ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၀

26.07.2020

မူလက လူသားမျိုးနွယ်အလယ်တွင် မိသားစုများမရှိခဲ့ပေ။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး- ခြားနားသော လူသားနှစ်မျိုးသာ- တည်ရှိခဲ့သည်။ မိသားစုများကို မဆိုထားနှင့်၊ နိုင်ငံများပင် မရှိခဲ့ပေ၊ သို့သော် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှု အကျိုးဆက်အနေဖြင့်၊ လူမျိုးပေါင်းစုံတို့သည် မိမိတို့ကိုယ်ကိုယ် လူမျိုးစုအနွယ်များ တစ်ခုစီအဖြစ်သို့ ဖွဲ့စည်းခဲ့ကြပြီး၊ နောက်ပိုင်းတွင် နိုင်ငံများနှင့် လူမျိုးစုများအဖြစ်သို့ တိုးတက် ပြောင်းလဲလာခဲ့ကြသည်။ ဤနိုင်ငံများနှင့် လူမျိုးစုများသည် သေးငယ်သည့် မိသားစုတစ်စုချင်းစီ ပါဝင်ပြီး၊ ဤပုံစံဖြင့် လူမျိုးစုံသည် အမျိုးမျိုးသော လူမျိုးစုများအလယ် ဘာသာစကား မတူညီမှုနှင့် နယ်နိမိတ်များအပေါ် အခြေခံ၍ ပျံ့နှံ့သွားခဲ့ကြသည်။ အမှန်တွင် ကမ္ဘာလောကတွင် လူမျိုးနွယ်စုများ မည်မျှပင်များပြားသည်ဖြစ်စေ၊ လူသားမျိုးနွယ်သည် ဘိုးဘေးတစ်ခုသာ ရှိပေသည်။ အစအဦး၌ လူသား နှစ်မျိုးသာရှိခဲ့ပြီး၊ ဤနှစ်မျိုးမှာ လူမိန်းမနှင့် လူယောက်ျားတို့ဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏အမှု တိုးတက်ခြင်း၊ သမိုင်း၏ ရွေ့လျားမှုနှင့် ပထဝီအနေအထားပြောင်းလဲမှုများကြောင့်၊ ဤလူသား အမျိုးအစားနှစ်မျိုးသည် သာ၍ပင်များသော လူသားအမျိုးအစားများအဖြစ်သို့ အမျိုးမျိုးသော အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အခြေခံအားဖြင့် လူသားမျိုးနွယ်စု မည်မျှက လူသားမျိုးနွယ်ကို ဖွဲ့စည်းသည်ဖြစ်စေ၊ လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ဖြစ်နေဆဲဖြစ်သည်။ လူများသည် မည်သည့်လူမျိုးနွယ်စုနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့ အားလုံးသည် သူ၏ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အာဒံနှင့် ဧဝ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏လက်ဖြင့် ပြုလုပ်ခြင်း မခံခဲ့ရသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဖန်ဆင်းခဲ့သည့် အာဒံနှင့် ဧဝ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ လူတို့သည် မည်သို့သော ဖြစ်တည်မှု အမျိုးအစားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့်အတွက်၊ ၎င်းတို့၏ ခရီးပန်းတိုင်သည် လူသားမျိုးနွယ် ရှိသင့်သည့် ခရီးပန်းတိုင်ဖြစ်ပြီး၊ ၎င်းတို့ကို လူသားများအား စီစဉ်ထားသည့် စည်းမျဉ်းများနှင့်အညီ ခွဲခြားထားပေသည်။ ယင်းမှာ မကောင်းမှုပြုသူများနှင့် ဖြောင့်မတ်သောသူများအားလုံးသည် နောက်ဆုံးတွင် ဖန်ဆင်းခံသတ္တဝါများပင်ဖြစ်သည်ဟု ဆိုရပေမည်။ မကောင်းမှုကို ကျူးလွန်သည့် ဖန်ဆင်းခံသတ္တဝါများသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်သည့် ဖန်ဆင်းခံသတ္တဝါများသည် ရှင်သန်ကြလိမ့်မည်။ ဤသည်မှာ ထိုဖန်ဆင်းခံ သတ္တဝါနှစ်မျိုးအတွက် အသင့်တော်ဆုံးသော