ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၃

04.10.2020

သင်တို့သည် ယခု မည်သည့်အရာနှင့် ပြင်ဆင်ထားဖို့ လိုအပ်သည်ကို သင်တို့ သိကြသလော။ ယင်း၏ ရှုထောင့်တစ်ခုတွင် အမှုနှင့်ပတ်သက်သည့် ရူပါရုံများ ပါဝင်ပြီး၊ အခြားရှုထောင့်မှာ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဤရှုထောင့်နှစ်ခုစလုံးကို သဘောပေါက် ရမည်ဖြစ်သည်။ အသက်၌တိုးတက်ဖို့ သင်ရှာဖွေခြင်းတွင် ရူပါရုံများမရှိပါက သင်သည် အခြေခံအုတ်မြစ် ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ရူပါရုံအနည်းငယ်မျှမရှိဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများသာ ရှိပြီး၊ အထွေထွေစီမံခန့်ခွဲမှု အစီအစဉ်၏ အလုပ်ကို မည်သို့မျှ သိနားလည်ခြင်း မရှိပါက၊ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် ရူပါရုံများ ပါဝင်သည့် သမ္မာတရားများကို နားလည်ရမည်ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်သည့် သမ္မာတရားများအတွက်မူ၊ ၎င်းတို့ကို သင် နားလည် ပြီးနောက် သင့်တော်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ရှာတွေ့ဖို့ လိုအပ်သည်။ နှုတ်ကပတ်တော်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ သင်၏ အခြေအနေများနှင့်အညီ ဝင်ရောက်ရမည် ဖြစ်သည်။ ရူပါရုံများသည် အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ဤအချက်ကို သင်အာရုံမစိုက်ပါက အဆုံးထိ သင် ရှေ့ဆက် လိုက်လျှောက် နိုင်မည် မဟုတ်ပေ။ ထိုသို့သော ပုံစံဖြင့် တွေ့ကြုံခြင်းသည် သင့်ကို သွေဖည်သွားစေမည် သို့မဟုတ် သင့်ကို ပြိုလဲစေကာ ကျရှုံးသွားစေမည် ဖြစ်သည်။ သင့်အတွက် အောင်မြင်မည့်နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ ကြီးမြတ်သော ရူပါရုံများကို မိမိတို့၏ အခြေခံအုတ်မြစ်များအဖြစ် မရှိကြသည့်လူများသည် ကျရှုံးရုံသာရှိသည်။ မအောင်မြင်နိုင်ပေ။ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် မည်သည့်အရာ ပါဝင်သည်ကို သင် သိသလော။ ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကို သင်သိသလော။ ရူပါရုံများမရှိဘဲနှင့် မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်မည်နည်း။ ယနေ့၏အမှုတွင် သင်၌ ရူပါရုံများမရှိပါက၊ သင်သည် စုံလင်ခြင်းခံရဖို့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်သူ၌ သင်ယုံကြည်သနည်း။ သူ့ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်ကြောင့် သူ့နောက်သို့လိုက်သနည်း။ သင်သည် သင်၏ ယုံကြည်ခြင်းကို ကစားပွဲ တစ်မျိုးကဲ့သို့ မြင်သလော။ သင်၏ အသက်တာကို ကစားစရာ တစ်မျိုးကဲ့သို့ သင် ကိုင်တွယ်နေသလော။ ယနေ့၏ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ရူပါရုံဖြစ်သည်။ သူ့အကြောင်းကို သင်မည်မျှ သိသနည်း။ သူနှင့်ပတ်သက်၍ သင် မည်မျှ တွေ့မြင်ပြီးပြီနည်း။ ယနေ့၏ ဘုရားသခင်ကို တွေ့ပြီးဖြစ်သောကြောင့်၊ သင့်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်မာသလော။ ဤမရေရာသော လမ်းတစ်လျှောက် သင်လိုက်လျှောက်သရွေ့ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟု သင်ထင်သလော။ ဗွက်ထူသောရေထဲတွင် ငါးဖမ်း၍ ရနိုင်သည်ဟု သင်ထင်သလော။ ယင်းသည် ဤမျှ ရိုးရှင်းသလော။ ဘုရားသခင် ယနေ့ မိန့်မြွက်သည့် နှုတ်ကပတ်တော်များနှင့် စပ်လျဉ်းသည့် အယူအဆများ မည်မျှကို သင် ဘေးဖယ်ထားပြီးပြီနည်း။ ယနေ့ ဘုရားသခင်၏ ရူပါရုံ သင်၌ရှိသလော။ ယနေ့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ သိနားလည်မှုသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ သူ့နောက် လိုက်ရုံမျှဖြင့် သို့မဟုတ် သူ့ကို မြင်ရုံမျှဖြင့် သူ့အား သင်ရရှိနိုင်ပြီး၊ သင့်ကို မည်သူမျှ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ဟု သင် အမြဲယုံကြည်ထားသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ လောကီ ပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။ ထို့အပြင်၊ သန့်ရှင်းစင်ကြယ်လာဖို့ရန် လောကီဆန်သူများ နှင့် လမ်းခွဲလိုက်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်၏ မိသားစုထဲတွင် သေချာပေါက်ရှိလိမ့်မည်ဟု မထင်မှတ်လိုက်လေနှင့်။ ဤနေ့ရက် ကာလများတွင်၊ ဖန်ဆင်းခြင်းကြား အမှုပြုနေသူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် မဟုတ်- သူကိုယ်တိုင်၏အမှုကို ပြုရန် လူတို့အကြားလာလေသည်မှာ သူပင်ဖြစ်၏။ ယနေ့၏အမှုသည် လူ့ဇာတိခံယူထားသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အမှုဖြစ်သည်ကို သင်တို့အထဲ၌ သိနိုင်သူ အနည်းငယ်မျှပင် မရှိချေ။ ဤသည်မှာ သင်တို့ကို ပါရမီရှိသည့် ထူးချွန်သော လူများ ဖြစ်စေသည့်အကြောင်း မဟုတ်ပေ။ ဤသည်မှာ လူ့ဘဝ၏ အရေးပါမှုကို သိရှိရန်၊ လူသားများ၏ ခရီးပန်းတိုင်ကို သိရှိရန်နှင့် ဘုရားသခင်နှင့် သူ၏အလုံးစုံတို့ကို သိရှိရန် သင်တို့ကို ကူညီဖို့ဖြစ်သည်။ သင်သည် ဖန်ဆင်းရှင်၏လက်ထဲက ဖန်ဆင်းခံရသူတစ်ဦး ဖြစ်သည်ကို သင် သိသင့်သည်။ သင် မည်သည့်အရာကို နားလည် သင့်သည်၊ မည်သည့်အရာကို သင်လုပ်သင့်ပြီး ဘုရားသခင်နောက်သို့ မည်ကဲ့သို့ သင် လိုက်သင့်သည်- ဤအရာများသည် သင်နားလည်သဘောပေါက်ရမည့် သမ္မာတရားများ မဟုတ်လော။ ထိုအရာများသည် သင်မြင်သင့်သည့် ရူပါရုံများဖြစ်သည် မဟုတ်လော။

