဲ့တာကို ဆန့်ကျင်တဲ့ အယူအဆများကို
ထည့်သွင်းကြဖို့ သိပ္ပံပညာရှင် တို့နှင့် သမိုင်းပညာရှင်တို့ သည်
ထိုအယူဆ များ ထည့်သွင်းဖို့စတင်လာကြတယ်
၂
ဘုရားဖန်ဆင်းခြင်းကို ယုံကြည်တဲ့ သူတွေ နည်းပါးလာကြပြီး
ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သူတွေ ပိုများလို့လာ
ဓမ္မဟောင်းထဲမှ ဘုရားအမှုတော်နှင့်
နှုတ်ကပတ်တော်များကို ဒဏ္ဍာရီ၊
ယုံတမ်းစကားသဖွယ် လူတွေ ပိုပို သဘောထားလာကြ
ဘုရားရဲ့ဂုဏ်ဒြပ်၊ ဘုရားရဲ့ ကြီးမြတ်ခြင်း၊
ဘုရားတည်ရှိပြီး အရာရာကို အုပ်စိုးနေသည်ဟူသည့်
ယုံကြည်မှုကို လူတွေစိတ်မဝင်စားကြတော့ပါ
လူတို့ရှင်သန်ရေး၊ တိုင်းနိုင်ငံများရဲ့ကံကြမ္မာလည်း
သူတို့အတွက် အရေးမပါတော့ပါ
လူဟာ အနှစ်သာရမဲ့၊ အခြေနေမဲ့မှုတို့ တွင်
သာယာမှုရှာရင်း အသက်ရှင်နေ
ဘုရားဘယ်မှာအမှုပြုသလဲ၊ သူဘယ်မှာလဲ၊
လူသားမျိုးနွယ်ရဲ့ပန်းတိုင်ကို သူဘယ်လိုဒီနေ့ဦးဆောင်သလဲလို့
လူအနည်းကပဲ ရှာဖွေကြတာ
၃
လူသားရဲ့လိုအင်ဆန္ဒအား
ခေတ်မီလူ့အဖွဲစည်းက မဖြည့်ဆည်းပေးနိုင်
လူများစွာ လောကမှာ အသက်ရှင်ခြင်းဟာ
သေသွားတာလောက် ပျော်ရွှင်ဖွယ်မကောင်းဘူးလို့
ခံစားနေကြရတယ်
ဒီတိုင်းပဲ ယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံများမှ
လူတွေလည်း ညည်းတွားကြလေရဲ့
ဘုရားရဲ့ လမ်းပြဦးဆောင်မှု မပါရင်လေ
ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကို
အုပ်ချုပ်သူများနှင့်လူမှုပညာရှင်များက ထိန်းသိမ်းဖို့
ကြိုးစားလည်း အချည်းနှီးသက်သက်ပါ
လူ့နှလုံးသားရဲ့ လစ်ဟင်းမှုကို ဘယ်အရာကမှ
မဖြည့်ဆည်းပေးနိုင် ဘယ်အရာကမှ သူ့ဘဝမဖြစ်နိုင်၊
လူမှုအယူအဆကလည်း လူကို လွတ်မြောက်ခြင်းမပေးနိုင်ပါ
ဘယ်လူမှုရေးအယူအဆကမှ
လစ်ဟင်းနေတဲ့လူ့နှလုံးသားကို မဖြည့်ဆည်းပေးနိုင်ဘူး
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