အစီအစဉ်ပင်တည်း။ မကောင်းမှုပြုသူများသည် ၎င်းတို့၏နာမခံမှုကြောင့် ၎င်းတို့မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းများ ဖြစ်ကြသော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံကြရပြီးဖြစ်သောကြောင့် ကယ်တင်မခံရနိုင်ကြသည်ကို ငြင်းပယ်၍ မရနိုင်ပေ။ ဖြောင့်မတ်စွာ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ ရှင်သန်ကြလိမ့်မည် ဆိုသည့်အချက်ကို အခြေခံ၍၊ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရပြီးဖြစ်သော်လည်း စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံခဲ့ရပြီးနောက်၊ ကယ်တင်ခြင်း ရရှိကြပြီး ဖြစ်သည်ကို ငြင်းပယ်၍ မရနိုင်ပေ။ မကောင်းမှုပြုသူများသည် ဘုရားသခင်အပေါ် မနာခံသည့် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်သည့် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြပြီး စာတန်၏ လုံးလုံးလျားလျား ဖမ်းဆီးခံထားရနှင့်ပြီး ဖြစ်ကြသည်။ မကောင်းမှု ကျူးလွန်သည့် လူများသည်လည်း လူများဖြစ်ကြသည်။ ၎င်းတို့သည် အဆုံးစွန် ဖောက်ပြန်ပျက်စီးကြပြီးဖြစ်သည့် သူများနှင့် ကယ်တင်မခံရနိုင်သည့် လူသားများဖြစ်ကြသည်။ ၎င်းတို့သည်လည်း ဖန်ဆင်းခံ သတ္တဝါများသာ ဖြစ်သည်နှင့်အမျှ၊ ဖြောင့်မတ်သော အပြုအမူရှိသည့် လူများသည်လည်း ဖောက်ပြန်ပျက်စီးခြင်းခံခဲ့ရပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ချိုးဖျက်လွတ်မြောက်ရန် လိုလားနေပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း ရှိလာကြပြီးသည့် လူသားများ ဖြစ်သည်။ ဖြောင့်မတ်သော အပြုအမူရှိသည့် လူတို့သည် ဖြောင့်မတ်ခြင်းနှင့် မပြည့်လျှမ်းကြပေ။ ယင်းထက် ၎င်းတို့သည် ကယ်တင်ခြင်း ရရှိကြပြီးဖြစ်ကာ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ချိုးဖျက် လွတ်မြောက်ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသည်။ ယင်းမှာ ၎င်းတို့သည် မည်သည့်အခါတွင်မျှ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရဖူးကြဟု ဆိုရမည် မဟုတ်သော်လည်း၊ အဆုံးတွင် ခိုင်မာစွာ ၎င်းတို့ ရပ်တည်ကြလိမ့်မည်။ ဘုရားသခင်၏အမှု အဆုံးသတ်ပြီးနောက်၊ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးအလယ်တွင်၊ ဖျက်ဆီးခံရမည့်သူများ ရှိလိမ့်မည် ဖြစ်သကဲ့သို့၊ ရှင်သန်မည့် သူများ ရှိလိမ့်မည်။ ဤကား သူ၏ စီမံခန့်ခွဲခြင်း အမှု၏ မလွဲမသွေဖြစ်သည့် ဦးတည်ရာတစ်ခု ဖြစ်သည်။ မည်သူမျှ ယင်းကို မငြင်းနိုင်ပေ။ မကောင်းမှု ပြုသူများသည် ရှင်သန်ခွင့်ရကြလိမ့်မည် မဟုတ်ချေ။ ဘုရားသခင်ကို အဆုံးထိ ကျိုးနွံနာခံပြီး နောက်လိုက်သောသူတို့သည် ရှင်သန်ဖို့ သေချာသည်။ ဤအမှုသည် လူသားမျိုးနွယ်၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည်နှင့်အမျှ၊ ကျန်ရှိမည့် သူများနှင့် ပယ်ရှားခြင်းခံရမည့်သူများ ရှိလိမ့်မည်။ ဤသည်တို့မှာ မတူညီသော