ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၀

28.02.2021

လူသားအပေါ် ဘုရားသခင်တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်းရှိရုံမျှသာမဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်တာ၌ ဝင်ရောက်မှုအကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ သူသည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတစ်ဦးသည် စစ်မှန်မှုကို အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက စိတ်သဘောထားပြောင်းလဲခြင်း ဖြစ်မြောက် နိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများအဖွဲ့တစ်ဖွဲ့အား လေ့ကျင့်ပေးခြင်းဟူသည် စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော လူများ သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သောလူများအား လေ့ကျင့်ပေးခြင်းနှင့် မတူပေ၊ သို့သော် ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်တိုင်း အသက်ရှင်နေထိုင်နိုင်မည့် လူသားများ၊ သူတို့ရင်ဆိုင်ရသည့်အတားအဆီးများကို ပဓာနမထားဘဲ အရှုံးမပေးသောသူများနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်အညီ အချိန်တိုင်း အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်လှည့်မသွားသည့်သူများအား လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ပြောသည့် စစ်မှန်မှုဖြစ်ပြီး၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုမှုပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမြင်ပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပါ၊ ဤသည်မှာ လူသားများ၏ ဝိညာဉ်အသက်တာမဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပြီး လူသားများ၏ အောင်မြင် ဖြစ်ထွန်းမှုများ ဘာတစ်ခုမျှမပါဝင်ပေ။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲကို သည်းခံရမည်ဖြစ်ပြီး၊ ထို့ထက်မကပင် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည်ဖြစ်သည်၊ ယင်းသည် ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် သူတို့အသက်ရှင် နေထိုင်သည့်အရာပင် ဖြစ်သည်။ ဤအရာကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်သည်။ စစ်မှန်မှုအကြောင်းကို သင်ပြောဆိုနိုင်သောကြောင့် စစ်မှန်မှုကို သင်ပိုင်ဆိုင်ရလိမ့်မည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီမှုလည်းမရှိသည့်ပြင် ၎င်းတွင် တကယ့်အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို ထပ်မံ၍ မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာသိနားလည်ကြသူများအားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ သူတို့၌ သိခြင်းတစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်အသက်တာမူကား သာ၍နည်းလေ၏၊ သူတို့သည် စစ်မှန်မှုမရှိသည့် ပညာမဲ့သောသူများဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သောသူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ လူသားများက မယုံကြည်သူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သောသူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ရန် ပျက်ကွက်သောသူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေဖို့အလို့ငှာ ဖြစ်သည်။ လူတိုင်း စစ်မှန်မှုအကြောင်း ပြောနိုင်စွမ်းရှိရန်သာမဟုတ်ဘဲ ပိုအရေးကြီးသည်မှာ လူတိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်စွမ်းရှိရန် ဖြစ်သည်။ လူသားသိရှိထားသည့် စစ်မှန်မှုမှာ အပေါ်ယံဆန်လွန်းသည်၊ ယင်းသည် တန်ဖိုးမရှိ၊ ယင်းက ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်၊ ယင်းသည် အလွန်နိမ့်ပါးပြီး ဖော်ပြရန်ပင်မထိုက်တန်၊ များစွာ ချို့တဲ့နေပြီး၊ ဘုရားသခင်၏တောင်းဆိုမှုများ၏စံနှုန်းမှ လွန်စွာဝေးကွာ နေသည်။ သင်တို့အထဲ၌ မည်သူသည် မိမိ၏သိနားလည်ခြင်း အကြောင်းကို ပြောတတ်ရုံရှိသော်လည်း လမ်းကြောင်းကို ညွှန်ပြနိုင်စွမ်း မရှိသည်ကို မြင်တွေ့ရန်နှင့် သင်တို့အထဲ၌ မည်သူသည် အသုံးမဝင်သော အမှိုက်ဖြစ်သည်ကို မြင်တွေ့ရန်အတွက် သင်တို့ အယောက်စီတိုင်းသည် ကြီးမားသော