ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၅

10.10.2020

မည်မျှလောက်သော ဘာသာရေးထုံးတမ်းအစဉ်အလာများကို သင်စောင့်ထိန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် ထောက်ထားကာ သူ၏ အလိုဆန္ဒ ပြည့်စုံစေရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင်လက်တွေ့ကျင့်သုံးခဲ့ဖူးသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ လက်တွေ့ကျင့်သုံးလော့။ သင်၏ အပြုအမူများနှင့် လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြုလော့။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လိုက်နာရန် သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံ ကြည့်ကောင်းဖို့ အတွက်သာ လုပ်ဆောင်ဖို့ ပြောခြင်းမဟုတ်။ ထိုအစား ဤသည်မှာ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ရှင်သန်ခြင်းဖြစ်သည်။ ထိုသို့ လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော ထုံးတမ်းအစဉ်အလာသည် စည်းမျဉ်းတစ်ခု မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း ဖြစ်သည်။ လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ရသည်ကို ခုံမင်ကြသည်။ သူ၏ ညီအစ်ကို မောင်နှမများရှေ့တွင် သူသည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်ရှိနေသည်ဟု ပြောသည်။ သို့သော် နောက်ကွယ်တွင်မူ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ လုံးလုံးလျားလျား ခြားနားသောအရာများ ပြုလုပ်သည်။ ယင်းသည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများကဲ့သို့ ဖြစ်နေသည်မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး သမ္မာတရား ရှိသောသူသည် ဘုရားသခင်ကို သစ္စာစောင့်သိသူဖြစ်ပြီး အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ သူသည် ကိစ္စများ ပေါ်လာချိန်တွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးလိုပြီး သူ၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း ပြုလုပ်လေ့ မရှိပေ။ သူသည် ကိစ္စများပေါ်လာချိန်တွင် သူ၏ဉာဏ်ပညာအား သိသာထင်ရှားစေလေ့ရှိပြီး အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြု၏။ ထိုကဲ့သို့သောသူသည် အမှန်တကယ် အစေခံသောသူ ဖြစ်သည်။ ဘုရားသခင်ထံ ကျေးဇူးကြွေးတင်နေခြင်းကို နှုတ်ဖြင့် တဖွဖွပြောသူတချို့ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ပူပန်ပြီး မျက်မှောင်ကုတ်ကာ ကုန်လွန်စေလေ့ရှိသည်၊ လေကြီးမိုးကြီး ဟန်လုပ်တတ်သည့်အပြင် စိတ်ဆင်းရဲဟန်လည်း ယောင်ဆောင်တတ်ကြသေးသည်။ မည်မျှ စက်ဆုပ်ရွံရှာဖွယ် ကောင်းသနည်း။ “ဘုရားသခင်ထံ၌ မည်သို့ အကြွေးတင်နေသနည်း။ ပြောပြပါ” ဟု သူ့အား မေးလျှင် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင် လူရှေ့တွင် ထိုအကြောင်းကို မပြောဘဲ ဘုရားသခင်ကို သင်အမှန်တကယ် ချစ်ကြောင်း ပြသဖို့အတွက် သင်၏ လက်တွေ့ကျင့်သုံးမှုအမှန်ကို အသုံးပြုလော့၊ စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ ဘုရားသခင်နှင့် ပြောဆိုဆက်ဆံသော အခါ၌ စကားသာ ပြောသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့တို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေကြောင်း ပြောကာ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းပင် မပါဘဲ သူတို့ ဆုတောင်းသည့် အခါတိုင်း ငိုကြွေးတတ်ကြသေးသည်။ ထိုသို့သော လူများသည် ဘာသာရေး ထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများဖြစ်ကာ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ၌ ဘာသာရေး ကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ၌ကျသော ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သောထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများထံမှ မည်သည့်ကောင်းကျိုး ရနိုင်မည်နည်း။ အချို့က မိမိတို့၏ နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝ မရှိတော့သည့် သိုးသူငယ်ကဲ့သို့ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏ လူသူများ ပြုလုပ်သင့်သည့် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူသည် ရွှင်ရွှင်ပျပျရှိသူ၊ အချုပ်အနှောင်နှင့် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်စွာ အသက်ရှင်သူ ဖြစ်သင့်သည်။ ထိုသူ၌ နာမည်ကောင်းရှိသည်၊ ဂုဏ်သိက္ခာလည်း ရှိသည်။ သွားလေရာရာ၌ သက်သေခံနိုင်သည့်အပြင် သူသည် ဘုရားသခင်နှင့် လူ၏ ချစ်ခြင်းကိုလည်း ခံရသူဖြစ်သည်။ ယုံကြည်ခြင်း နုနယ်သော သူတို့၌ များပြားစွာသော အပြင်ပန်း လက်တွေ့ကျင့်သုံးမှုများ ရှိကြသည်။ ၎င်းတို့သည် အစပိုင်းတွင် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း သူတို့၏လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် အခြားသူများအတွက် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သောလူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု ယူမှတ်နိုင်သည်။ အကယ်၍ နေ့စဉ် ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား သင်ဟောပြောပြီး သူတို့ကို ကယ်တင်ခြင်းထံသို့ ဆောင်ယူလာသော်လည်း အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုသို့သော အမူအကျင့်မျိုး ရှိသူများသည် ဘာသာရေးသမားများဖြစ်ပြီး ကြောင်သူတော်များလည်း ဖြစ်သည်။

