ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၀

18.10.2020

သိမ်းပိုက်အောင်နိုင်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤဘဝသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်မည်မှာ အမှန်ပင်ဖြစ်သော်လည်း ယနေ့လူသား၏ဘဝနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် သိမ်းပိုက်အောင်နိုင်ခဲ့ပြီးနောက် လူသားမျိုးနွယ်တွင်ရှိမည့် ဘဝဖြစ်သည်။ ကမ္ဘာမြေကြီးတွင် လူသားအတွက် အသစ်စတင်ခြင်းဖြစ်မည်။ ထို့အပြင် လူသားမျိုးနွယ်အနေဖြင့် ဤဘဝမျိုးရခြင်းမှာ လူသားမျိုးနွယ်သည် လောကဘုံအသစ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်အတွက် ကမ္ဘာမြေကြီးပေါ်တွင် ဘဝသစ် စတင်ခြင်း ဖြစ်လိမ့်မည်။ ဤမျှလှပသောဘဝ၏ အကြောင်းရင်းမှာ လူသားသည် သန့်စင်ခံရ၍ သိမ်းပိုက်စိုးမိုး ခံရပြီးနောက် ဖန်ဆင်းရှင်ရှေ့မှောက်တွင် နာခံ၍ ဖြစ်ရမည်။ ထို့ကြောင့် သိမ်းပိုက်အောင်နိုင်ခြင်းသည် လူသားမျိုးနွယ်က အံ့သြဖွယ်ကောင်းသော ခရီးလမ်းဆုံးသို့ မဝင်ရောက်မီ ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဤသို့သော ဘဝအသက်တာသည် ကမ္ဘာမြေကြီးတွင် လူသား၏အနာဂတ် ဘဝအသက်တာဖြစ်၏။ ၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော ဘဝအသက်တာဖြစ်၏။ လူသားတောင့်တသော ဘဝအသက်တာဖြစ်၏။ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ခါမျှ မရရှိဖူးသော ဘဝအသက်တာဖြစ်၏။ ၎င်းသည် အနှစ် ၆၀ဝဝ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ်ဖြစ်၏။ လူသားမျိုးနွယ်အနေဖြင့် လိုချင်တောင့်တဆုံးဖြစ်၍ ဘုရားသခင်က လူသားကို ပေးခဲ့သော ဂတိလည်း ဖြစ်၏။ သို့ရာတွင် ဤဂတိသည် ချက်ချင်း မဖြစ်ပေါ်နိုင်ပေ၊ နောက်ဆုံးသော ကာလ၏အမှု ပြီးဆုံးပြီး လူသားသည် လုံးဝသိမ်းပိုက် ခံရပြီးမှ၊ ဆိုလိုသည်မှာ စာတန် လုံးဝရှုံးနိမ့်ပြီးမှ အနာဂတ်ခရီးလမ်းဆုံးသို့ ဝင်ရောက်လိမ့်မည်။ လူသားသည် သန့်စင်ခံရပြီးသည့် အခါတွင် အပြစ်ရှိသော သဘောသဘာဝ ကင်းမဲ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်အပေါ် အနိုင်ရရှိခဲ့ပြီး ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ရန်လိုသည့် အင်အားစုများမှ လုံးဝ ကျူးကျော်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် လူသား၏ ဇာတိပကတိကို တိုက်ခိုက်နိုင်မည့် ရန်လိုသည့် အင်အားစုများလည်း ရှိလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူသားသည် လွတ်လပ်၍ သန့်ရှင်းလိမ့်မည်၊ သူသည် ထာဝရသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ရန်လိုသော အမှောင်ထု၏အင်အားများကို ချည်နှောင်ထားမှသာလျှင် လူသားသည် သွားလေရာ၌လွတ်လပ်၍ ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ ကင်းမဲ့မည်ဖြစ်သည်။ လူသား အဆင်ပြေရန်အတွက် စာတန်ကို ချည်နှောင်ထားရမည်ဖြစ်သည်။ ယနေ့ ၎င်းအဆင်မပြေရခြင်းမှာ ကမ္ဘာမြေကြီး၏နေရာအနှံ့တွင် စာတန်သည် ဒုက္ခမွှေနှောက်လျက်ရှိဆဲ ဖြစ်သောကြောင့်နှင့် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု