ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၁

25.02.2021

လက်ရှိ ခေတ်ရေစီးကြောင်းထဲတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးသော လူတစ်ဦး တစ်ယောက်စီတိုင်း၌ သူ၏ စုံလင်စေခြင်းကို ရရှိရန် အခွင့်အလမ်းရှိသည်။ အသက်ငယ်သည် ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ စသည်တို့နှင့် မသက်ဆိုင်ပဲ သူတို့သည် သူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ နာခံခြင်းနှင့် အလေးအမြတ်ထားခြင်းတို့ကို ထိန်းသိမ်းထားသည်နှင့်အမျှ သူ၏ စုံလင်စေခြင်းကို ခံစားရနိုင်သည်။ ဘုရားသခင်သည် လူသားတို့ကို သူတို့၏ မတူညီသော လုပ်ငန်းဆောင်တာများ အပေါ်မူတည်၍ စုံလင်စေသည်။ သင်၏ အစွမ်းရှိသရွေ့ ဘုရားသခင်၏ လုပ်ငန်းများ အပေါ်တွင် သင့်ကိုယ်သင် ဆက်ကပ်ထားသည်နှင့်အမျှ သင်သည် သူ၏ စုံလင်စေခြင်းကို ရရှိနိုင်သည်။ လက်ရှိတွင် သင်တို့ တစ်ဦးတစ်ယောက်မျှ စုံလင်ခြင်း မရှိကြ။ တစ်ခါတစ်ရံတွင် သင်တို့သည် လုပ်ငန်းဆောင်တာတစ်မျိုးကို လုပ်ဆောင်နိုင်စွမ်းရှိပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းဆောင်တာ နှစ်မျိုးကို ထမ်းရွက်နိုင်သည်။ သင်တို့၏ အစွမ်းရှိသမျှ ဆက်ကပ်သည်နှင့်အမျှ ဘုရားသခင်အတွက် သင်တို့ကိုယ်သင်တို့ အသုံးခံသည်နှင့်အမျှ သင်တို့ကို ဘုရားသခင် သည် စုံလင်စေပါလိမ့်မည်။

ငယ်ရွယ်သူများသည် ဘဝအတွေးအခေါ် အနည်းငယ်သာရှိကြပြီး သူတို့သည် အသိပညာနှင့် ထိုးထွင်းသိမြင်မှုတို့ အားနည်းကြသည်။ ဘုရားသခင် ဤနေရာသို့ ကြွလာခြင်းသည် လူသား၏ အသိပညာနှင့် ထိုးထွင်းသိမြင်မှုကို စုံလင်စေရန်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့ အားနည်းသည့် အရာများကို ဖြည့်ဆည်း ပေးသည်။ သို့ရာတွင် ငယ်ရွယ်သူများ၏ စိတ်သဘောထားများသည် တည်ငြိမ်မှု မရှိဘဲ ယင်းသည် ဘုရားသခင်၏ ပြောင်းလဲပေးခြင်းကို လိုအပ်သည်။ ငယ်ရွယ်သူများတွင် ဘာသာရေး ဆိုင်ရာ အယူအဆများ နည်းပါးပြီး ဘဝအတွေးအခေါ်များလည်း နည်းပါးသည်။ သူတို့သည် ရိုးရှင်းသော သတ်မှတ်ချက်များဖြင့် စဉ်းစားကြပြီး သူတို့၏ စဉ်းစားချက်များသည် ရှုပ်ထွေးမှု မရှိပေ။ ယင်းမှာ သူတို့၏ လူ့သဘာဝသည် ပုံသွင်းထားခြင်းမရှိသေးသော သွင်ပြင်လက္ခဏာ ဖြစ်ပြီး လိုလားအပ်သည့် သွင်ပြင်လက္ခဏာဖြစ်သော်လည်း၊ ငယ်ရွယ်သူများသည် မသိနားမလည်ကြပဲ အသိပညာ နည်းပါး ကြသလို ယင်းမှာ ဘုရားသခင်၏ ပြည့်စုံစေခြင်းကို လိုအပ်သော နယ်ပယ်ဖြစ်သည်။ ဘုရားသခင်၏ စုံလင်ခံရခြင်းမှတဆင့် သင်တို့သည် ချင့်ချိန်နိုင်စွမ်းကို ဖွံ့ဖြိုးစေနိုင်ပြီး ဝိညာဉ်ရေးဆိုင်ရာ ကိစ္စအများအပြားကို ရှင်းလင်းစွာ နားလည်လာနိုင်ကာ ဘုရားသခင် အသုံးချနိုင်ရန် သင့်တော်သော သူများအဖြစ်သို့ တဖြည်းဖြည်းခြင်း ပြောင်းလဲနိုင်သည်။ အသက်အရွယ် ကြီးရင့်သော ညီအစ်ကို မောင်နှမများမှာ အချို့သော လုပ်ငန်းများကို ထမ်းဆောင်နိုင်ကြပြီး သူတို့ကိုလည်း ဘုရားသခင်က မစွန့်ပယ်ပါ။ အသက်အရွယ် ကြီးရင့်သော ညီအစ်ကို မောင်နှမများ တို့တွင်လည်း အချို့သော လိုလားဖွယ်ရာ သွင်ပြင်လက္ခဏာများနှင့် မလိုလားအပ်သော သွင်ပြင်လက္ခဏာများ ရှိကြသည်။ အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများတွင် ဘဝဒဿနိကများ ပိုရှိကြသည်၊ သူတို့တွင် ဘာသာရေးဆိုင်ရာ အယူအဆများ ပိုရှိကြသည်၊ သူတို့၏ လုပ်ဆောင်မှုများသည် တင်းကျပ်သော မူဘောင်အတွင်း ကပ်ငြိနေကြပြီး စက်ရုပ်ကဲ့သို့ စည်းမျဉ်းများကို လိုက်နာကြပြီး ယင်းတို့ကို စက်ပစ္စည်းများကဲ့သို့ အသုံးပြုကြသည်။ သူတို့သည် ပြောင်းလွယ်ပြင်လွယ် မရှိကြပါ။ ယင်းမှာ လိုလားအပ်သော သွင်ပြင်လက္ခဏာ မဟုတ်ပေ။ သို့ရာတွင် အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများသည် ဖြစ်လာသမျှအပေါ် တည်ငြိမ်စွာ လက်ခံနိုင်ကြသည်၊ သူတို့၏ စိတ်သဘော ထားများမှာ တည်ငြိမ်သည်။ သူတို့တွင် ခန့်မှန်းရခက်သော ပြင်းထန်သည့် ခံစားချက် စိတ်အခြေအနေများ မရှိကြပေ။ သို့သော် သူတို့သည် အမြဲ တသတ်မတ်တည်း ရှိကြသည်။ သူတို့သည် အရာရာကို ဖြည်းညှင်းစွာ လက်ခံကြသည်၊ သို့သော်လည်း ယင်းမှာ အဓိက အားနည်းချက် မဟုတ်ပေ။ သင်တို့ကိုယ်သင်တို့ ဆက်ကပ်ပြီး ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ကို လက်ခံနိုင်သမျှ ကာလပတ်လုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ မစိစစ်လျှင်၊ သင်တို့ကိုယ်သင်တို့ ဆက်ကပ်ရန် တုံ့ဆိုင်းခြင်း မရှိပဲ အတူတကွ လိုက်ပါနိုင်သည် ဆိုပါက၊ မည်သည့် ပုံစံနှင့်မျှ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းမရှိ သို့မဟုတ် မကောင်းသော စဉ်းစားချက်များ မရှိပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်ကို လက်ခံကာ လက်တွေ့ကျင့်သုံးနိုင်ပါက၊ သင်တို့သည် ဤအခြေအနေများနှင့် ပြည့်စုံလျှင်- သင်တို့သည် စုံလင်ခြင်းခံရရန် တတ်နိုင်ပါလိမ့်မည်။

