Christian Dance (ဘုရားသခင်အတွက် ချီးမွမ်းခြင်းဖြင့် စကြဝဠာ မြည်ဟည်း)

31.07.2024

သီချင်းများနှင့် လှပသော အကများဖြင့် အလွန်ပြည့်လျက်

စကြဝဠာသည် ချီးမွမ်းခြင်း သမုဒ္ဒရာလှိုင်းလုံးတစ်ခု ဖြစ်လာပြီ။

ကြယ်များ ခုန်ပေါက်ကာ လမင်း ပြုံးနေ၊

စကြဝဠာက ချီးမွမ်းခြင်းနှင့်ပြည့်ကာ ဝမ်းမြောက်ခြင်းဖြင့် ကျွန်ုပ်တို့ ကခုန်ကြသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်

ကမ္ဘာမြေပေါ် ပေါ်ထွန်းကာ သမ္မာတရားများကို ဖော်ပြလေပြီ၊

တိုင်းနိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်းကို တုန်လှုပ်သွားစေရင်းလေ။

နိုင်ငံတိုင်းနှင့် နေရာတိုင်းမှ ရွေးချယ်ထားသောလူများက

ဘုရားသခင်၏ အသံတော်ကို ကြားပြီးနောက်

ဘုရားသခင်၏ ပလ္လင်တော်ဆီသို့ ကိုးကွယ်ခြင်းဖြင့် လှည့်ကြလေပြီ။

ဇိအုန်တွင် စကြဝဠာကို ရင်ဆိုင်ရန် ဘုရားသခင် လှည့်ပြန်နေပြီ၊

သူ၏ ဖြောင့်မတ်ခြင်း၊ သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြရင်းလေ။

ဘုရားသခင်၏ လူများ ဝမ်းမြောက်ခြင်း ပြည့်ဝနေ၊ ဘုရားသခင်ကို မရပ်မနား ချီးမွမ်းရင်းလေ။

ဘုရားသခင်ကို ချစ်ရန်၊ စစ်မှန်ရိုးသားသည့် စိတ်နှလုံးကို ကျွန်ုပ်တို့ ပူဇော်ရမည်၊

ကျွန်ုပ်တို့တာဝန်ကို သစ္စာစောင့်သိစွာ ကောင်းကောင်း ဖြည့်ဆည်းကာ

ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရမည်။

ညီအစ်ကို မောင်နှမများ၏ စိတ်နှလုံးများက နီးကပ်စွာ ချိတ်ဆက်ထားကြသည်။

အမျိုးသားနှင့် အမျိုးသမီး၊ ငယ်ရွယ်သူနှင့် သက်ကြီးသူ အားလုံးက

တစ်လုံးတစ်ဝတည်း ဘုရားသခင်ကို ချီးမွမ်းကြသည်။

သင်က သီချင်းတစ်ပုဒ် ပူဇော်ကာ ကျွန်ုပ်က ကခုန်ခြင်းဖြင့် ပူဇော်မည်။

ဘုရားသခင်ကို သင် သက်သေခံပြီး ကျွန်ုပ် ပူးပေါင်းဆောင်ရွက်မည်။

နတ်ဆိုးဖြစ်သည့်အဆင်းနီသည့် နဂါးကြီးကို ကျွန်ုပ်တို့ အရှက်ရစေကာ

အနန္တတန်ခိုးရှင် စစ်မှန်သည့် ဘုရားသခင်၏ နာမကို ဂုဏ်ပြုကြသည်။

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူ၏ အမှုမှတစ်ဆင့် ကျွန်ုပ်တို့အားလုံး မြင်ကြလေပြီ။

အနန္တတန်ခိုးရှင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပေ။

ဘုရားသခင်၏ လူတို့က သူ၏ ဘုန်းအသရေရှိသော မျက်နှာကို မြင်တွေ့ကြပြီးဖြစ်ကာ

အားလုံးက သူ့ကို ချစ်ပြီး စိတ်ကျေနပ်စေရန် ကြိုးစားကြသည်။

ဘုရားသခင်၏ လူတို့က ဘုရားသခင်ကို အစဉ်ထာဝရ သစ္စာစောင့်သိရန် လိုလားနေကြသည်။

ဘုရားသခင်က မြေကြီးပေါ် ဘုန်းအသရေ ရရှိသည်၊ တိုင်းနိုင်ငံနှင့် လူမျိုးအားလုံးက ပျော်ရွှင်ကြသည်။

နိုင်ငံတော်၏ အသက်တာက အလွန် လှပနေ။

ကောင်းကင်သစ်၊ မြေကြီးသစ်၊ နိုင်ငံတော်သစ်တစ်ခု၊

ဘုရားသခင်အတွက် ကျွန်ုပ်တို့ ကခုန်ကာ သီဆိုကြသည်၊ ထိုမျှ ဝမ်းမြောက်ခြင်းဖြစ်ပေ။

နှစ်သက်ဖွယ်အကောင်းဆုံး တေးသီချင်းများ ဘုရားသခင်အတွက် သီဆိုကြသည်၊

အလှပဆုံး အကများ ဘုရားသခင်အတွက် ကကြသည်။

ကျွန်ုပ်တို့၏ စစ်မှန်သော နှလုံးသားများကို ဘုရားသခင်အား ပူဇော်ကာ

သူ့ကို ကျွန်ုပ်တို့ ဖြူစင်စွာနှင့် ရိုးသားစွာ ချစ်ကြသည်။

ဖန်ဆင်းခြင်းအားလုံးနှင့်အတူ ဘုရားသခင်၏ လူများက ဘုရားသခင်ကို ချီးမွမ်းကြသည်။

ရပ်နားခြင်းမရှိဘဲ ဘုရားသခင်ကို အစဉ်ထာဝရ ချီးမွမ်းကြ။

အို ဇိအုံ၊ ဘုန်းအသရေ ရှိလိုက်လေခြင်း။

ဘုရားသခင်၏ ဘုံဗိမာန် အလွန်တောက်ပစွာ ထွန်းလင်းနေ၊

စကြဝဠာတစ်ခုလုံးအနှံ့ ဘုန်းအသရေရှိသော အလင်း သွန်းလောင်းနေ။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ မျက်နှာက အပြုံးတစ်ခု ရှိနေပြီး၊

စကြဝဠာ၏ ပြန်လည်ဆန်းသစ်ခြင်းကို သူ၏ ပလ္လင်တော်မှ စောင့်ကြည့်နေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။