ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၆
08.11.2020
ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို ရရှိလိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို ကိုယ်တော်ထံ၌ သွန်းလောင်းပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေးအသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားကို သူ့အား မပေးပါက၊ ထို့အပြင် ၎င်းတို့၏ နှလုံးသားသည် သူ့ထံ၌ မရှိသကဲ့သို့ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက၊ သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်တစ်မျိုးဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤလူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ဤလူမျိုးသည် ဘုရားသခင်၏အမှုအဖို့ အဖြည့်ခံတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်ထဲက အလှဆင်မှုတစ်ခုပမာ၊ မလိုလားအပ်သကဲ့သို့ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အသုံးမပြုပေ။ ထိုသို့သော လူတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခွင့်အရေး မရှိရုံမက၊ ၎င်းတို့၏စုံလင်ခံရခြင်း အဖြစ်တွင် တန်ဖိုးတစ်ခုတစ်လေပင် မရှိချေ။ ဤလူစားမျိုးသည် အမှန်တွင် လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုနိုင်သည့်အရာ ဘာမျှမရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့အားလုံးသည် စာတန်၏ အပိုင်စီးခြင်း ခံရကာ အလွန်အမင်း ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို သုတ်သင်ဖယ်ရှားလိမ့်မည်။ လောလောဆယ်တွင်၊ လူတို့ကို အသုံးပြုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများ ပြီးစီးရန်အလို့ငှာ ၎င်းတို့၏ လိုလားအပ်သော အစိတ်အပိုင်းများကို အသုံးပြုသည်သာမက၊ ၎င်းတို့၏ မလိုလားအပ်သော အစိတ်အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲစေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်သည်ဟု ယူဆပါစို့၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ချီးမွမ်းမှုကို သင် ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ဘုရားသခင်ကို သင် ကျေနပ်စေခြင်း ရှိ မရှိ ဆိုသည်အတွက် အဓိကသော့ချက်မှာ သင် တက်တက်ကြွကြွ ဝင်ရောက်နိုင်ခြင်း ရှိ မရှိဆိုသည့်အရာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က လူတစ်ဦးကို ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို အသုံးပြုသောအခါ ယင်းက ၎င်းတို့အား ဘယ်သောအခါမျှ အပျက်သဘော မဆောင်စေဘဲ အမြဲတစေ တက်တက်ကြွကြွ တိုးတက်စေသည်။ ဤလူသည် အားနည်းချက်များ ရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ဘဝများကို အသက်ရှင် နေထိုင်ပုံအား ထိုအားနည်းချက်များအပေါ် အခြေခံခြင်းကို ရှောင်ရှားနိုင်သည်။ ၎င်းတို့၏အသက်တာ၌ ကြီးထွားမှုနှောင့်နှေးခြင်းကို ရှောင်ရှားနိုင်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့ ဆက်လက် ကြိုးစားနိုင်ပေသည်။ ဤသည်မှာ စံနှုန်းတစ်ခုပေတည်း။ ဤအရာကို သင် ရယူနိုင်ပါက ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင်ရရှိပြီးဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ လူတစ်ဦးသည် အမြဲတစေ အပျက်သဘောဆောင်ပါက၊ ပြီးလျှင် ဉာဏ်အလင်းပေးမှုကို ရရှိပြီး မိမိတို့ကိုယ်ကိုယ် သိရှိလာပြီးနောက်တွင်ပင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ မတုန်မလှုပ် ဖြစ်မြဲဖြစ်ပြီး၊ ထရပ်ကာ ဘုရားသခင်နှင့်အတူ ပူးပေါင်းလျက် မလုပ်ဆောင်နိုင်ပါက၊ ဤလူစားမျိုးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ရရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိပေ။ လူတစ်ဦး အပျက်သဘောဆောင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မလှည့်သေးသကဲ့သို့၊ ၎င်းတို့၏ စိတ်ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိမခံရသေးဟု ဆိုလိုပေသည်။ ဤအရာကို လူအားလုံး နားလည်သင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏
သင်၏ စိတ်နှလုံးကို ဘုရားအား ပေးသောအခါ
၁
ဘုရားကို ချစ်မြတ်နိုးဖို့နှင့် ယုံကြည်ဖို့ရာ ဘုရားလူအပေါ် ကျေနပ်မှု ရရှိစေရန် လူသည် ဘုရားရဲ့ ဝိညာဉ်တော် ကို စိတ်နှလုံးဖြင့် ထိတွေ့သင့်ပါတယ်။ ဝိညာဉ်တော် ဘုရားရဲ့ နှိုးဆော် မှုကို ရ ရှိရန် လူဟာ နှုတ်ကပတ်တော် ကိုနှလုံး သွင်းရ မည် ဖြစ်တယ်။ အကယ်၍ လူတွေဟာ ဘုရားထံ စိတ်နှလုံးကို မအပ်နှံ၊ သူ့ကို မယုံကြည်၊ သူ့ဝန်ထုပ်ကို သူတို့ ဝန်ထုပ်အဖြစ် လက်မခံ၊ ""သူတို့ဟာ ဘုရားကို လှည့်ဖြား ၍လုပ်ဆောင်သမျှတွင် ဘာသာရေးကို ကျင့်ကြံခြင်းသာဖြစ်။"" ထိုလုပ်ဆောင်မှုဟာ ဘုရားရဲ့ ချီး မွမ်း ခြင်း မရနိုင်ပါ။ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ပေး အပ်နှံသောအခါ၊ ပို၍ နက်ရှိုင်းစွာ ဘုရားနှင့် ပေါင်းစပ်နိုင်ပြီး၊ ပို၍ မြင့်သော အသိအမြင် နယ်ပယ်သို့ သင်ဝင်ရောက်နိုင်မည်။ သင့်ရဲ့ အားနည်းချက်နှင့် အပြစ်အနာ အဆာများ အကြောင်း ပို၍ သိ နားလည်လာပြီး၊ ဘုရား အလိုတော်အတိုင်း လိုက်လျှောက်လိုသော စိတ်ထက်သန်ကာ၊ လေးလံမှု မရှိဘဲ တက်ကြွစွာ ဝင်ရောက် နိုင်မည်။ ဤအချက်က သင်ဟာ မှန်ကန်သော သူ တစ်ယောက် ဖြစ်ကြောင်းကို ပြတယ်။
၂
အကယ်၍ သင့်စိတ်နှလုံးသည် ဘုရားထံ အသွန်းလောင်းခံပြီး၊ ကိုယ်တော့် ရှေ့တော်၌ ငြိမ် ဝပ်စွာ နေလျှင်၊ သင်ဟာ သန့် ရှင်း တဲ့ ဝိ ညာဉ်တော် အသုံးပြုခြင်း ကိုခံ၍၊ သိမြင် နားလည်မှု ကို ရရှိလိမ့်မည်။ သင်ချို့တဲ့သောအရာကို သန့်ရှင်းသော ဝိညာဉ်တော်က ဖြည့်ဆည်းပေးမည်။ သင့်ရဲ့ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်သောအခါ၊ ဝိညာဉ်အထဲ၌ သိမ်မွေ့သော လှုပ်ရှားမှု တစ်ခုစီနှင့် ဘုရားသခင်ထံမှ အသိဉာဏ်တစ်ခုစီ တိုင်းကို သိနားလည် လာမည်ဖြစ်သည်။ ဤအချက်ကို စွဲကိုင်ထားပါ ဘုရားအားဖြင့် စုံလင်သော လမ်းမှန်ပေါ် သင်ရောက်ရှိလိမ့်မည်။
၃
လူတို့ဟာ သူတို့စိတ်နှလုံး ကိုဘုရားသခင်အား မပေးအပ်သောအခါ လူရဲ့ ဝိညာဉ်ဟာ ထိုင်းမှိုင်း လေးလံလာသည်။ ထိုသို့သောသူဟာ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ဘယ်တော့မှ မှန်ကန်စွာ နား မလည်၊ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးလည်းမရှိ၊ သူတို့ရဲ့စိတ်နေ သဘောထားလည်း ဘယ်တော့မှ ပြောင်းလဲနိုင်မည် မဟုတ်။ လူရဲ့ စိတ်သဘောထား ပြောင်းလဲခြင်း ဆို သည် မှာ ဘုရား မြွက်ကြားခဲ့သော နှုတ်ကပတ်တော် ကြောင့် အသိဉာဏ်ပွင့်လင်းလာကာ မိမိ နှလုံးသားကို ဘုရားထံ အကြွင်းမဲ့ အပ်နှံခြင်းသာ ဖြစ်တယ်။ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ပေး အပ်နှံသောအခါ၊ ပို၍ နက်ရှိုင်းစွာ ဘုရားနှင့် ပေါင်းစပ်နိုင်ပြီး၊ ပို၍ မြင့်သော အသိအမြင် နယ်ပယ်သို့ သင်ရောက်မည်။ သင့်ရဲ့ အားနည်းချက်နှင့် အပြစ်အနာ အဆာများ အကြောင်း ပို၍ သိ နားလည်လာပြီး၊ ဘုရား အလိုတော်အတိုင်း လိုက်လျှောက်လိုသော စိတ်ထက်သန်ကာ၊ လေးလံမှု မရှိဘဲ တက်ကြွစွာ ဝင်ရောက် နိုင်မည်။ ဤအချက်က သင်ဟာ မှန်ကန်သော သူ တစ်ယောက် ဖြစ်ကြောင်းကို ပြတယ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