ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၁

25.02.2021

ဘုရားသခင် ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို သင်၏အသက်တာ အဖြစ် လက်ခံရန်၊ ပထမဦးစွာ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေရမည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသည့် အခါမှသာ၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပေးပြီး အသိပညာ ပေးလိမ့်မည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေလေလေ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိနိုင်လေလေ ဖြစ်သည်။ ဤအရာ အားလုံးအတွက် လူတို့သည် ဘာသာတရား ကိုင်းရှိုင်းမှုနှင့် ယုံကြည်မှု လိုအပ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့ စုံလင်စေခြင်းခံရနိုင်ပေသည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံကျသော သင်ခန်းစာမှာ ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်းချမ်းနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တွင် သင်သည် ငြိမ်းချမ်းနေမှသာ သင်၏ ဝိညာဉ်ရေးပိုင်းဆိုင်ရာ လေ့ကျင့်မှုအားလုံး ထိရောက်ပေလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်စွမ်းမရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်မည်သည့်အရာကို လုပ်ဆောင်နေပါစေ ဘုရားသခင် ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေပါက၊ သင်သည် ဘုရားသခင် မျက်မှောက်တွင် အသက်ရှင်သောသူတစ်ဦးဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေပါစေ သင်၏စိတ်နှလုံးက ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသည့် လူတစ်ဦးဖြစ်ကြောင်း ဤအရာက သက်သေပြပေသည်။ သင်သည် အခြားသူများနှင့် စကားပြောနေသည့်အခါ သို့မဟုတ် သင် လမ်းလျှောက် နေသည့်အခါတွင်၊ “ကျွန်ုပ်စိတ်နှလုံးသည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေပြီး ပြင်ပအရာများအပေါ် အာရုံမစိုက်ပါ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သည်” ဟု သင်ပြောနိုင်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသောသူ တစ်ဦးဖြစ်ပေသည်။ သင့်စိတ်နှလုံးကို ပြင်ပကိစ္စရပ်များဆီသို့ ဆွဲခေါ်သွားသည့် မည်သည့်အရာမဆိုနှင့် မပတ်သက်လေနှင့်၊ သို့မဟုတ် သင့်စိတ်နှလုံးကို ဘုရားသခင်နှင့် ကင်းကွာစေသည့် လူများနှင့် မပတ်သက်လေနှင့်။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ရာမှ သင်၏ စိတ်နှလုံးကို အာရုံပျက်စေနိုင်သည့် မည်သည့်အရာကိုမဆိုကို ဘေးဖယ်လော့၊ သို့မဟုတ် ထိုအရာမှ ဝေးဝေးတွင် နေလော့။ ဤအရာသည် သင်၏ အသက်တာအဖို့ သာ၍အကျိုးဖြစ်စေသည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ကြီးမြတ်သည့် အမှုအတွက် အချိန်ကာလ၊ ဘုရားသခင်သည် လူတို့ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေသည့် အချိန်ကာလ အတိအကျ ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာမည့်သူတစ်ဦး မဟုတ်ပေ။ သင်သည် ဘုရားသခင်ထက်အခြား အရာများကို လိုက်စားပါက၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရဖို့ သင့်အတွက် နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ ယနေ့တွင် ဘုရားသခင်၏ ထိုသို့သော မိန့်မြွက်ချက်များကို ကြားနိုင်သည့်တိုင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်သူများသည် သမ္မာတရားကို မချစ်သူများနှင့် ဘုရားသခင်ကို မချစ်သောလူများဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် သင့်ကိုယ်သင် မဆက်ကပ်ပါက၊ မည်သည့်အရာကို သင် စောင့်ဆိုင်း နေသနည်း။ မိမိကိုယ်ကို ဆက်ကပ်ခြင်းမှာ မိမိစိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေစေခြင်း ဖြစ်သည်။ ယင်းသည် စစ်မှန်သော ဆက်ကပ်ခြင်း ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ အမှန်တကယ် ဆက်ကပ်သူ မည်သူကိုမဆို ဘုရားသခင်က စုံလင်စေမည်မှာ သေချာသည်။ အဘယ်အရာ ဖြစ်စေကာမူ မည်သည့်အရာကမျှ သင့်ကို မနှောင့်ယှက်နိုင်။ သင့်ကို ပြုပြင်ရန်ဖြစ်စေ၊ သင့်ကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်စေ၊ သို့မဟုတ် စိတ်ပျက်ခြင်းကို သင် ကြုံရသည်ဖြစ်စေ ရှုံးနိမ့်မှုကို သင်ကြုံရသည်ဖြစ်စေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေသင့်၏။ လူများက သင့်ကို မည်သို့ဆက်ဆံပါစေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်း နေသင့်သည်။ မည်သည့် အခြေအနေများကို သင် ကြုံရပါစေ၊ အခက်အခဲ၊ ဆင်းရဲဒုက္ခ၊ ဖိစီးနှိပ်စက်မှု၊ သို့မဟုတ် အမျိုးမျိုးသော စမ်းသပ်မှုများဖြင့် သင် ပတ်ချာဝိုင်းခံရပါစေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေသင့်သည်။ ယင်းကား စုံလင်ခံရခြင်းဆီသို့ သွားရာ လမ်းကြောင်းများ ဖြစ်သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေမှသာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များသည် သင့်အဖို့ ရှင်းလင်းလာလိမ့်မည်။ ထိုအခါ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးမှုတို့ကို ပိုမိုမှန်ကန်စွာနှင့် သွေဖည်ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်နိုင်မည်၊ သင်၏ အစေခံခြင်းကို သာ၍ ရှင်းလင်းသော လမ်းညွှန်မှုပေးမည့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမိုရှင်းလင်းပြတ်သားမှုဖြင့် သဘောပေါက်နိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် လမ်းပြမှုတို့ကို ပိုမိုတိကျစွာ သဘောပေါက်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် နေထိုင်ခြင်းအတွက် စိတ်ချနိုင်ပေသည်။ ယင်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေခြင်းအားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မရှင်းမလင်းဖြစ်ပါက၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းမရှိပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောမပေါက်နိုင်ပါက၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရမည့် ကိုယ်ကျင့်တရားများ ကင်းမဲ့ပါက၊ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း၏ ရည်ရွယ်ချက်မှာ အလေးအနက်ရှိဖို့နှင့် လက်တွေ့ဆန်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် မှန်ကန်မှုနှင့် ပွင့်လင်းမှုမြင်သာမှုတို့ကို ရှာဖွေဖို့နှင့် နောက်ဆုံးတွင် သမ္မာတရားကိုနားလည်ရန်နှင့် ဘုရားသခင်ကို သိရှိရန် ဖြစ်သည်။

သင်၏စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် မကြာခဏ ငြိမ်းချမ်းနေခြင်း မရှိပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည့် နည်းလမ်းမရှိချေ။ သန္နိဋ္ဌာန်မရှိခြင်းသည် နှလုံးသားမရှိခြင်းနှင့် သဘောသွားညီမျှပြီး နှလုံးသားမရှိသည့် လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်ပေ၊ ထိုကဲ့သို့သော လူသည် ဘုရားသခင်က အမှုမည်မျှ လုပ်ဆောင်သည် သို့မဟုတ် ဘုရားသခင်က မည်မျှစကားပြောဆိုသည်ကို မသိသကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိပေ။ ဤသည်မှာ နှလုံးသားမရှိသည့်လူတစ်ဦး ဖြစ်သည် မဟုတ်လော။ နှလုံးသားမရှိသည့် လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သလော။ နှလုံးသားမရှိသည့် လူများကို ဘုရားသခင် စုံလင်စေမည့် နည်းလမ်းမရှိပေ- ၎င်းတို့သည် ဝန်တင်တိရစ္ဆာန်များနှင့် မခြားပေ။ ဘုရားသခင်က ရှင်းလင်းစွာနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ဖြစ်သည်၊ သို့သော် သင့်နှလုံးသားသည် မလှုပ်မရှား ဖြစ်မြဲဖြစ်နေပြီး၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းငှာ မတတ်စွမ်းနိုင်မြဲဖြစ်လေသည်။ သင်သည် ထုံထိုင်းသော တိရစ္ဆာန် တစ်ကောင် မဟုတ်လော။ လူအချို့တို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို လက်တွေ့လုပ်ဆောင်ရာတွင် လမ်းလွဲသွားကြ၏။ ချက်ပြုတ်ရမည့်အချိန်တွင် ၎င်းတို့ ချက်ပြုတ်ခြင်း မရှိကြသကဲ့သို့ အိမ်မှုကိစ္စ လုပ်ရမည့်အချိန်တွင် မလုပ်ကြဘဲ ဆုတောင်းခြင်းနှင့် နှလုံးသွင်းဆင်ခြင်ခြင်းကိုသာ ဆက်လုပ် ကြလေသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းသည် မချက်ပြုတ်ခြင်း သို့မဟုတ် အိမ်မှုကိစ္စများ မလုပ်ခြင်း မဟုတ်သကဲ့သို့ မိမိဘဝကို အသက်မရှင်ခြင်း မဟုတ်ပေ။ ယင်းထက် ပုံမှန်အခြေအနေ အလုံးစုံတွင် မိမိ၏ စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းစေနိုင်ခြင်းနှင့် မိမိ၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာပေးနိုင်ခြင်း ဖြစ်သည်။ သင်ဆုတောင်းသည့်အခါ၊ ဘုရားသခင် ရှေ့မှောက်တွင် ဆုတောင်းရန် သင့်တင့်လျောက်ပတ်စွာ ဒူးထောက် သင့်၏၊ အိမ်မှုကိစ္စများကို သင် လုပ်ဆောင်သည့်အခါ သို့မဟုတ် အစားအသောက် ပြင်ဆင်သည့်ခါ၊ ဘုရားသခင် ရှေ့မှောက်တွင် သင့်စိတ်နှလုံးကို ငြိမ်သက်စေလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆလော့၊ သို့မဟုတ် ဓမ္မတေးများကို သီဆိုလော့။ မည်သည့် အခြေအနေ၌ သင်ရောက်ရှိပါစေ၊ လက်တွေ့လုပ်ဆောင်ဖို့ ကိုယ်ပိုင်နည်းလမ်း သင့်မှာရှိသင့်၏၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ သင်တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်စေရန် သင်၏ အစွမ်းရှိသမျှဖြင့် ကြိုးစားသင့်သည်။ အခြေအနေပေးသည့်အခါ၊ စွဲစွဲမြဲမြဲ ဆုတောင်းလော့၊ အခြေအနေ မပေးသည့်အခါတွင်၊ သင့်လက်ထဲရှိ အလုပ်ကို လုပ်နေစဉ် သင့် စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားနိုင်သောက်နိုင် သည့်အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့။ သင်ဆုတောင်းနိုင်သည့် အချိန်တွင် ဆုတောင်းလော့၊ ဘုရားသခင်ကို အာရုံပြုနိုင်သည့်အချိန်တွင် သူ့ကို အာရုံပြုလော့။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ သင်၏ပတ်ဝန်းကျင် နှင့်အညီ ဝင်ရောက်ခြင်းအတွက် မိမိကိုယ်ကိုယ် အစွမ်းကုန် လေ့ကျင့်လော့။ လူအချို့တို့သည် မည်သည့်အရေးကိစ္စမှ မရှိသည့်အချိန်တွင်၊ ဘုရားသခင် ရှေ့မှောက်၌ ငြိမ်းချမ်း နေနိုင်ကြသော်လည်း တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏စိတ်များက လေသွားကြသည်။ ယင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မဟုတ်ပေ။ တွေ့ကြုံရန် မှန်ကန်သော နည်းလမ်းမှာ ဤသို့ဖြစ်၏- မည်သည့် အခြေအနေအောက်တွင်ဖြစ်စေ မိမိ၏ စိတ်နှလုံးက ဘုရားသခင်ကို မစွန့်ခွာပေ၊ သို့မဟုတ် ပြင်ပလူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများက စိတ်အနှောင့်အယှက် မဖြစ်စေပါ၊ ထိုအခါမှသာ ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေသောလူတစ်ဦး ဖြစ်ပေသည်။ လူအချို့က အစည်းအဝေးများတွင် ၎င်းတို့ ဆုတောင်းသောအခါ ဘုရားသခင် ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ ငြိမ်းချမ်းနေနိုင်သော်လည်း၊ အခြားသူများနှင့် မိတ်သဟာယပြုရာတွင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းငှာ ၎င်းတို့ မတတ်စွမ်းနိုင်သကဲ့သို့ ၎င်းတို့၏ အတွေးများက အထိန်းအကွပ်မဲ့သွားကြသည်ဟု ဆို၏။ ဤကား ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မဟုတ်ပေ။ ယနေ့တွင် လူအများစုတို့သည် ဤအခြေအနေတွင် ရှိကြ၏၊ ၎င်းတို့၏ စိတ်နှလုံးတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေခြင်းငှာ မတတ်စွမ်းနိုင်ပေ။ ထို့ကြောင့် ဤနယ်ပယ်တွင် သင်တို့သည် မိမိတို့ကိုယ်ကိုယ် လေ့ကျင့်ရာတွင် ပိုမို အားထုတ်ရမည်၊ ဘဝအတွေ့အကြုံနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ တစ်လှမ်းချင်း ဝင်ရောက်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရခြင်း လမ်းကြောင်းပေါ် တက်လှမ်းရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။