တစ်ရပ်လုံး အဆုံးသို့ရောက်ရှိရန် လိုသေးသည့်အတွက်ကြောင့် ဖြစ်သည်။ စာတန်ကျရှုံးသည်နှင့် တစ်ပြိုင်နက် လူသားသည် လုံးဝလွတ်မြောက်မည်ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုရရှိ၍ စာတန်၏ နယ်ပယ်အောက်မှ ထွက်လာသည့်အခါ ၎င်းသည် ဖြောင့်မတ်ခြင်း၏နေကို တွေ့လိမ့်မည်။ သာမန်လူသားတစ်ဦးနှင့် ထိုက်တန်သည့်ဘဝကို ပြန်လည်ရရှိလိမ့်မည်။ အကောင်းအဆိုး ကောင်းစွာသိနိုင်စွမ်း၊ မည်သို့စားရမည်နှင့် ဝတ်ဆင်ရမည်ကို နားလည်နိုင်စွမ်းနှင့် ပုံမှန်နေထိုင်နိုင်စွမ်း စသည်ဖြင့် ပုံမှန်လူသားတစ်ဦး ပိုင်ဆိုင်ရမည့် အရာအားလုံးကို ပြန်လည်ရရှိလိမ့်မည်။ ဧဝသည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းကို မခံခဲ့ရလျှင်ပင် လူသားသည် အစအဦးတွင် ဖန်ဆင်းခံရပြီးနောက် ဤသို့သော ပုံမှန်ဘဝကို ရရှိခဲ့သင့်သည်။ ၎င်းသည် ကမ္ဘာမြေကြီးပေါ်ရှိ သာမန်လူသားတစ်ဦးကဲ့သို့ စားသောက်၊ ဝတ်ဆင်ကာ ဘဝကို နေထိုင်ခဲ့သင့်သည်။ သို့ရာတွင် လူသားသည် စာရိတ္တပျက်ပြားပြီးနောက်တွင် ဤဘဝသည် စိတ်ကူးယဉ်တစ်ခု ဖြစ်သွားခဲ့၍ ယနေ့တွင်ပင် လူသားသည် ဤသို့သောအရာများကို စိတ်မကူးရဲပါ။ အကယ်စင်စစ်မူ၊ လူသားတောင့်တသည့် လှပသောဘဝမှာ မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်၏၊ အကယ်၍ လူသားတွင် ဤသို့သောခရီးပန်းတိုင်သာမရှိပါက ကမ္ဘာမြေကြီးပေါ်ရှိ ၎င်း၏ စာရိတ္တပျက်ပြားသောဘဝသည် မည်သည့်အခါမျှ ရပ်ဆိုင်းမည်မဟုတ်ပေ။ ထို့အပြင် ဤသို့လှပသောဘဝသာ မရှိခဲ့လျှင် စာတန်၏ကံကြမ္မာ သို့မဟုတ် ကမ္ဘာမြေကြီးအပေါ် စာတန်အုပ်စိုးသည့် ခေတ်သည် အဆုံးသတ်လိမ့်မည် မဟုတ်ပေ။ လူသားသည် အမှောင်ထု၏ အင်အားများ လက်လှမ်းမမီသည့် နယ်ပယ်သို့ ရောက်ရှိရမည်ဖြစ်ကာ ထိုသို့ရောက်ရှိသည့်အခါ ဤသည်မှာ စာတန်ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် စာတန်၏နှောင့်ယှက်မှု မရှိသည်နှင့် ဘုရားသခင်ကိုယ်တိုင်သည် လူသားမျိုးနွယ်ကို ထိန်းချုပ်လျက် သူသည် လူသား၏ ဘဝတစ်ခုလုံးကို ကွပ်ကဲ၍ထိန်းချုပ်မည်ဖြစ်သည်။ ဤသည်သာလျှင် စာတန်၏ရှုံးနိမ့်ခြင်းအဖြစ် အကျုံးဝင်လိမ့်မည်ဖြစ်သည်။ ယနေ့လူသား၏ဘဝသည် များသောအားဖြင့် ညစ်ညမ်းသည့်ဘဝဖြစ်၍ ဒုက္ခဝေဒနာဘဝ ဖြစ်နေသေး၏။ ဤသည်ကို စာတန်၏ရှုံးနိမ့်ခြင်းဟု မခေါ်နိုင်ပေ။ လူသားသည် ဒုက္ခပင်လယ်မှ လွတ်မြောက်ရန်၊ လူသား၏ဘဝအခက်အခဲမှ လွတ်မြောက်ရန်၊ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ရန် လိုသေး၏။ ထို့အပြင် ဘုရားသခင်ကို သူသိခြင်းမှာ အလွန့်အလွန် နည်းပါးသေး၏။ လူသား၏အခက်အခဲအားလုံးကို စာတန်က ဖန်တီးခဲ့ခြင်းဖြစ်၏။ လူသား၏ဘဝအတွင်းသို့ ဒုက္ခများယူဆောင်လာသူမှာ စာတန်ဖြစ်၍ စာတန်ကို ချည်နှောင်ထားပြီးမှသာလျှင် လူသားသည် ဒုက္ခပင်လယ်မှ လုံးဝလွတ်မြောက်နိုင်စွမ်းရှိမည်ဖြစ်သည်။ သို့ရာတွင် လူသား၏နှလုံးသားကို သိမ်းပိုက်ရယူခြင်း၊ လူသားကို စာတန်၏တိုက်ပွဲမှ တိုက်ခိုက်၍ရသောပစ္စည်း ဖြစ်စေခြင်းဖြင့် စာတန်ကို ကျွန်ပြုနိုင်မည်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။