ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၄
01.10.2020
ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်လျက် နေသည်။ သူသည် စကြဝဠာ နှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေကြီး တစ်ခုလုံးပေါ်ရှိ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ သူ၏ရှေ့မှောက်သို့ တိတ်တဆိတ် ရောက်ရှိကြရမည် ဖြစ်သည်၊ ငါတို့သည် အခိုက်အတန့် ကာလတစ်ခုကိုပင် မည်သည့်အခါမျှ လက်မလွှတ်သင့်ပေ၊ အချိန်တိုင်းတွင် သင်ယူရမည့် အရာများ ရှိနေ၏။ ငါတို့၏ ပတ်လည်မှ ပတ်ဝန်းကျင်သာမက လူများ၊ အကြောင်းကိစ္စများ နှင့် အရာဝတ္ထုများ အားလုံးမှာ သူ၏ ပလ္လင်ထက်မှ အခွင့်ပေးထားခြင်း ဖြစ်သည်။ ညည်းညူသော စိတ်နှလုံး မရှိကြနှင့်၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို သွန်းလောင်းလိမ့်မည် မဟုတ်ပေ။ နာမကျန်းဖြစ်သည့် အခါမျိုး၌၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ ယင်း၏ နောက်ကွယ်တွင် သူ၏ ကောင်းသော ရည်ရွယ်ချက်များကား မုချ ရှိနေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခကို ခံစားရလျှင်ပင်၊ စာတန်ထံမှ အတွေးအခေါ်များကို မယူနှင့်။ ဖျားနာခြင်း ကြားမှပင် ဘုရားသခင်အား ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း ကြားမှာပင် ဘုရားသခင်အား မွေ့လျော်လော့။ ဖျားနာစဉ် စိတ်ပျက်ခြင်း မရှိကြနှင့်၊ ဆက်၍ ရှာဖွေကာ လုံးဝ လက်မလျှော့ကြနှင့်၊ ထိုအခါ ဘုရားသခင်သည် သင်တို့အပေါ် သူ၏ အလင်းကို ထွန်းလင်းစေလိမ့်မည်။ ယောဘသည် မည်မျှ သစ္စာစောင့်သိခဲ့သနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာရာကို တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ဖြစ်လေသည်တကား။ နာမကျန်းမှုအတွင်း၌ တည်ခြင်းသည် ဖျားနာခြင်းအကြောင်း ဖြစ်၍၊ စိတ်ဝိညာဉ်အတွင်း၌ တည်ခြင်းသည် ကျန်းမာခြင်း အကြောင်း ဖြစ်၏။ အကယ်၍ သင့်ထံ၌ ထွက်သက်ဝင်သက် တစ်ခုမျှသာ ရှိဦးတော့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။
ငါတို့သည် အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခဲ့သော အသက်တာကို ပိုင်ဆိုင်သည်။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ယုံကြည်ခြင်း ကင်းမဲ့ကြသည်မှာ ငြင်းစရာမရှိပါပေ- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်ပင် ချိုမြိန်လေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သော ဆေးဝါးပင် ဖြစ်လေသည်တကား။ နတ်ဆိုးများ နှင့် စာတန်အား အရှက်ရစေကြလော့။ အကယ်၍ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆုပ်ကိုင်ပါက၊ ထောက်မခြင်းကို ရရှိမည်ဖြစ်ကာ၊ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို အလျင်အမြန် ကယ်တင်လိမ့်မည်။ ယင်းသည် အရာအားလုံးကို ပပျောက်စေပြီး၊ ခပ်သိမ်းသောအရာတို့ကို ငြိမ်သက်ခြင်း ရှိစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော တံတား တစ်ခုကဲ့သို့ ဖြစ်သည်၊ အသက်ကို မလွတ်တမ်း ဖက်တွယ်ထားသူတို့သည် ၎င်းတံတားကို ဖြတ်ကူးရန် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်၍ ကြောက်ရွံ့သော အတွေးအခေါ်များ ရှိနေလျှင်၊ ၎င်းတို့သည် စာတန်၏ လှည့်ဖြားခြင်းကို ခံနေကြရပြီဖြစ်သည်။ ငါတို့သည် ယုံကြည်ခြင်း တံတားကို ဖြတ်ကျော်ကာ၊ ဘုရားသခင်ထံသို့ ဝင်ရောက်မည်ကို ၎င်းသည် စိုးရိမ်၏။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန်အတွက် ဖြစ်နိုင်သမျှသောနည်းလမ်းတို့ကို ဖန်တီး၏၊ ငါတို့အပေါ် ဘုရားသခင်၏ အလင်း ထွန်းလင်းလာစေရန်အတွက်၊ ငါတို့သည် အမြဲမပြတ် ဆုတောင်းသင့်၏၊ ထို့ပြင် ငါတို့အား စာတန်၏ အဆိပ်အတောက်မှ သန့်စင်စေရန်အတွက် ငါတို့သည် ဘုရားသခင်ကို အမြဲ ကိုးစားရမည် ဖြစ်သည်။ ဘုရားသခင် နှင့် နီးကပ်လာစေရန်အလို့ငှာ၊ ငါတို့၏ စိတ်ဝိညာဉ်များအတွင်း၌ အမြဲမပြတ် လိုက်နာ ကျင့်သုံးနေကြသင့်သည်။ ငါတို့၏ ခန္ဓာစိတ်ဝိညာဉ်တစ်ခုလုံးအပေါ်၌ ဘုရားသခင်အား အုပ်စိုးခွင့်ပြုရမည် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)
နာမကျန်းမှုများတွန်းလှန်ပေးတာ ဘုရား၏ချစ်ခြင်းမေတ္တာပါ
Ⅰ
အရာခပ်သိမ်းရဲ့အရှင် အနန္တတန်ခိုးရှင် ဘုရားသခင် ပလ္လင်တော်၌ ရှင်ဘုရင်အာဏာ စွဲကိုင် အရာခပ်သိမ်းကို အုပ်စိုး၊ ကမ္ဘာကြီးမှာ ကျွန်ုပ်တို့ကို လမ်းပြ ရှေ့တော်သို့ လာရောက်လို့ အချိန်တိုင်း သင်ယူပါလေ လူများ၊ ရုပ်ဝတ္ထုများ၊ အမှုကိစ္စအားလုံး သည် ဘုရားပလ္လင်တော်၏ထိန်းကွပ်မှုအောက်တွင်ရှိ သည် နာမကျန်းဖြစ်ရင် ဘုရားမှာ ကောင်းသော ရည်ရွယ်ချက်များ ရှိပါမည် ညည်းညူမနေပါနဲ့ ကျေးဇူးတော် သူပေးမည် ခန္ဓာ ဆင်းရဲဒုက္ခရောက်လည်း စာတန်ရဲ့အကြံဉာဏ်ကို မယူရ ဖျားနာနေချိန် ဘုရားကို ချီးမွမ်းပါ၊ စိတ်မပျက် နဲ့ အရှုံးမပေး လိုက် နဲ့ ဘုရားကို ရှာသောခါ အလင်း သူပေး လိမ့် မည်
Ⅱ
ယောဘအကြောင်း တွေးကြည့်ပါ၊ သူ ဘယ်လို သစ္စာရှိခဲ့ သ လဲ၊ ဘုရားသခင်ဟာ အစွမ်းထက် တဲ့ သမားတော်ပါ အနာရောဂါ၌ အသက်ရှင် နေရင် သင်ဖျားနာမည်။ ဝိညာဉ်တော်၌ အသက်ရှင် နေရင် အို ကျန်းမာမည် သေလုဆဲဆဲဖြစ်နေရင်တောင် ဘုရား သင့်ကို သေစေမည်မဟုတ် ရှင်ပြန်ထမြောက်သော ခရစ်တော်ရဲ့အသက် ကျွန်ုပ်တို့ အထဲ၌ ရှိလည်း ကျွန်ုပ်တို့ ဘုရားသခင်၏ ယုံကြည်ခြင်းကင်းမဲ့ ကျွန်ုပ်တို့ အထဲကို ဘုရားသခင် ယုံကြည်ခြင်းတွေ ထည့်ပေး ပါစေ၊ နှုတ်ကပတ်တော်အားလုံး နားဝင်ချိုလွန်းတယ် ဘုရားနှုတ်ကပတ်တော်က အားလုံးအတွက် ဆေးပါ၊ နတ်ဆိုးကို အရှက်ရစေပါ၊ စာတန်ကို အရှက်ရစေပါ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့နှလုံးသား ကို အမြန် ကယ်တင်လိမ့်မည် ကျွန်ုပ်တို့အားကိုးရာနှုတ်ကပတ်တော်သည် မကောင်းမှုအားလုံးကို လွင့်ပျယ်စေပြီး အရာအားလုံးကို ငြိမ်းချမ်းစေသည် ယုံကြည်ခြင်းက သစ်လုံးတံတား တစ်စင်း ပမာ၊ သတ္တိနည်း သူတွေ မဖြတ်ကူးနိုင် စွန့်လွှတ်ပေးဆပ်သူများ ဖြတ်ကျော်နိုင် ကြောက်တတ်သောစိတ်များ သွတ်သွင်းကာ စာတန်လှည့်စားနေ ကျွန်ုပ်တို့ ထိုယုံကြည်ခြင်းတံတား ဖြတ်ကူး ဘုရားရှင်ထံ အ ရောက်သွားမှာ စာတန် စိုးထိတ် မကောင်းသောအတွေးများကို ကျွန်ုပ်တို့ ရဲ့ ခေါင်းထဲထည့်ဖို့ စာတန် ကြိုးပမ်း ဘုရားအလင်းရရှိဖို့ မကြာခဏ ဆုတောင်းပါ၊ ကျွန်ုပ်တို့အဆိပ်တောက်ကို သူ ဖယ်ရှားလိမ့်မည် ကိုယ်တော့်အနား တိုးဝင်ချဉ်းကပ်ပါ၊ ကျွန်ုပ်တို့အားလုံးကို ကိုယ်တော် အုပ်စိုး ဘုရားအလင်းရရှိဖို့ မကြာခဏ ဆုတောင်းပါ၊ ကျွန်ုပ်တို့အဆိပ်တောက်ကို သူ ဖယ်ရှားလိမ့်မည် ကိုယ်တော့်အနား တိုးဝင်ချဉ်းကပ်ပါ၊ ကျွန်ုပ်တို့အားလုံးကို ကိုယ်တော် အုပ်စိုး ပါစေ ကျွန်ုပ်တို့အားလုံးကို ကိုယ်တော် အုပ်စိုး ပါစေ
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