လူတို့သည် ရူပါရုံများရှိသည်နှင့်တစ်ပြိုင်နက်၊ အခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ကြပေသည်။ ဤအခြေခံအုတ်မြစ်အတိုင်း သင် လက်တွေ့ လုပ်ဆောင်သောအခါ၊ ဝင်ရောက်ရန် များစွာ ပို၍ လွယ်ကူလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့် ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် တစ်ခုရှိသည်နှင့် သင်၌ ဒွိဟများ ရှိမည်မဟုတ်ဘဲ သင့်အတွက် ဝင်ရောက်ရန် အလွန် လွယ်ကူလိမ့်မည် ဖြစ်သည်။ ရူပါရုံများကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အမှုကိုသိရှိခြင်းတို့နှင့်ဆိုင်သည့် ဤရှုထောင့်သည် အရေးပါပေသည်။ သင်တို့၏ သိုလှောင်ဆည်းပူးထားသောနေရာတွင် ထိုရှုထောင့် ရှိရမည်။ အကယ်၍ သင်သည် သမ္မာတရား၏ ဤရှုထောင့်ဖြင့် မပြင်ဆင်ထားဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများအကြောင်း မည်သို့ ပြောဆိုရမည်ကိုသာ သိရှိပါက၊ သင်သည် ကြီးကြီးမားမား ချွတ်ယွင်းနေလိမ့်မည်။ သင်တို့ထဲမှ များစွာသော သူတို့သည် ဤသမ္မာတရား၏ ရှုထောင့်ကို အလေးထားခြင်းမရှိသကဲ့သို့၊ ယင်းကို သင်တို့ နားထောင်သည့်အခါ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကိုသာ နားထောင်နေပုံရသည်ကို ငါ တွေ့ရှိရပြီးဖြစ်သည်။ တစ်နေ့တွင် သင်တို့သည် ဆုံးရှုံးရလိမ့်မည်။ ဤနေ့ရက်ကာလများတွင် သင်တို့ သိပ်နားမလည် သကဲ့သို့ လက်မခံကြသည့် မိန့်မြွက်ချက်အချို့ရှိ၏။ ထိုသို့သော အခြေအနေများတွင်၊ သင်သည် စိတ်ရှည်စွာ ရှာဖွေသင့်ပြီး၊ သင်နားလည်သည့်နေ့ရက် ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ သာ၍ သာ၍ များပြားသော ရူပါရုံများဖြင့် ဖြည်းဖြည်းချင်း မိမိကိုယ်ကိုယ် ပြင်ဆင်လော့။ ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒ အနည်းအကျဉ်းကိုသာ သင် နားလည်လျှင်ပင်၊ ယင်းသည် ရူပါရုံများကို အာရုံမစိုက်ခြင်းထက် သာ၍ကောင်းမွန်ဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ လုံးဝ နားမလည်ခြင်းထက် သာ၍ကောင်းသေး၏။ ဤအရာအားလုံးသည် သင်၏ ဝင်ရောက်မှုအတွက် အထောက်အကူ ဖြစ်သကဲ့သို့၊ သင်၏သံသယများကိုလည်း ရှင်းလင်းပေးမည် ဖြစ်သည်။ ယင်းသည် သင်အယူအဆများနှင့် ပြည့်နှက်နေခြင်းထက် သာ၍ ကောင်းပေ၏။ ဤရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် သင်ရှိပါက၊ များစွာသာ၍ကောင်းပေမည်။ သင့်အနေဖြင့် မည်သို့မျှ ဒွိဟများ ရှိလိမ့်မည် မဟုတ်သကဲ့သို့ ရဲဝံ့စွာနှင့် ယုံကြည်စိတ်ချစွာ ဝင်ရောက်နိုင်လိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော စိတ်ရှုပ်ထွေး၍ သံသယများသည့် ပုံစံဖြင့် ဘုရားသခင်နောက် အမြဲလိုက်ရင်း အပင်ပန်းခံရသနည်း။ ယင်းသည် သင်၏ဦးခေါင်းကို သဲထဲမြှုပ်ထားခြင်းနှင့် တူသည်မဟုတ်လော။ ဝင့်ကြွားကြွား လှမ်းချီခြင်းနှင့် ဟိတ်ဟန်ထုတ်၍ လျှောက်ခြင်းဖြင့် နိုင်ငံတော်ထဲသို့ ခြေလှမ်းကျဲကျဲ လျှောက်ဖို့မှာ အဘယ်မျှ ကောင်းလိုက်မည်နည်း။ အဘယ်ကြောင့် ဒွိဟများနှင့် အလွန် ပြည့်နေရသနည်း။ သင်သည် မိမိကိုယ်ကိုယ် ဆင်းရဲဒုက္ခခံနေရခြင်းသာ မဟုတ်သလော။ ယေဟောဝါ၏အမှု၊ ယေရှု၏အမှုနှင့် ဤအဆင့်၏အမှုတို့ကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလိမ့်မည်။ ဤအခိုက်အတန့်တွင်၊ ယင်းကို သင့်အ နေဖြင့် အတော်အတန် ရိုးရှင်းသောအရာအဖြစ် စိတ်ကူးကောင်း