ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၃

15.10.2020

လူတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် ဆက်သွယ်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ လှည့်နိုင်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်အတွက် လူသား၏ ချစ်ခြင်းတွင် ပထမအဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ချစ်လိုပါက ပထမဆုံး သင့်နှလုံးသားကို သူ့ထံ လှည့်နိုင်ရမည်။ ဘုရားသခင်ထံ သင့်နှလုံးသားကို လှည့်ခြင်းဆိုသည်မှာ အဘယ်နည်း။ သင့်နှလုံးသား၌ လိုက်စားသည့် အရာတိုင်းသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ရရှိခြင်းအတွက် ဖြစ်သည့်အခါ ဖြစ်သည်။ ဤအရာက သင်သည် ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်သည်ကို ပြသည်။ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်များမှလွဲ၍ သင့် စိတ်နှလုံးထဲ၌ အခြားအရာ (မိသားစု၊ ချမ်းသာမှု၊ လင်ယောက်ျား၊ ဇနီးမယား၊ သားသမီးများ စသည်ဖြင့်) ဘာမျှမရှိလုနီးပါးဖြစ်သည်။ ရှိလျှင်ပင် ထိုသို့သော အရာများက သင့် စိတ်နှလုံး၌ နေရာမယူနိုင်သကဲ့သို့ သင်သည် သင်၏ အနာဂတ် အလားအလာများကို မတွေးဘဲ ဘုရားသခင်အား ချစ်ခြင်းကိုသာ လိုက်စားလေသည်။ ထိုသို့သော အချိန်၌ သင်သည် ဘုရားသခင်ထံ သင်၏ နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်လိမ့်မည်။ သင့်နှလုံးသား၌ သင့်အတွက် အစီအစဉ်များကို သင်ပြုလုပ်နေသေးပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ကို အမြဲလိုက်စားနေကာ၊ “ဘုရားသခင်ထံ သေးငယ်သော တောင်းဆိုမှုတစ်ခုကို ကျွန်ုပ် မည်သည့်အချိန်တွင် ပြုနိုင်သနည်း။ ကျွန်ုပ်၏ မိသားစု မည်သည့်အချိန်တွင် ချမ်းသာကြွယ်ဝလာမည်နည်း။ ဝတ်ကောင်းစားလှအချို့ကို မည်သည့်အချိန်တွင် ကျွန်ုပ် ရနိုင်မည်နည်း။...” ဟု အမြဲတွေးနေပါက၊ ယင်းအခြေအနေတွင် သင် အသက်ရှင်နေပါက၊ သင့်နှလုံးသားက ဘုရားသခင်ထံ အပြည့်အဝ မလှည့်သေးဟု ပြပေသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ရှိပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ- သူက သင်နှင့် အလွန် ရင်းနှီးသည့်အလား၊ ဘုရားသခင်က သင့်အတွင်း၌ ရှိပြီး သင်က သူ့အတွင်း၌ ရှိသည့်အလား- တစ်ချိန်လုံး သူနှင့် ရင်းနှီးလာနိုင်ပါက၊ သင်သည် ထိုအခြေအနေမျိုးတွင် ရှိပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ မျက်မှောက်၌ ရှိသည်ဟု ဆိုလိုပေသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပါက၊ အသင်းတော်၏ အလုပ်ကို အမြဲ စဉ်းစားနေပါက၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ထောက်ထားပါက၊ သူ့ကိုစစ်မှန်စွာ ချစ်ပြီး သူ၏ စိတ်နှလုံးကို ကျေနပ်စေဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ပေလိမ့်မည်။ အကယ်၍ သင်၏စိတ်နှလုံးသည် အခြားအရာအချို့၏ နေရာယူခြင်းကို ခံရပါက၊ သင့်စိတ်နှလုံးသည် စာတန်၏ နေရာယူထားခြင်းကို ခံရဆဲဖြစ်ပြီး ဘုရားသခင်ထံ အမှန်တကယ် မလှည့်သေးချေ။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် လှည့်ပြီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ပြီး သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုကို ထောက်ထားနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် မိုက်မဲပြီး မလျော်ကန်သော အခိုက်အတန့်များ ရှိနိုင်သေးသော်လည်း၊ ဘုရားသခင်၏အိမ်တော်၏ အကျိုးများ၊ သူ၏ အမှုနှင့် ၎င်းတို့ကိုယ်တိုင်၏ စိတ်သဘောထား ပြောင်းလဲမှုတို့အတွက် ပူပန်မှုကို ပြသကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ မှန်ကန်ပေသည်။ လူအချို့က ၎င်းတို့ပြုသည့်အရာအားလုံးသည် အသင်းတော်အတွက်ဖြစ်သည်ဟု အမြဲတမ်း အခိုင်အမာဆိုကြသော်လည်း စင်စစ်အားဖြင့် မိမိတို့ကိုယ်ကျိုးအတွက် လုပ်နေခြင်းဖြစ်သည်။ ဤသို့သောလူတို့သည် မှားယွင်းသည့် ရည်ရွယ်ချက်မျိုး ရှိကြသည်။ ၎င်းတို့သည် ကောက်ကျစ်၍ လှည့်စားတတ်ကာ ၎င်းတို့လုပ်သောအရာ အများစုသည် မိမိတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးသည် ဘုရားသခင်ကို ချစ်ဖို့ အားမထုတ်ချေ။ ၎င်းတို့၏နှလုံးသားသည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ပြီး ဘုရားသခင်ထံ မလှည့်နိုင်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူမျိုးကို ရယူရန် မဖြစ်နိုင်ပေ။

သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သူ၏ရယူခြင်းခံရဖို့ ဆန္ဒရှိပါက၊ ပထမခြေလှမ်းမှာ ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝ လှည့်လိုက်ဖို့ ဖြစ်သည်။ သင်လုပ်သမျှ တစ်ခုစီတိုင်း၌၊ သင့်ကိုယ်သင် စိစစ်ကာ၊ “ဘုရားသခင်အတွက် ချစ်ခြင်းစိတ်နှလုံးတစ်ခုကို အခြေခံကာ ဤအရာကို ငါ လုပ်နေသလား။ ဤအရာ၏ နောက်ကွယ်တွင် ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ တစ်ခုတစ်လေ ရှိသလား။ ဤအရာကို လုပ်ဆောင်ရာတွင် ကျွန်ုပ်၏ တကယ့်ရည်မှန်းချက်မှာ အဘယ်နည်း” ဟု မေးလော့။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သင် လွှဲပြောင်းလိုပါက၊ ပထမဦးစွာ သင်ကိုယ်တိုင်၏ စိတ်နှလုံးကို သင်ချိုးနှိမ်ရမည်၊ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်အားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် အပြည့်အဝ ဖြစ်တည်မှု အခြေအနေတစ်ခုကို ရရှိရမည်။ ဤသည်မှာ ဘုရားသခင်ထံ သင်၏နှလုံးသားကို ပေးအပ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းဖြစ်သည်။ မိမိကိုယ်တိုင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ မိမိ၏ဇာတိပကတိ၏ လွန်ကဲသော စိတ်ဆန္ဒများကို လက်လွှတ်ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း သို့မဟုတ် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို တပ်မက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်စေရန် အရာရာကို လုပ်ဆောင်ခြင်းနှင့် မိမိစိတ်နှလုံးကို မိမိကိုယ်တိုင်အတွက် မဟုတ်ဘဲ သူ့အတွက် အပြည့်အဝ ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ လုံလောက်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်

ဘုရားကို ချစ်နိုင်ရန် သင့်စိတ်နှလုံးကို ဘုရားထံ လုံးလုံးလှည့်ထားလော့ကျူး

သင့်နှလုံးသား၌ ကြံစည်သမျှတို့ ဘုရားကို ရရှိရန်နှင့် ချစ်မြတ်နိုးရန် ဖြစ်လာသောအခါ သင်၏စိတ်နှလုံး ဘုရားထံ သင်အပ်နှံပြီ အနာဂတ် ရှေ့ရေးတို့ကို တွေးတောမနေ ဘုရားနှင့်နှုတ်ကပတ်တော်အပြင် စိတ်နှလုံး၌ ဘာမှ မရှိ မိမိစိတ်နှလုံးကို ဘုရားထံ အပ်နှံခြင်းမှာ ဘုရားကို မြတ်နိုးရန်နှင့် စိတ်သဘောထားကို သိရှိရန်ပင် စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ် သင့်စိတ်နှလုံးကို ကိုယ်တော့်ထံ လုံးလုံးအပ်နှံပါ ဤသည်မှာ ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်း ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်

နေ့စဉ်ဆုတောင်းရင်း နှုတ်ကပတ်တော်ကို စားသောက်၊ ဘုရား၏အလိုတော်နှင့် အသင်းတော်လုပ်ငန်းကို အရေးထား၊ ဘုရားကို ချစ်မြတ်နိုးပြီး သူ၏စိတ်နှလုံးကို ကြည်နူးစေလျှင် သင့်စိတ်နှလုံးကို ဘုရား ပိုင်လိမ့်မည် မိမိတို့ စစ်မှန်သော နှလုံးသား ဘုရားကို ဆက်ကပ်သောအခါ အသက်တာရှင်သန်ခြင်း စတင် သဘောထားများ ပြောင်းလဲလာသည် ဘုရားကို ချစ်စိတ်နှင့်သိကျွမ်းမှုတို့ တိုးပွားလိမ့်မည် စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ် သင့်စိတ်နှလုံးကို ကိုယ်တော်ထံ လုံးလုံးအပ်နှံပါ ဤသည်မှာ ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်း ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်

မိမိနှလုံးသားကို ဘုရားထံ အပ်နှံခြင်းမှာ ဘုရားကို ချစ်မြတ်နိုးရန်နှင့် နားလည်နိုင်ရန် လမ်းမှန်ပေါ် ရောက်ရန်အတွက် လိုအပ်ချက်တစ်ခုဖြစ်သည် သင် လုပ်ရမည့် အရာဖြစ်သည် သို့သော် ၎င်းသည်ဘုရားအပေါ် စစ်မှန်သော အချစ်ကိုမဖော်ပြ ဘုရားကို ချစ်ရမည့် တာဝန်ကျေပြီဟု မဆိုလို သင်၏စိတ်နှလုံးကို ဘုရားထံ လှည့်ခြင်းက ဘုရားကို အမှန်ပင် ချစ်ဖို့ရာ တစ်ခုတည်းသောနည်းလမ်း ဖြစ်သည် စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ် သင့်စိတ်နှလုံးကို ကိုယ်တော်ထံ လုံးလုံးအပ်နှံပါ ဤသည်မှာ ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်း ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်

ဘုရားကို ချစ်သောသူတို့သည် အသက်ကို ရှာသောသူများဖြစ်၏ ထိုသူတို့ သမ္မာတရားကို ရှာဖွေ၍ ဘုရားကို အမှန်ပင် လိုလားကြသည် ထိုသူတို့ ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်း၊ နှိုးဆော်ခြင်းကို ခံကြရ၏ ထိုသူတို့ကို ဘုရားသခင် လမ်းပြနိုင်သည် စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ် သင့်စိတ်နှလုံးကို ကိုယ်တော်ထံ လုံးလုံးအပ်နှံပါ ဤသည်မှာ ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်း ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။