ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၀
29.09.2020
လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် မည်သည်တို့ကို လုပ်ရမည့် အကြောင်းကိုမူ လူအနည်းငယ်သည်သာ သိနားလည်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူများသည် “ဘုရားသခင်” နှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးသော်လည်း ဘုရားသခင်ကို မသိသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုကို သူတို့သိရန်မှာ သာ၍ပင် ဝေးပါသေးသည်။ ဘုရားသခင်ကို မသိသောသူများအားလုံးတွင် ရှုပ်ထွေးသော ယုံကြည်မှုတစ်ခု ရှိသည်မှာ မထူးဆန်းပါ။ လူများသည် ဘုရားသခင်ကို အလေးအနက် မယုံကြည်ကြခြင်း အကြောင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအမှုသည် သူတို့နှင့် အလွန်ပင်စိမ်းနေပြီး အလွန်ထူးဆန်းဖွယ်ရာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိတော့။ တစ်နည်းအားဖြင့်ဆိုသော် လူများသည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို မသိပါက ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးမဝင်ဘဲ ဘုရားသခင်၏ အလိုကို ပြည့်အောင်ဖြည့်ခြင်းမှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင် ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါး ရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ၊ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာ တည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်။ သို့သော် လူအများက ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ကိစ္စသာဖြစ်သည်ဟု မြင်တတ်ကြသည်။ ထိုသို့သော လူများ၏ ယုံကြည်မှုမှာ အဓိပ္ပာယ်ကင်းမဲ့ပြီး ဘုရားသခင်ထံမှ အတည်ပြုခြင်းကို မည်သည့်အခါမျှ ရမည် မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် လမ်းမှားတွင် လျှောက်နေသောကြောင့် ဖြစ်ပါသည်။ အနှစ်သာရ ကင်းမဲ့သည့် အယူဝါဒများတွင် ဘုရားသခင်ကို စကားလုံးများဖြင့်သာ ယုံကြည်နေသူများ ယနေ့တိုင် ရှိနေပါ သည်။ သူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် အနှစ်သာရ မရှိကြောင်းနှင့် သူတို့သည် ဘုရားသခင်၏ အတည်ပြုခြင်းကို မရရှိနိုင်ကြောင်းတို့ကို သူတို့ ဂရုမပြုကြဘဲ ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းနှင့် လုံလောက်သော ဆုကျေးဇူးကို ဆုတောင်းနေဆဲ ဖြစ်သည်။ ငါတို့သည် ရပ်တန့်ပြီး မိမိကိုယ်မိမိ မေးသင့်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် လွယ်ကူသောအရာ ဖြစ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ ဆုကျေးဇူးကို လက်ခံရရှိခြင်းထက် ဘာမျှမပိုဘူးလား။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ ဘုရားသခင်ကို ယုံကြည်သော်လည်း ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ်ဖြည့်ဆည်း နိုင်ပါသလား။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်
၁
လူတွေများစွာယုံကြည်သော်လည်း တချို့သာ ယုံကြည်ခြင်းအစစ်အမှန်ကို သဘောပေါက် ဘုရားရဲ့ဆန္ဒအတိုင်း လိုက်မလုပ်တတ်ကြ “ဘုရား” “ဘုရားအမှုတော်” ဆိုတဲ့စကားလုံးတော့ သိတယ် “ဘုရား” ကိုမသိ၊ “အမှုတော်” ကိုလည်း နားမလည်၊ မျက်စိမှိတ်ပဲ ယုံရတာပေါ့ ဆန်းကြယ်ပြီး အကျွမ်းတဝင်မရှိတော့ အလေးအနက်မထားကြတော့ဘူးပေါ့ ဘုရားရဲ့တောင်းဆိုချက်တွေ မှီဖို့ ဝေး… ဝေးလှပါတယ်၊ ဟိုး… ဝေး ဘုရားကိုမသိလျှင်၊ လုပ်ဆောင်ချက်တွေကိုလည်း နားမလည်လျှင် ဘုရားအတွက်အသုံးဝင်နိုင်ပါ့မလား ဘုရားရဲ့ဆန္ဒကို ဖြည်းဆည်းပေးနိုင်မလား ဘုရားရှိကြောင်း ယုံကြည်ရုံနဲ့တော့မပြီးနိုင်ဘူး ရိုးရှင်းလွန်းပါတယ်၊ ဘာသာရေးအငွေ့အသက်တွေပြင်းထန်လွန်းတယ် ယုံကြည်မှုအစစ်နဲ့ မတူပါလား ယုံကြည်မှုစစ်ဆိုသည်မှာ ဘုရားရဲ့လုပ်ဆောင်ချက်၊ စကားတွေကို တွေ့ကြုံခံစားပြီး ဘုရားရဲ့အကြွင်းမဲ့အာဏာကို ယုံကြည်ခြင်းသာဖြစ်သည် ဒီလိုဆို ယုတ်ညံ့တဲ့စိတ်ထားတွေက လွတ်မြောက်နိုင်မယ် ဘုရားရဲ့ ဆန္ဒတွေကို ဖြည်းဆည်းပြီး သူ့ကို သဘောပေါက်နားလည်လာမယ် စစ်မှန်တဲ့ ယုံကြည်မှုရဲ့ လမ်းစဉ်ပါ စစ်မှန်တဲ့ ယုံကြည်မှုရဲ့ ကျင့်စဉ်ပါ
၂
ယုံကြည်မှုဟာ လွယ်ကူတယ်၊ မလေးနက်ဘူးလို့ ထင်တတ်ကြတယ် ဒီလိုအဓိပ္ပာယ်မဲ့တဲ့ ယုံကြည်မှုမျိုးကို ဘုရားက ဘယ်လို နှစ်သက်နိုင်မလဲ ဘုရားရှိကြောင်း ယုံကြည်ရုံနဲ့တော့မပြီးနိုင်ဘူး ရိုးရှင်းလွန်းပါတယ်၊ ဘာသာရေးအငွေ့အသက် ပြင်းထန်လွန်းတယ် ယုံကြည်မှုအစစ်နဲ့ မတူပါလား ယုံကြည်မှုစစ်ဆိုသည်မှာ ဘုရားရဲ့လုပ်ဆောင်ချက်နဲ့ စကားတွေကို တွေ့ကြုံခံစားပြီး ဘုရားရဲ့အကြွင်းမဲ့အာဏာကို ယုံကြည်ခြင်းသာဖြစ်သည် ဒီလိုဆို ယုတ်ညံ့တဲ့စိတ်ထားတွေက လွတ်မြောက်နိုင်မယ် ဘုရားရဲ့ ဆန္ဒတွေကိုဖြည်းဆည်းပြီး သူ့ကို သဘောပေါက်နားလည်လာမယ် စစ်မှန်တဲ့ ယုံကြည်မှုရဲ့ လမ်းစဉ်ပါ စစ်မှန်တဲ့ ယုံကြည်မှုရဲ့ ကျင့်စဉ်ပါ စစ်မှန်တဲ့ ယုံကြည်မှုရဲ့ ကျင့်စဉ်ပါ စစ်မှန်တဲ့ ယုံကြည်မှုရဲ့ ကျင့်စဉ်ပါ
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