လူအမျိုးအစားတို့အတွက် မတူညီသည့် ရလဒ်များဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအတွက် အသင့်တော်ဆုံးသော စီစဉ်မှုများဖြစ်သည်။ လူသားများသည် နောက်ဆုံးတွင်တော့ ဘိုးဘေးတစ်ခုတည်းမှ ဆင်းသက်ခဲ့ကြပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်း ဖြစ်သည့်အတွက်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အဆုံးစွန် အစီအစဉ်မှာ လူမျိုးစုများကို ဖျက်ဆီးပစ်ရင်းနှင့် မိသားစုများ သို့မဟုတ် တိုင်းနိုင်ငံနယ်နိမိတ်များမရှိဘဲ၊ အစီအစဉ်တစ်ခုဖြင့် နိုင်ငံနယ်နိမိတ်များကို အစိတ်အစိတ်အမြွှာမြွှာကွဲစေရင်း မိသားစုများကို ကွဲစေခြင်းဖြင့် ၎င်းတို့ကို ခွဲခြားရန် ဖြစ်သည်။ အတိုချုပ်ပြောရလျှင်၊ မကောင်းမှုပြုသည့် ဖန်ဆင်းခံသတ္တဝါများအားလုံး ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို နာခံသည့် ဖန်ဆင်းခံသတ္တဝါများသည် အသက်ရှင်လိမ့်မည်။ ဤနည်းဖြင့်၊ ရောက်လာမည့် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလတွင် မိသားစုများ ရှိလိမ့်မည်မဟုတ်၊ နိုင်ငံများ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် လူမျိုးစုများ ရှိလိမ့်မည် မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ် အမျိုးအစားသည် အသန့်ရှင်းဆုံးသော လူသားမျိုးနွယ် အမျိုးအစား ဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းကို ကြည့်ရှုစောင့်ရှောက်နိုင်ရန်အလို့ငှာ အာဒံနှင့် ဧဝတို့သည် မူလအစက ဖန်ဆင်းခံခဲ့ရခြင်း ဖြစ်သည်၊ လူသားများသည် မူလအစက အရာအားလုံး၏ အရှင်သခင်များ ဖြစ်ခဲ့ကြသည်။ လူသားမျိုးနွယ်သည် မူလက ဖောက်ပြန်ပျက်စီးခဲ့ခြင်း မရှိသကဲ့သို့၊ မကောင်းမှုကို ကျူးလွန်နိုင်စွမ်း မရှိကြသည့်အတွက်၊ လူသားများကို ဖန်ဆင်းရာတွင် ယေဟောဝါ၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိခွင့်ပေးရန်နှင့် ယင်းအပေါ်ရှိ အရာခပ်သိမ်းကို ကြည့်ရှုစောင့်ရှောက်ခွင့်ပေးရန်ဖြစ်သည်။ သို့သော် လူသားများ ဖောက်ပြန်ပျက်စီးလာခဲ့ကြသည့်နောက်တွင်၊ ၎င်းတို့သည် အရာခပ်သိမ်းကို ကြည့်ရှုစောင့်ရှောက်သူများ မဟုတ်ကြတော့ပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ ဤအလုပ်တာဝန်ကို မူလအတိုင်း ပြန်ဖြစ်စေရန်၊ လူသားမျိုးနွယ်၏ မူလ ဆင်ခြင်တုံတရားနှင့် မူလနာခံမှုကို ပြန်ပေးရန် ဖြစ်သည်။ ငြိမ်သက်ခြင်းချမ်းသာ၌ ရှိသည့် လူသားမျိုးနွယ်သည် ဘုရားသခင်က သူ၏ ကယ်တင်ခြင်းအမှုဖြင့် ရရှိရန် မျှော်လင့်သည့် ရလဒ်၏ တကယ့် ကိုယ်စားပြုခြင်း ဖြစ်လိမ့်မည်။ ယင်းသည် ဧဒင်ဥယျာဉ်ထဲက အသက်တာကဲ့သို့သော အသက်တာတစ်ခု ဖြစ်တော့မည် မဟုတ်သော်လည်း၊ ၎င်းတို့၏အနှစ်သာရက တူညီလိမ့်မည်။ လူသားမျိုးနွယ်သည် ၎င်းတို့၏ အစောပိုင်း မဖောက်ပြန်မပျက်စီးသည့် ဇာတိမျိုး ရှိတော့မည် မဟုတ်ဘဲ၊ ယင်းထက် ဖောက်ပြန်ပျက်စီးလာခဲ့သည့်နောက်တွင် ကယ်တင်ခြင်း ရရှိခဲ့သည့် လူသားမျိုးနွယ်တစ်ခု ဖြစ်လိမ့်မည်။ ကယ်တင်ခြင်းရရှိပြီးဖြစ်သည့် ဤလူများသည် နောက်ဆုံးတွင် (ဆိုလိုသည်မှာ ဘုရားသခင်၏အမှု ပြီးဆုံးသည့်နောက်တွင်) ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ထိုနည်းတူ အပြစ်ပေးခြင်းခံမည့် သူများ၏ ရလဒ်များသည်လည်း အဆုံးတွင် လုံးဝ ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်၏အမှု ပြီးဆုံးပြီးသည့်နောက်တွင်သာ ၎င်းတို့ ဖျက်ဆီးခံရလိမ့်မည်။ တစ်နည်းအားဖြင့် လူအမျိုးအစား မျိုးစုံကို ဖော်ထုတ်ခြင်း အမှုအား (၎င်းတို့သည် မကောင်းမှုပြုသူများဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းခံရသည့်သူများဖြစ်စေ) အယောက်တိုင်းအပေါ် တစ်ပြိုင်နက် ဆောင်ရွက်လိမ့်မည် ဖြစ်သည့်အတွက်၊ သူ၏အမှု ပြီးဆုံးသည့်နောက်တွင်၊ မကောင်းမှုပြုသူများနှင့် ကယ်တင်ခြင်းခံရပြီး သူများအားလုံးသည် ဖော်ထုတ်ခံရလိမ့်မည်။ မကောင်းမှုပြုသူများသည် ပယ်ရှားခြင်းခံရလိမ့်မည် ဖြစ်ပြီး၊ ကျန်ရှိခွင့် ရကြမည့်သူများသည် တစ်ပြိုင်နက်တည်း ဖော်ထုတ်ခံရလိမ့်မည်။ ထို့ကြောင့် လူအမျိုးအစားအားလုံး၏ ရလဒ်များသည် တစ်ချိန်တည်းတွင် ထုတ်ဖော်ပြခံရလိမ့်မည်။ မကောင်းမှုပြုသူများကို တစ်ကြိမ်လျှင် အနည်းငယ်စီမျှ ဘေးဖယ်ခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းတို့ကို မပြုလုပ်မီတွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း ဆောင်ကြဉ်းခံရပြီးဖြစ်သည့် လူတစ်စုကို ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ယင်းသည် အမှန်တရားများနှင့် ကိုက်ညီလိမ့်မည် မဟုတ်။ မကောင်းမှုပြုသူများ ဖျက်ဆီးခြင်းခံရပြီး အသက်ရှင်သန်နိုင်သူတို့သည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ကြချိန်တွင်၊ စကြဝဠာတစ်လျှောက်လုံးရှိ ဘုရားသခင်၏အမှု ပြီးပြည့်စုံလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရရှိသူများနှင့် ကံဆိုးမှုကို ခံစားရသူများအကြားတွင် ဦးစားပေး အစီအစဉ် ရှိလိမ့်မည်မဟုတ်။ ကောင်းချီးမင်္ဂလာများ ရရှိသူများသည် ထာဝရ အသက်ရှင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကံဆိုးမှုကို ခံစားရသူများက ထာဝရကာလပတ်လုံး ပျက်စီးကြရလိမ့်မည်။ အမှု၏ ဤအဆင့်နှစ်ဆင့်သည် တစ်ပြိုင်နက်တည်း ပြီးပြည့်စုံလိမ့်မည်။ ကျိုးနွံနာခံသည့် သူများ၏ ဖြောင့်မတ်ခြင်း ထုတ်ဖော်ခံရလိမ့်မည်မှာ နာခံခြင်း မရှိသောလူများ၏ တည်ရှိခြင်းကြောင့် အတိအကျ ဖြစ်ပြီး၊ မကောင်းမှုပြုသူများက ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူအတွက် ခံစားရသည့် ကံဆိုးခြင်းအား ထုတ်ဖော်ပြခံရလိမ့်မည်မှာ ကောင်းချီးမင်္ဂလာများရရှိသော သူများရှိသောကြောင့် အတိအကျ ဖြစ်သည်။ ဘုရားသခင်သည် မကောင်းမှုပြုသူတို့ကို မဖော်ထုတ်ခဲ့ပါက၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ကျိုးနွံနာခံသောလူတို့သည် မည်သည့်အခါမျှ နေကို မြင်ကြရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ့ကို ကျိုးနွံနာခံသူတို့အား သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင် တစ်ခုဆီသို့ မဆောင်ယူခဲ့ပါက၊ ဘုရားသခင်ကို မနာခံသောသူတို့သည် ၎င်းတို့နှင့် ထိုက်သင့်သည့် အပြစ်ဒဏ်ပေးခြင်းကို ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမှု လုပ်ငန်းစဉ် ဖြစ်သည်။ အကယ်၍ သူသည် မကောင်းသောသူများကို အပြစ်ဒဏ်ပေးပြီး ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းနှင့်ဆိုင်သည့် ဤအမှုကို မဆောင်ရွက်ခဲ့ပါက၊ သူ၏ဖန်ဆင်းခံ သတ္တဝါများသည် ၎င်းတို့၏ သက်ဆိုင်သော ခရီးပန်းတိုင်များထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ မကောင်းမှုပြုသူတို့သည် ဖျက်ဆီးခံရကြလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိကြလိမ့်မည် ဖြစ်သည်။ လူအမျိုးအစားအားလုံးသည် ၎င်းတို့ဆောင်ရွက်သင့်သော လုပ်ငန်းတာဝန်များနှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင်အမျိုးအစားနှင့်အတူ ရှိကြလိမ့်မည်။ ဤအရာသည်သာလျှင် လူသားမျိုးနွယ်၏ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် နေ့ရက် ဖြစ်လိမ့်မည်၊ ယင်းသည် လူသားမျိုးနွယ်၏ ဖြစ်ပေါ်တိုးတက်မှုအတွက် မလွှဲမရှောင်သာသော ဦးတည်ရာ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော စွမ်းဆောင်အောင်မြင်မှုသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလိမ့်မည်။ ဤသည်မှာ သူ၏အမှု၏ နောက်ဆုံးအပိုင်း ဖြစ်လိမ့်မည်။ ဤအမှုသည် လူသားမျိုးနွယ် အားလုံး၏ ဇာတိပကတိနှင့်ဆိုင်သည့် ယိုယွင်းပျက်စီးသော် ဘဝအပြင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝကိုပါ အဆုံးသတ် ပေးလိမ့်မည် ဖြစ်သည်။ ထိုနေရာမှစ၍ လူသားများသည် နယ်ပယ်သစ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်။ လူသားအားလုံးသည် ဇာတိပကတိ၌ အသက်ရှင်ကြမည် ဖြစ်သော်လည်း၊ ဤအသက်၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်တာအကြားတွင် သိသာထင်ရှားသော ခြားနားချက်များ ရှိသည်။ ဤတည်ရှိမှု၏ အရေးပါမှုနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တည်ရှိမှုသည်လည်း ခြားနားကြသည်။ ဤသည်မှာ လူအမျိုးအစားသစ်၏ အသက်တာ ဖြစ်လိမ့်မည် မဟုတ်သော်လည်း၊ ကယ်တင်ခြင်း ရရှိပြီးသော လူသားမျိုးနွယ်၏ အသက်တာအပြင်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပြန်လည်ရရှိပြီးဖြစ်သည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤသည်တို့မှာ တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့သည့်၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးနောက် သူ၏ကယ်တင်ခြင်းကို ခံခဲ့ရသည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို ဂုဏ်အသရေ ညှိုးစေခဲ့ကြပြီးနောက် သူ့ကို သက်သေခံခဲ့သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ စစ်ဆေးခြင်းကို ကြုံကာ ရှင်သန်ပြီးသည့်နောက်တွင်၊ ၎င်းတို့၏တည်ရှိခြင်းသည် အဓိပ္ပာယ် အရှိဆုံးသော