ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၄

20.02.2021

ဘုရားသခင်၌ ယုံကြည်ခြင်းသည် ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်လာ၏၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်၏။ ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဓမ္မသီချင်း သီဆိုခြင်း၊ ချီးမွမ်းခြင်း၊ နှလုံးသွင်းဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့်ဆိုင်သည့် လက်ရှိ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုအားလုံးသည် “ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခု” နှင့် ညီမျှသလော။ သင်တို့ထဲမှ မည်သူမျှ သိပုံမရချေ။ ကောင်းမွန်သော ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် ဘုရားသခင် ရှေ့မှောက်၌ နေထိုင်သည့် အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသည့်အခါ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်ပြီး ဆုတောင်းခြင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ လူတို့သည် ဘုရားသခင်၏ လက်ရှိအမှုနှင့်ဆိုင်သော ပိုမိုရှင်းလင်းပြီး ပိုမိုနှံ့စပ်သော သိနားလည်ခြင်းတစ်ခု ရရှိနိုင်၏။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းသစ်တစ်ခုကိုလည်း ၎င်းတို့ ရရှိနိုင်ပြီး လမ်းကြောင်းဟောင်းကို ဖက်တွယ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သမျှအလုံးစုံတို့သည် အသက်တာတွင် ကြီးထွားမှု ရရှိဖို့ဖြစ်ပေလိမ့်မည်။ ဆုတောင်းခြင်းအတွက်မူ၊ ကြားကောင်းသည့် စကားအနည်းငယ်ကို ပြောဆိုခြင်း သို့မဟုတ် သင်မည်မျှ အကြွေးတင်ရှိသည်ကို ပြဖို့ ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်ရည်စက်လက်ဖြစ်ခြင်းအကြောင်း မဟုတ်ချေ။ ယင်းထက် ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ မိမိကိုယ်ကိုယ် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုဖို့ လေ့ကျင့်ရန် ဖြစ်သည်။ နေ့တိုင်း မိမိ၏ စိတ်နှလုံးက အသစ်သော အလင်းဆီသို့ ဆွဲဆောင်ခံရဖို့အလို့ငှာနှင့် လူတစ်ဦးအနေဖြင့် မတုန်မလှုပ် မဖြစ်ဖို့ သို့မဟုတ် မပျင်းရိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ် ခြေချနိုင်ဖို့အလို့ငှာ မိမိစိတ်နှလုံးကို ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်စေခွင့်ပေးရင်း၊ ကိစ္စရပ်အလုံးစုံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းပြမှုကို ရှာဖွေဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်ရန် ဖြစ်ပေသည်။ ယနေ့ခေတ်တွင် လူအများစုသည် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကိုသာ အာရုံစိုက်ကြသော်လည်း သမ္မာတရားကို လိုက်စားဖို့နှင့် အသက်တာ ကြီးထွားမှုကို ရရှိဖို့အလို့ငှာ ထိုသို့ မလုပ်ဆောင်ကြချေ။ ဤသည်မှာ ၎င်းတို့ လမ်းလွဲသွားကြသည့်နေရာ ဖြစ်သည်။ အသစ်သောအလင်းကို ရရှိနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ မပြောင်းလဲသည့် အချို့သော လူများလည်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို ရရှိဖို့ရန် ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ဘာသာရေး အယူအဆဟောင်းများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြလေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည်မှာ ဘာသာရေးအယူအဆများ ခြယ်သထားသည့် အယူဝါဒ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့အလင်းကို တကယ် ရရှိနေခြင်း မဟုတ်ကြချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများက စွန်းထင်းနေလေသည်။ ၎င်းတို့သည် ထုပ်ပိုးမှု အပြင်အဆင်သစ်ထဲက မပြောင်းလဲသည့် အလေ့အထဟောင်းများဖြစ်သည်။ ၎င်းတို့ မည်မျှကောင်းကောင်း လက်တွေ့လုပ်ဆောင်ပါစေ၊ သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်ကြပေသည်။ ဘုရားသခင်သည် နေ့စဉ် ထိုးထွင်းသိမြင်မှုအသစ်နှင့် သိနားလည်မှုတို့ကို ရရှိရန် တောင်းဆိုရင်း နှင့် ၎င်းတို့ကို ခေတ်နောက်မကျဖို့ရန်နှင့် အပ်ကြောင်းမထပ်ကြဖို့ရန် တောင်းဆိုရင်း လူတို့ကို နေ့စဉ် အသစ်သော အရာများ လုပ်ဆောင်ခြင်းထဲ ဦးဆောင်၏၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ အပြင်ပန်း ကိစ္စများနှင့်ပတ်သက် စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အလုပ်များသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်၏ မွေ့လျော်ဖို့ ဘုရားသခင်၏ ရှေ့မှောက် ယူဆောင်ရန် ငြိမ်းအေးသော စိတ်နှလုံးမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အသစ်သော အမှုကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မတူကွဲပြားစွာ မစီစဉ်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို အသစ်သော နည်းလမ်းဖြင့် မလုပ်ဆောင်ပါက၊ ပြီးလျှင် မည်သည့် အသစ်သော သိနားလည်မှုကိုမျှ မလိုက်စားဘဲ၊ ယင်းအစား သိနားလည်မှု အဟောင်းကို ဖက်တွယ်ပြီး သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အနည်းငယ်သော အလင်းသစ်အချို့ကိုသာ ရရှိပါက၊ သင်ကဲ့သို့သော လူတို့သည် ဤရေစီးကြောင်းထဲတွင် နာမည်အရသာ ရှိနေသည်၊ အမှန်တွင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပက ဘာသာရေးဆိုင်ရာ ဖာရိရှဲများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။