ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၅

20.04.2021

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို တောင့်ခံရမည်ဖြစ်ပြီး နောက်တစ်ဖက်၌ သင်တို့သည် ပေးဆပ်မှု ပြုရမည်ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြှင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေတာဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုကို နားလည်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုက အဘယ်နည်းဆိုသည်ကို သိဖို့ ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်၊ သူ၏အလိုကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့လိုအပ်သည်။ ဥပမာ သူ၏အလိုကို မည်ကဲ့သို့ သတိထားရမည်၊ ဘုရားသခင်၏အလိုတော်သည် အဘယ်အရာနည်း ဆိုသည်ကို သင်နားလည်သင့်သည့်အချိန်၌ အခက်အခဲများကို သင်တောင့်ခံဖို့ လိုအပ်သော ပြဿနာတစ်ခု ဖြစ်သည်။ သင်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရ မနေရပေ။ ပထမဆုံး သင့်ကိုယ်သင် တစ်ဖက်မှာ ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏ တာဝန်ကို ပြီးပြည့်စုံစေရပါမည်။ ဤကဲ့သို့အတွေးမျိုးနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စ၌ သင့်ဆီကို ထူးခြားသော ထိုးထွင်းသိမြင်ခြင်းအလင်းကို သယ်ဆောင် လာပါလိမ့်မည်။ ပြီးလျှင် သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ သင့်ကိုယ်သင် ဘေးတစ်ဖက်မှာထားပြီး ဇာတိပကတိကို အရာအားလုံး၏ အနိမ့်ကျဆုံးအနေနှင့် သတ်မှတ်ပါ။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ပိုပြီး အခွင့်အရေး ယူလေလေ ဖြစ်သည်။ ဤတစ်ကြိမ် ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ပိုပြီး တောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီးဖြစ်လျှင် သင်က ဇာတိပကတိကို ပိုပြီး ချစ်ခင်လာလိမ့်မည်။ ဇာတိပကတိသည် အလိုရမ္မက် သိပ်ကြီးသည်။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးသည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ၊ သင်ကျေနပ်သလော၊ တကယ် ကျေနပ်စေသလောဆိုသည်ကို အမြဲတမ်းမေးသည်။ လူတွေ၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆတွေထဲ၌ နှစ်မြုပ်ပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ သူ့ကိုယ်သူ မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ သူ၏ဆန္ဒက ပိုပြီး ကြီးလာလေလေ၊ ဇာတိပကတိသည် ပိုပြီး ဆိုးဝါးလာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်က ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏ အားနည်းချက်ကို မည်သူကမျှ စာနာမည်မဟုတ်ဆိုသည်ကို သင်အမြဲတမ်း ခံစားရမည်။ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး သင်က ပြောလိမ့်မည်၊ ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်သနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း။ ဇာတိပကတိ၌ အလွန် နှစ်မြုပ်နေပြီး စွဲလန်း နှစ်သက်နေသောအခါ ကိုယ့်ကိုယ်ကိုယ် လက်လွတ် ဆုံးရှုံးစေကြသည်။ သင်က ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ပြီး အလွန် ကောင်းမွန်သည်ဆိုသည်ကို သင်မြင်ရမည်ဖြစ်ပြီး သင်၏ ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏ မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ဆိုခြင်းကို မြင်မည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ အပြစ်ပေးသည့်အချိန်၊ သင့်ကို စိတ်ဆိုးစေသော ပတ်ဝန်းကျင်တို့ကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင် အမြဲတမ်း ခံစားရမှာဖြစ်သည်။ ထို့ကြောင့် မည်သည့်နာကျင်မှုမျှ မရှိသလိုဖြစ်ပြီး ဘုရားသခင်သည် ချစ်ခင်မြတ်နိုးဖွယ် ကောင်းသည်ဟု သင်ခံစားရမှာပါ။ သင်က ဇာတိပကတိ၏ အားနည်းချက်ထဲ၌ စွဲလမ်းနေပြီး ဘုရားသခင်က သိပ်လွန်သွားသည်လို့ပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်။ အမြဲတမ်း စိတ်ဖိစီးနေမည်။ ဘုရား၏ လုပ်ဆောင်မှု အားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုဟူသည့်ပုံစံ ပေါ်နေမည်ဖြစ်သည်။ ထို့ကြောင့် သင်က တရားမမျှတမှုကြီးကို ခံစားနေရသကဲ့သို့ ဒုက္ခ အကြီးအကျယ်ရောက်ပြီး အထီးကျန်ဆန်နေပြီးလျှင် သင်သည် ဤအချိန်မှာ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ အခြေအနေက ဆိုးလာပြီး ဘုရားသခင်၏ လုပ်ဆောင်မှုကို သင်က ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို ဆန့်ကျင်လာသည့်အထိ၊ လုံးဝ မနာခံတော့သည်အထိ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်ကို စွဲလမ်းလေလေ ဘုရားသခင်က လွန်သည်လို့ ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ပြီး စွဲလမ်းခြင်း မရှိရ။ သင်၏ ယောင်္ကျား၊ မိန်းမ၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ သင်၌ ဤခံယူချက်ရှိဖို့ လိုသည်။ “ငါ၏ နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ကြိုးစားရမည်။” ဤကဲ့သို့ ခံယူချက်မျိုးကို သင် အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် အမှန်တရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါမှာ သိပ်အားထုတ်စရာ မလိုဘဲ ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံး ရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နှစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် လက်လွတ်ဆုံးရှုံးရပါမည်။ ဘုရားသခင်၏ရှေ့မှာ သင်က အသက်ကို ရရှိမည်လား၊ သင်၏ နောက်ဆုံးအဆုံးသတ်မှုက အဘယ်အရာဖြစ်သည်ဆိုသည်မှာ ဇာတိပကတိအပေါ် သင်၏ တွန်းလှန်မှုကို သင်မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်သနည်းဆိုသည့် အပေါ်မှာ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့သည်။ ရွေးနှုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့သည်။ သို့သော်လည်း သင်သည် သူ့ကို ကျေနပ်မှုပေးဖို့ ဆန္ဒမရှိဘူးဆိုလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ ဆန္ဒမရှိဘူးဆိုလျှင်၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သော သင်၏ နှလုံးသားနှင့် သင်၏ ကိုယ်ပိုင် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ ဆန္ဒမရှိဘူးဆိုလျှင်၊ နောက်ဆုံးမှာ သင့်ကိုယ်သင်ပျက်စီးပြီး ကြီးမားသည့် နာကျင်မှုကို ခံစားရပါမည်။ သင်သည် ဇာတိပကတိကို အမြဲတမ်းစွဲကပ်နေလျှင် စာတန်သည် သင့်ကို ဖြည်းဖြည်းချင်း အတွင်းကနေ ဝါးမြိုပြီး သင်သည် အတွင်း၌ လုံးဝ အမှောင်ကျရောက်သည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ သို့မဟုတ် ဝိညာဉ်တော်ကို ထိတွေ့ခွင့်မရဘဲ ထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေထိုင်လျှင် စာတန်၏ အကျဉ်းသားအဖြစ် ခေါ်ဆောင်ခြင်းခံရမည်ဖြစ်ပြီး သင်၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ။ ဤအချိန်မှာ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် သင်က ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိသည်ဆိုလျှင် နာကျင်မှုအတွက် ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲတွေကို ခံနိုင်ရမည်ဖြစ်သည်။ စာတွေပိုပြီးဖတ်ရင်း အလုပ်တွေပိုပြီးရှုပ်ရင်း ပြင်ပစိတ်အားထက်သန်မှုများ၊ အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။