Christian Song - ဘုရားသခင်၏ နောက်ဆုံးသောကာလ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် လူတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်သည်
14.03.2026
၁
ဘုရား၏ ခေတ်ကို အဆုံးသတ်သည့်နောက်ဆုံး အမှုတွင် သူ၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း ဖြစ်သည်။ ယင်းတွင် သူသည် လူအမြောက်အမြားကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်စွာ ချစ်သောသူတို့ကို စုံလင်အောင်ပြုရန် မဖြောင့်မတ်သည့် အရာအားလုံးကို ထုတ်ဖော်ပြသည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ။ အရာခပ်သိမ်းသည် ယင်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရပြီး ယင်းတို့၏ မတူညီသော အရည်အသွေးများအရ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရသည်။ ဤသည်မှာ ဘုရားသခင်က လူတို့၏ အဆုံးသတ်နှင့် ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အတိအကျပင် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံတွေ့ကြရပါက ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်၍မရနိုင်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခြင်းခံရနိုင်ပေသည်။ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရမှသာ သရုပ်မှန်ကို ပြသည်။ ဆိုးသောသူကို ဆိုးသူနှင့်အတူ၊ ကောင်းသောသူကို ကောင်းသူနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး လူများအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။
၂
ဆိုးယုတ်သောသူများသည် ပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအမြောက်အမြားသည် ဘုရား၏ အုပ်စိုးမှုကို အရှုံးပေးအပ်နှံကြဖို့အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်မြောက်အောင်မြင်ရမည်ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးရောက်ကာ ၎င်းတို့၏ ပုန်ကန်ခြင်းသည် ဆိုးလွန်းသောကြောင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကပါဝင်ပြီး နောက်ဆုံးသောကာလတွင် ထုတ်ဖော်ပြသည့် ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားသာ လူကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေနိုင်သည်၊ မကောင်းမှုကို ထုတ်ဖော်နိုင်ပြီး ထိုသို့ဖြင့် မဖြောင့်မတ်သူအားလုံးသည် ပြင်းထန်စွာ အပြစ်ပေးခံရမည်။ ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုရှိလေသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ထုတ်ဖော်ပြပြီး ဖွင့်ပြလေသည်။ ယင်းမှာ ဘုရားသည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြခြင်း မဟုတ်ပေ။
၃
လူတို့၏ အဆုံးသတ်များကို ထုတ်ဖော်သည့် နောက်ဆုံးသောကာလတွင် ဘုရားသည် ဖြောင့်မတ်သော တရားစီရင်မှု စိုးစဉ်းမျှမရှိဘဲ လူတို့အပေါ် အဆုံးမဲ့ သနားကရုဏာ၊ မေတ္တာကျေးဇူးတော် ဖြင့် ချစ်ပြီး ဆက်လက်၍ ချစ်ဆဲဖြစ်သည်ဟုလည်းကောင်း၊ လူတို့အား ဖြောင့်မတ်သော တရားစီရင်ခြင်းကို မခံစေဘဲ ထိုထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ ပြကာ လူတို့၏ အပြစ်များက မည်မျှ ကြီးလေးပါစေ ခွင့်လွှတ်သည်ဟုလည်းကောင်းဆိုပါစို့။ ဘုရား၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင် ဦးဆောင်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှုသည်သာ လူများကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသတ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