ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၁

28.02.2021

အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင် အာရုံစိုက်ရမည်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ၊ လူ့ဘဝအပေါ် သင်၏ အမြင်များနှင့် အထူးသဖြင့် နောက်ဆုံးသော ကာလအတွင်း ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာအကြောင်းကို သင် ဆွေးနွေးနိုင်ရမည်။ သင်သည် အသက်ကိုလိုက်စားသည့်အတွက် မိမိကိုယ်ကိုယ် ဤအရာများဖြင့် ပြင်ဆင်ထားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။ အသင်းတော်တစ်ခုကို သင် ဦးဆောင်နေပါက၊ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို သင် သဘောပေါက်နိုင်ရမည်ဖြစ်ပြီး ယင်းတို့ကို ထောက်ပြနိုင်ရမည်။ “အသင်တို့ လူတွေသည် မနာခံသကဲ့သို့ မတိုးတက်ကြပေ” ဟုသာ ပြောရုံနှင့်လုံလောက်သည်လော။ မဟုတ်ပေ၊ ၎င်းတို့၏ မနာခံမှုနှင့် မတိုးတက်မှုတို့ မည်သို့ ထင်ရှားသည်ကို တိတိကျကျ သင် ပြောဆိုရပေမည်။ ၎င်းတို့၏ နာခံမှု မရှိသော အခြေအနေများ၊ ၎င်းတို့၏ နာခံမှု မရှိသော အပြုအမူများနှင့် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများနှင့် သက်ဆိုင်၍ သင် ပြောဆိုရမည်ဖြစ်ကာ၊ သင်၏ စကားများ၌ရှိ သမ္မာတရားကို ၎င်းတို့ကို လုံးဝ လက်ခံ ယုံကြည်လာစေသည့် နည်းလမ်းတစ်ခုဖြင့် ဤအရာများကို သင် ပြောဆိုရမည်။ သင်ဆိုစရာရှိသည်များကို ဆိုဖို့ရန် အချက်အလက်များနှင့် ဥပမာများကို အသုံးပြုလော့၊ ပြီးလျှင် ပုန်ကန်တတ်သော အပြုအမူမှ ၎င်းတို့ မည်သို့ လွတ်မြောက်နိုင်သည်ကို အတိအကျ ပြောဆိုပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ညွှန်ပြလော့- ဤသည်မှာ လူတို့ကို လက်ခံယုံကြည်စေဖို့ နည်းလမ်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်သောသူတို့သာ အခြားသူများကို ဦးဆောင်နိုင်စွမ်းရှိ၏၊ ၎င်းတို့သာ သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။