တည်ရှိမှုဖြစ်လိမ့်မည်။ ၎င်းတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်ကို သက်သေခံသူများ ဖြစ်ကြပြီး၊ အသက်ရှင်ရန် သင့်တော်သည့် လူသားများ ဖြစ်သည်။ ဖျက်ဆီးခြင်းခံရမည့်သူများမှာ ဘုရားသခင်ကို သက်သေခံ မရပ်တည်နိုင်သူများ ဖြစ်ပြီး၊ ဆက်လက် အသက်ရှင်ရန် မသင့်တော်သူများ ဖြစ်သည်။ ၎င်းတို့၏ ပျက်စီးခြင်းသည် ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူ၏ အကျိုးဆက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုသို့သော ပျက်သုဉ်းခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံး ခရီးပန်းတိုင်ဖြစ်သည်။ အနာဂတ်တွင် လူသားမျိုးနွယ်သည် နှစ်သက်ဖွယ်သော နယ်ပယ်ထဲသို့ ဝင်ရောက်သောအခါတွင်၊ လူတို့က တွေ့ရှိလိမ့်မည်ဟု စိတ်ကူးကြသည့် ခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများ တစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသားအသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်ကို လိုက်ကြလိမ့်မည်ဖြစ်ပြီး မိသားစုများသည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲနှင့်ပြီး ဖြစ်လိမ့်မည်။ လုံးဝ ကျဆုံးလျက်၊ စာတန်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ တစ်ဖန် နှောင့်ယှက်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားများသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ရှိတော့မည် မဟုတ်ပေ။ နာခံခြင်း မရှိသော ထိုလူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် ကျိုးနွံနာခံသော လူများသည်သာ ကျန်ရှိလိမ့်မည်။ ထိုသို့ဖြင့် အလွန်နည်းပါးသော မိသားစုများသည် မပျက်စီးဘဲ ရှင်သန်လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် အဘယ်သို့ ဆက်လက် တည်ရှိနိုင်မည်နည်း။ လူသားမျိုးနွယ်၏ ယခင် ဇာတိပကတိ အသက်တာသည် လုံးဝ တားမြစ်ခံရလိမ့်မည်။ ထိုအခါ လူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ မည်သို့ တည်ရှိနိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများ မရှိဘဲ၊ လူသား အသက်တာသည် အတိတ်၏ အသက်တာဟောင်း ဖြစ်တော့မည် မဟုတ်ဘဲ၊ ယင်းထက် အသစ်သော အသက်တာတစ်ခု ဖြစ်လိမ့်မည်။ မိဘများသည် သားသမီးများကို ဆုံးရှုံးလိမ့်မည် ဖြစ်ပြီး သားသမီးများသည် မိဘများကို ဆုံးရှုံးလိမ့်မည်။ ခင်ပွန်းများသည် ဇနီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး ဇနီးများသည် ခင်ပွန်းများကို ဆုံးရှုံးလိမ့်မည်။ လတ်တလောတွင် လူများကြား၌ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ တည်ရှိသော်လည်း၊ အယောက်တိုင်း ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ်မျိုးသည်သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပိုင်ဆိုင်လိမ့်မည်။ ဤလူသားမျိုးနွယ်မျိုးသည်သာ ဘုရားသခင်ကို ကိုးကွယ်နိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။