လူလုပ်ဆောင်သော အပေါ်ယံ ကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့ကျင့်သုံးခြင်းများပင်လျှင် ဘဝကို ကိုယ်စားပြုခြင်း မရှိဘဲ သင်တစ်ဦးတည်း၏ ပင်ကိုစရိုက်ကိုသာ ကိုယ်စားပြုသည်။ လူ၏ အပြင်ပန်း လက်တွေ့ကျင့်သုံးခြင်းများသည် ဘုရားသခင်၏ လိုအင်ကို မဖြည့်ဆည်းနိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေကြောင်းကို အစဉ်မပြတ် ပြောသော်လည်း တစ်ပါးသူများ၏ ဘဝများကို သင်မဖြည့်ဆည်း မထောက်ပံ့နိုင်ပေ။ သို့မဟုတ် အခြားသူများ ဘုရားသခင်အား ချစ်ရန် သင်မနှိုးဆွပေးနိုင်ပေ။ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင်ယုံကြည်သလော။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှလုံးသား လိုအင်ဖြစ်သည်၊ ဝိညာဉ်နှင့်ဆိုင်သောအရာ ဖြစ်သည်ဟု သင်က ယုံကြည်သော်လည်း စင်စစ်အားဖြင့် အဓိပ္ပာယ်ကင်းမဲ့သည့် လုပ်ရပ်ဖြစ်သည်။ သင့်အား စိတ်ကျေနပ်မှုပေးသောအရာနှင့် သင်အလိုရှိသော အရာများသည် ဘုရားသခင် ပီတိဖြစ်သည့် အရာများဖြစ်သည်ဟု သင်က ယုံကြည်သည်။ သင့်အား စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင်အား စိတ်ကျေနပ်မှုပေးသောအရာကို ကိုယ်စားပြုနိုင်သလော။ လူ၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့် အရာအတိအကျပင်ဖြစ်ပြီး သင့်အကျင့်များသည် ဘုရားသခင် ရွံရှာ၍ ငြင်းပယ်သော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ထံ ကျေးဇူးကြွေးတင်နေသည်ဟု ခံစားရပါက ဘုရားသခင်ရှေ့မှောက်သို့ သွားဆုတောင်းလော့။ ထိုကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ အခြားသူများရှေ့၌ သင့်ကို လူအများ အာရုံစိုက်အောင် အစဉ်တစိုက် ပြုလုပ်နေလျှင် ထိုအရာသည် ဘုရားသခင်၏ နှလုံးသားလိုအင်ကို ဖြည့်ဆည်းနိုင်မည်ဟု သင်ထင်သလော။ သင်၏ လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းသာ ဖြစ်နေပါက သင်သည် အချည်းနှီး အဖြစ်ဆုံးသောသူ ဖြစ်သည်။ အပေါ်ယံ ကောင်းမှုများသာ ရှိပြီး လက်တွေ့အရှိတရား ကင်းမဲ့နေသည့် လူသည် မည်ကဲ့သို့သော အမူအကျင့်မျိုး ရှိသည့်လူ ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့ကျင့်သုံးခြင်းများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲ၌ အယောင်ဆောင်မှုသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ အယောင်ဆောင်မှု ပိုများလာလေလေ ဘုရားသခင်ကို ပိုပြီး တော်လှန်လေလေဖြစ်ပြီး အဆုံးတွင် ထိုသို့သော အမူအကျင့်မျိုးရှိသည့် လူများသည် ဧကန်ပင် နှင်ထုတ်ခြင်း ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။