(သေစေနိုင်သည့် မသိမြင်မှု) Beware of the Obstacles on the Path to the Kingdom
11.07.2019
အကြံပြု
Myanmar Music Video “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” သံစုံတေးသီချင်း
ဇန်မူအန်သည် အမေရိကန်နိုင်ငံရှိ တရုတ်ခရစ်ယာန်အသင်းတော်တွင် တွဲဖက်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ သူသည် သခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ပြီး သခင်အတွက် စိတ်အားထက်သန်စွာ အလုပ်လုပ်ပြီး အသုံးတော်ခံလျက်ရှိသည်။ တစ်နေ့တွင် သူ၏ အဒေါ်ဖြစ်သူသည် သခင်ယေရှုသည် သမ္မာတရားကို ဖော်ပြဖို့ပြန်လာပြီးဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သူ့ကို သက်သေခံခဲ့ပြီး ဤသတင်းသည် သူ့အား အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဇာတ်လမ်းနှင့် ဗီဒီယိုများကိုကြည့်ပြီးနောက် ဇန်မူအန်၏ နှလုံးသားသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်လာခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း လက်ခံခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ ညီအစ်ကိုမောင်နှမတို့နှင့်အတူ နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်ကို စတင်လေ့လာစူးစမ်းခဲ့သည်။ သို့သော် သူ့အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ သင်းအုပ်ဆရာမာသည် ဤအကြောင်းကို သိရှိသွားပြီး ဇန်မူအန်ကို ကြိမ်ဖန်များစွာ ဝင်ရောက်နှောက်ယှက်ပြီး တားဆီးဖို့ ကြိုးစားသည်။ သူသည် ဇန်မူအန်အား မှန်ကန်သည့်လမ်းကို စူးစမ်းလေ့လာခြင်းကို စွန့်လွှတ်ရန်အတွက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား အသေရဖျက်ရှုတ်ချထားသည့် စီစီပီအစိုးရ၏ ဝါဒဖြန့်ဗီဒီယိုကို ပြသည်။ ဤဗီဒီယိုကြောင့် ဇန်မူအန်သည် အလွန်စိတ်ရှုပ်ထွေးသွားသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို သူ သိသာစွာ မြင်နိုင်သည်။ ဤသို့ဆိုလျှင် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင်ဘုရားသခင်အား အဘယ်ကြောင့်ရှုတ်ချကြသနည်း။ သူတို့ကိုယ်တိုင်သာ စူးစမ်းလေ့လာဖို့ ငြင်းဆန်ရုံတင်မကဘဲ တခြားလူများကိုပါ မှန်ကန်သည့်လမ်းကို လက်ခံခြင်းမှ တားဆီးဖို့ ကြိုးစားကြသည်။ အဘယ်ကြောင့်နည်း။ ဇန်မူအန်သည် လိမ်ညာခံရပြီး မှားယွင်းသည့်လမ်းကို လျှောက်မိမည်ကို ကြောက်ရွံ့သည်။ သို့သော် ချီဆောင်ခြင်းခံရမည့်အခွင့်ကို ဆုံးရှုံးရမည်ကိုလည်း ကြောက်ရွံ့သည်။ သူ၏ သဘောထားကွဲလွဲမှု၊ စိတ်ရှုပ်ထွေးမှုများကြားတွင် သင်းအုပ်ဆရာမာသည် စီစီပီနှင့် ဘာသာရေးလောကမှ အဖျက်သဘောဆောင်သည့် ဝါဒဖြန့်မှုများကို ပိုပြီးတော့ ပြသပြီး ဇန်မူအန်၏နှလုံးသားတွင် သံသယများပိုမို ထွက်ပေါ်လာသည်။ သူသည် သင်းအုပ်ဆရာမာ၏စကားကို နားထောင်ပြီး စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာခြင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ သက်သေခံသူများထံမှ သက်သေခံခြင်းနှင့် မိတ်သဟာရပြုခြင်းတို့ကို ကြားပြီးနောက် ဇန်မူအန်သည် မှန်ကန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် အခြေခံအကျဆုံးအချက်သည် ဤလမ်းသည် သမ္မာတရားရှိမရှိနှင့် ဤလမ်း၏ ဖော်ပြချက်သည် ဘုရားသခင်၏ အသံတော်ဟုတ်မဟုတ် ပိုင်းခြားသတ်မှတ်ခြင်းဖြစ်သည်ဆိုသည်ကို နားလည်လာသည်။ သမ္မာတရားများကို ဖော်ပြနိုင်သည့် မည်သူမဆို ခရစ်တော်၏ ပေါ်ထွန်းမှုပင်ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် အကျင့်ပျက်စီးသည့် မည်သည့်လူသားမျိုးနွယ်မဆို သမ္မာတရားကို ဖော်ပြနိုင်ခြင်းမရှိပေ။ ဤအချက်သည် ငြင်းလို့မရသည့် အချက်ဖြစ်သည်။ စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် ဘုရားသခင်၏ အသံတော်ကို အာရုံစိုက်နားထောင်ခြင်းမရှိဘဲ စိတ်ကူးထင်မြင်မှုအပေါ် အခြေခံပြီး တိမ်စီးပြီး သခင်ယေရှုကြွဆင်းလာမှုကို စောင့်နေလျှင် ဘုရားသခင်ပေါ်ထွန်းမှုကို ဘယ်သောအခါမှ ကြိုဆိုနိုင်မည်မဟုတ်ပေ။ ဇန်မူအန်သည် နောက်ဆုံး၌ သခင်ယေရှုမိန့်ကြားသည့် ဘုရားသခင်၏ အသံတော်ကို ကြားသည့် ဉာဏ်ပညာရှိသည့် အပျိုတော်၏ နက်နဲမှုကို နားလည်ပြီး စီစီပီအစိုးရ၊ သင်းအုပ်ဆရာနှင့် အကြီးအကဲတို့၏ လိမ်ညာမှုများနှင့် အဓိပ္ပါယ်မရှိသည့် သီအိုရီများကို ဆက်လက်မယုံကြည်တော့ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏ ဘာသာရေး သင်းအုပ်ဆရာ၏ ကန့်သတ်မှုနှင့် ချည်နှောင်မှုတို့မှ လွတ်မြောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဇန်မူအန်သည် စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေခြင်း၏ ခက်ခဲမှုကို နက်နက်နဲနဲ ကြုံတွေ့ခဲ့သည်။ ပိုင်းခြားသိမြင်မှု မရှိဘဲ သို့မဟုတ် သမ္မာတရားကို မရှာဖွေဘဲ ဘုရားသခင်၏ အသံတော်ကို ကြားဖို့ မဖြစ်နိုင်ပါ သို့မဟုတ် ဘုရားသခင်၏ ပုလ္လင်တော်ရှေ့သို့ ချီဆောင်ခြင်းခံရဖို့ မဖြစ်နိုင်ပါ။ ဒီလိုမဖြစ်ဘဲ စာတန်၏ လှည့်စားခြင်းနှင့် ထိန်းချုပ်ခြင်းကိုခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင်သာ သေဆုံးသွားနိုင်သည်။ ဤသည်မှာလည်း ကျမ်းစာ၏ နှုတ်ကပတ်တော်တို့ကို အလုံးစုံ ပြည့်စုံစေခြင်းဖြစ်သည်။ “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏” (ဟောရှေအနာဂတ္တိကျမ်း ၄:၆)။ “မိုက်သောသူတို့မူကား၊ ဉာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)
အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။
အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။
Mitch Martinez
Wow!視覺特效Show一手!影片素材上傳區! https://www.youtube.com/channel/UCo2WsnnMMdo4x9FqETfHJ3g
Atmosphere 06 Green Screen Chroma Key Green Screen( https://youtu.be/O-S83BGHGrc ) by HD Green Screen/CC BY 3.0 (https://creativecommons.org/licenses/by/3.0/)
Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