သင်တို့သည် ငယ်ရွယ်သူ သို့မဟုတ် ကြီးရင့်သူ မည်သည့် ညီအစ်ကို မောင်နှမ ဖြစ်စေကာမူ သင်တို့ ထမ်းဆောင်သင့်သည့် လုပ်ငန်းတာဝန်ကို သင်တို့သိသည်။ ထိုသို့သော သူတို့သည် ငယ်ရွယ်ချိန်တွင် မာန်မာနမရှိကြပဲ အသက်ကြီးသောသူတို့သည် လေးကန်မှုမရှိ၊ ဆုတ်ယုတ်ခြင်း မရှိကြပေ။ ထို့နောက် သူတို့သည် အချင်းချင်း၏ အားသာချက်ကို အသုံးပြုပြီး အားနည်းချက်များကို ဖြည့်စွမ်းကာ မည်သည့် အစွဲမျှမရှိဘဲ တစ်ဦးနှင့်တစ်ဦး အစေခံနိုင်ကြသည်။ အသက်ကြီးသူနှင့် ငယ်ရွယ်သူ ညီအစ်ကို မောင်နှမတို့ အကြားတွင် ချစ်ကြည်ရေး တံတားကို တည်ဆောက်ထားသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ပိုမို နားလည်နိုင်ကြသည်။ ငယ်ရွယ်သော ညီအစ်ကို မောင်နှမ တို့သည် အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများကို အထင်မသေးကြသကဲ့သို့ အသက်ကြီးသော ညီအစ်ကို မောင်နှမများသည်လည်း မိမိကိုယ်ကို မှန်သည်ဟု မထင်တတ်ကြပေ။ ယင်းသည် သဟဇာတဖြစ်သော တွဲဖက်ခြင်း မဟုတ်ပါလား။ သင်တို့အားလုံးတွင် ဤစိတ်ပိုင်းဖြတ်မှုရှိလျှင် ဘုရားသခင်၏ အလိုသည် သင်တို့၏ မျိုးဆက်တွင် လုံးဝဥဿုံ ပြည့်စုံပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြသော အယောက်တိုင်းနှင့်ပတ်သက်၍

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။