စုံစမ်းစစ်ဆေးခြင်းကို ခံရလိမ့်မည်။ အနာဂတ်၌ ဤအရာကို အမှတ်ရလော့။ အနှစ်သာရမဲ့သော သိနားလည်ခြင်းများ အကြောင်းကို မပြောလေနှင့်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းအကြောင်း နှင့် စစ်မှန်မှုအကြောင်းကိုသာ ပြောလော့။ စစ်မှန်သောသိခြင်းမှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသို့ ကူးပြောင်းလော့၊ ထိုမှတဖန် လက်တွေ့လုပ်ဆောင်ခြင်းမှ စစ်မှန်မှုအား အသက်ရှင်နေထိုင်ခြင်းသို့ ကူးပြောင်းလော့။ အခြားသူများအား သြဝါဒပေးခြင်း မပြုနှင့်၊ စစ်မှန်သောသိခြင်းအကြောင်း မပြောနှင့်။ အကယ်၍ သင်၏ သိနားလည်ခြင်းသည် လမ်းကြောင်းတစ်ခုဖြစ်ပါက ထိုအရာကို သင်ထုတ်ဖော်ပြောနိုင်သည်၊ အကယ်၍ ထိုအရာသည် လမ်းကြောင်း တစ်ခု မဟုတ်ပါက ကျေးဇူးပြု၍ တိတ်ဆိတ်စွာနေလော့၊ စကားမပြောနှင့်တော့။ သင်ပြောသောအရာသည် အသုံးမဝင်ပေ။ ၎င်းသည် ဘုရားသခင်ကို အရူးလုပ်ရန်နှင့် အခြားသူတွေ သင့်အပေါ် မနာလိုဖြစ်စေမည့် သိနားလည်ခြင်းစကား တချို့သာလျှင် ဖြစ်သည်။ ထိုအရာသည် သင်၏ရည်မှန်းချက် မဟုတ်သလော။ ဤအရာသည် အခြားသောသူများအား ရည်ရွယ်ချက်ရှိရှိ ကစားနေခြင်း မဟုတ်သလော။ ယင်း၌ တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ သင် သိနားလည်ခြင်းကို တွေ့ကြုံပြီးမှသာလျှင် ထိုအကြောင်းကိုပြောလော့၊ သို့ဆိုလျှင် သင်ဝါကြွားနေမည် မဟုတ်တော့ပေ။ သို့မဟုတ်ပါက သင်သည် စိတ်ကြီးဝင်သောစကားလုံးများ ပြောသောသူ တစ်စုံတစ်ဦးသာလျှင် ဖြစ်သည်။ သင်သည် အမှုအရာများစွာကိုပင် မကျော်လွှားနိုင် သို့မဟုတ် သင်၏တကယ့်အတွေ့အကြုံထဲ၌ သင့်ကိုယ်ပိုင်ဇာတိပကတိကို မဆန့်ကျင်နိုင်၊ သင်၏ဆန္ဒရမ္မက်များ အလျောက် ပြုလုပ်ဖို့ရန် သင့်အားမောင်းနှင်နေသောအရာဟူသမျှကို အမြဲပြုလုပ်နေပြီး၊ ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းဘဲလျက်၊ သင်သည် အယူအဆဆိုင်ရာ သိနားလည်ခြင်းများကိုပြောဆိုရန် အတင့်ရဲ နေသေးသည်၊ သင်သည် အရှက်ကင်းမဲ့သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သိနားလည်ခြင်း အကြောင်း ပြောဆိုရန် သင် အတင့်ရဲနေသေးသည်၊ သင် ရိုင်းစိုင်းလွန်းလှပေ၏။ ဟောပြောခြင်းနှင့် ကြွားဝါခြင်းသည် သင်၏ ဗီဇသဘောဖြစ်လာပြီး၊ သင်သည် ထိုလုပ်ဆောင်ခြင်းကို ကျင့်သားရလာပြီဖြစ်သည်။ သင်ပြောလိုသော အချိန်တိုင်းတွင် အခက်အခဲမရှိ ထိုသို့ လုပ်ဆောင်နိုင်သော်လည်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက် လာသည့်အခါတွင် အဆင်တန်ဆာ၌ သင် မွေ့လျော်လေသည်။ ဤသည်မှာ အခြားသူများအား အရူးလုပ်နေခြင်းမဟုတ်သလော။ လူသားများအား သင်အရူးလုပ်၍ ရကောင်းရနိုင်သော်လည်း ဘုရားသခင်အား အရူးလုပ်၍ရနိုင်မည်မဟုတ်ချေ။ လူသားများသည် ထိုးထွင်းသိမြင်မှုကို သိလည်းမသိ၊ ရှိလည်းမရှိကြပေ၊ သို့သော် ဘုရားသခင်က ထိုကဲ့သို့သောအကြောင်းအရာများကို အလေးအနက် ထားသဖြင့် သင့်ကို သက်ညှာမည်မဟုတ်ပေ။ သင်၏ ညီအစ်ကို မောင်နှမများက သင်၏ သိနားလည်ခြင်းကို ချီးမွမ်းပြီး သင့်ကို လေးစားကာ၊ သင့်ကို ထောက်ခံကောင်းထောက်ခံနိုင်သော်လည်း၊ သင်၌ စစ်မှန်မှုမရှိပါက သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ။ လက်တွေ့ကျသောဘုရားသခင်သည် သင်၏ ချို့ယွင်းချက်များအား ရမယ်မရှာဘဲ နေကောင်းနေမည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်အပေါ် အနည်းငယ်မျှပင် အာရုံစိုက်လိမ့်မည် မဟုတ်ပေ၊ ထိုအရာသည် သင့်အတွက် မခံရပ်နိုင်ဖွယ် ဖြစ်လိမ့်မည်။ ဤအရာကို သင်ယုံကြည်သလော။ လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုအကြောင်း ထပ်မံပြောဆိုဦးလော့၊ သင်မေ့လျော့နေပြီလော။ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းများအကြောင်း ထပ်မံပြောဆိုဦးလော့၊ သင်မေ့လျော့နေ ပြီလော။ “မြင့်မြတ်သော အယူအဆများ သို့မဟုတ် တန်ဖိုးမဲ့ ချဲ့ကားထားသော အဟောအပြောကို လျှော့၍ပြောဆိုလော့၊ ယခုမှစ၍ လက်တွေ့ စတင်လုပ်ဆောင်ရန် အကောင်းဆုံးဖြစ်သည်။” ဤစကားများကို သင်မေ့လျော့နေပြီလော။ ဤအရာများမှ မည်သည့် အရာကိုမျှ သင်နားမလည်သလော။ သင်၌ ဘုရားသခင်၏ အလိုတော်အား သိနားလည်ခြင်း မရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။