စိတ်ကူးလိမ့်မည်။ လူအချို့က၊ “အချိန်ကျရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော်သည် ကြီးမားသော အမှုကို စတင်လုပ်ဆောင်သည့်အခါ၊ ကျွန်ုပ်သည် ဤအရာအားလုံးကို ပြောဆိုနိုင်မည် ဖြစ်သည်။ ယခု ကျွန်ုပ် တကယ်နားမလည်သည့် အချက်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်ကို ထိုမျှ ဉာဏ်အလင်း မပေးသေးသောကြောင့် ဖြစ်သည်” ဟု ပြောကြသည်။ ယင်းမှာ သိပ်မလွယ်ကူပေ။ ယင်းမှာ သင်သည် ယခုပင် သမ္မာတရား ကို လက်ခံဖို့ လိုလားလျက်ရှိပြီးနောက် အချိန်ကျရောက် လာသည့်အခါ ထိုသမ္မာတရားကို ကျွမ်းကျင်စွာ အသုံးပြုမည်ကဲ့သို့ မဟုတ်ပေ။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ သင့်အနေဖြင့် လတ်တလောတွင် အလွန်ကောင်းစွာ ပြင်ဆင်ထားပြီး၊ ထိုဘာသာရေးသမားများနှင့် အကြီးမြတ်ဆုံးသော အယူအဆသမားများကို တုံ့ပြန်ခြင်းနှင့် ၎င်းတို့ကို ချေပခြင်းတွင်ပင် ပြဿနာမရှိဟု သင် ယုံကြည်သည်။ သင်သည် အမှန်တကယ် ထိုသို့ လုပ်ဆောင် နိုင်လိမ့်မည်လော။ သင်၏ ထိုအပေါ်ယံ အတွေ့အကြုံလောက်နှင့် မည်သည့် သိနားလည်မှုကို သင်ပြောနိုင်သနည်း။ သမ္မာတရားဖြင့် ပြင်ဆင်မှု ရှိသွားခြင်း၊ သမ္မာတရားနှင့်ဆိုင်သော တိုက်ပွဲကို တိုက်ခိုက်ခြင်းနှင့် ဘုရားသခင်၏ နာမကို သက်သေခံခြင်းတို့သည်- ဘုရားသခင် အမှုပြုနေသရွေ့ အရာအားလုံး ပြီးမြောက်လိမ့်မည်ဟု သင်ထားသည့်အရာ မဟုတ်ပေ။ ထိုအချိန်တွင်၊ သင်သည် မေးခွန်း အချို့ကြောင့် အကျပ်ရိုက်ကောင်း ရိုက်လိမ့်မည်ဖြစ်ပြီးနောက် ကြက်သေ သေသွားလိမ့်မည်။ အဓိကအချက်မှာ သင်သည် အမှု၏ ဤအဆင့်နှင့်ဆိုင်သည့် သိနားလည်မှု ရှင်းရှင်းလင်းလင်း ရှိမရှိဆိုသည်နှင့် ထိုအရာနှင့်ပတ်သက်၍ အမှန်တကယ် မည်မျှသိရှိသည်ဆိုသည့်အရာ ဖြစ်သည်။ သင်သည် ရန်သူ အင်အားစုများကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိပါက သို့မဟုတ် ဘာသာရေး အင်အားစုများကို အနိုင်မယူနိုင်ပါက၊ အသုံးမကျသည့်သူ ဖြစ်သွားလိမ့်မည် မဟုတ်လော။ သင်သည် ယနေ့၏ အမှုကို တွေ့ကြုံရပြီးဖြစ်ကာ သင်၏မျက်လုံးများဖြင့် မြင်ကာ သင်ကိုယ်တိုင်၏ နားများဖြင့် ကြားရပြီးဖြစ်သော်လည်း၊ နောက်ဆုံးတွင် သက်သေခံနိုင်ခြင်းမရှိပါက၊ သင် ဆက်လက် အသက်ရှင်ဝံ့လိမ့်ဦးမည်လော။ မည်သူ့ကို သင် ရင်ဆိုင် နိုင်မည်နည်း။ ယင်းသည် ဤမျှရိုးရှင်းလိမ့်မည်ဟု ယခု စိတ်မကူးကြနှင့်။ အနာဂတ်၏အမှုသည် သင်စိတ်ကူးသကဲ့သို့ ရိုးရှင်းလိမ့်မည်မဟုတ်။ သမ္မာတရား၏တိုက်ပွဲကို တိုက်ခိုက်ခြင်းသည် ဤမျှမလွယ်ကူပေ၊ ဤမျှ မရိုးစင်းပေ။ သင့်အနေဖြင့် ယခုပင် ပြင်ဆင်ထားဖို့လို၏။ သင်သည် သမ္မာတရားဖြင့် မပြင်ဆင်ထားပါက၊ အချိန်ကျရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သဘာဝလွန် ပုံစံဖြင့် အမှုမပြုသည့် အခါတွင်၊ သင်သည် ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။