ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၂

19.04.2021

ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲက ကွဲပြားခြားနားမှုမာ အသက်အား မလိုက်စားသောသူများ အားလုံးသည် အချည်းနှီး အားထုတ်ကြသည်ကို သင် နားလည်သင့်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။ ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများကို သင် နှိုင်းယှဉ်ကြည့်ပါက၊ သင် မည်သို့ ဖွေရှာ သင့်သည်ကို သိပေလိမ့်မည်။ ပေတရုနှင့် ပေါလုတို့ လျှောက်ခဲ့သော လမ်းကြောင်းများထဲမှ၊ တစ်ခုသည် စုံလင်စေခြင်းကို ခံရခြင်း လမ်းကြောင်းဖြစ်ပြီး၊ တစ်ခုမှာ သုတ်သင်ပယ်ရှင်းခြင်း လမ်းကြောင်း ဖြစ်သည်။ ပေတရုနှင့် ပေါလုသည် မတူကွဲပြားသော လမ်းကြောင်းနှစ်ခုကို ကိုယ်စားပြုသည်။ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို လက်ခံရရှိခဲ့ပြီး၊ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းကို ရရှိခဲ့ကာ၊ အသီးသီးသည် သခင်ယေရှုက ၎င်းတို့ကို ပေးအပ်ခဲ့သည့် အရာကို လက်ခံခဲ့ကြသော်ငြားလည်း၊ အသီးသီး၌ ဖြစ်ထွန်းသော အကျိုးတရားသည် မတူညီပေ။ တစ်ဦးသည် အမှန်တကယ် အကျိုးဖြစ်ထွန်းစေပြီး အခြားတစ်ဦးက အကျိုးမဖြစ်ထွန်းခဲ့ချေ။ ၎င်းတို့၏ အနှစ်သာရများမှ၊ ၎င်းတို့ အပြင်ပန်းအားဖြင့် ဖော်ပြခဲ့သည့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်နှင့်၊ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်များမှ၊ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သည်၊ မည်သည့် လမ်းကြောင်းကို သင် လျှောက်လှမ်းရန် ရွေးချယ်သင့်သည်ကို သင်နားလည်သင့်သည်။ ၎င်းတို့သည် သိသာထင်ရှားသည့် မတူကွဲပြားသော လမ်းကြောင်း နှစ်ခုကို လျှောက်ခဲ့ကြသည်။ ပေါလုနှင့် ပေတရု၊ ၎င်းတို့သည် လမ်းကြောင်း အသီးသီး၏ စံနမူနာပြ ဖြစ်ခဲ့ကြပြီး၊ ထို့ကြောင့် အစကတည်းမှ ၎င်းတို့သည် ဤလမ်းကြောင်းနှစ်ခုအား ကိုယ်စားပြုရန် စံပြုခံခဲ့ကြရသည်။ ပေါလု အတွေ့အကြုံများ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ အဘယ့်ကြောင့် သူသည် မအောင်မြင်ခဲ့ရသနည်း။ ပေတရု အတွေ့အကြုံ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ သူသည် စုံလင်စေခြင်းကို အဘယ်သို့ တွေ့ကြုံခံစားခဲ့ရသနည်း။ ၎င်းတို့ အသီးသီး အရေးစိုက်ခဲ့ကြသည့် အရာကို သင်နှိုင်းယှဉ်ကြည့်ပါက၊ ဘုရားသခင်သည် မည်ကဲ့သို့သော လူမျိုး အတိအကျကို လိုချင်သည်၊ ဘုရားသခင်၏ အလိုက အဘယ်အရာ ဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်အရာ ဖြစ်သည်၊ မည်သို့သော လူစားမျိုးသည် နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည်ဆိုသည်နှင့်၊ မည်သို့သော လူစားမျိုးက စုံလင်စေခြင်း မခံရမည်ဆိုသည်ကိုလည်း သင် သိလိမ့်မည်။ စုံလင်စေခြင်း ခံရမည့် သူများ၏ စိတ်သဘောထားက အဘယ်အရာ ဖြစ်သည်ဆိုသည်နှင့် စုံလင်စေခြင်း မခံရမည့် သူများ၏ စိတ်သဘောထားက အဘယ်အရာ ဖြစ်သည်- ဤကိစ္စရပ်များ၏ အနှစ်သာရကို ပေတရုနှင့် ပေါလု၏ အတွေ့အကြုံများထဲတွင် မြင်တွေ့နိုင်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အသီးသီးကို ခွဲခြားထားပြီး ဘုရားသခင်၏ အလိုအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးထားလျက်၊ အရာခပ်သိမ်းကို အမိန့်ပေးကာ အဆင့်အတန်း သတ်မှတ်ခဲ့သည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံခြင်း မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦးမျှသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ အရေးမပါသော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော အမှန်တရား ဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။