ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၀

27.10.2020

ဘုရားသခင်သည် လူတို့ကို ပြီးပြည့်စုံအောင်ပြုလုပ်ပေးရန်အတွက် သမ္မာတရားနှင့် အချက်အလက်များ ရောက်ရှိလာခြင်းကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏ နှုတ်ထွက်စကားများသည် လူတို့ပြီးပြည့်စုံရန် တစ်ခန်းတစ်ကဏ္ဍမှ ဖြည့်ဆည်းပေးပြီး၊ လမ်းညွှန်ခြင်းနှင့် လမ်းကြောင်းဖွင့်ပေးခြင်းကို လုပ်ဆောင်သည်။ ဆိုလိုသည့်အရာမှာ ဘုရားသခင်၏ နှုတ်ထွက်စကားများထဲတွင် လူသားတို့သည် အမှန်တကယ် လက်တွေ့ကျင့်ဆောင်မှုနှင့် ရူပါရုံများနှင့် ပတ်သက်သော အသိပညာကို ရှာဖွေသင့်ပါသည်။ ဤအရာတို့ကို နားလည်ခြင်းအားဖြင့် လူသည် အမှန်တကယ် လက်တွေ့လုပ်ဆောင်ရင်း လမ်းကြောင်းနှင့် ရူပါရုံများ ရှိလာမည် ဖြစ်ပြီး၊ ဘုရားသခင်၏ စကားမှ တဆင့် ဉာဏ်ပညာအလင်း ရလာကာ၊ ဤအရာတို့သည် ဘုရားသခင်ထံမှ လာသည်ဟု နားလည်ကာ အကြောင်းအရာ တော်တော်များများကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာပါလိမ့်မည်။ နားလည်ပြီးသည့်နောက်တွင် သူတို့သည် ဤသမ္မာတရားထဲသို့ ချက်ချင်းဝင်ရောက်ကာ သူတို့၏ လက်ရှိဘဝတွင် ဘုရားသခင်ကို စိတ်ကျေနပ်အောင် ပြုရန်အတွက် ဘုရားသခင်၏ နှုတ်ထွက် စကားများကို ကျင့်သုံးရမည်။ ဘုရားသခင်သည် အရာရာ၌ သင့်ကို လမ်းညွှန်မည် ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို သင့်အားပေးကာ ဘုရားသခင်သည် အလွန်ချစ်ခင်နှစ်သက်ဖွယ် ကောင်းသည်ဟု သင့်အား ခံစားလာစေမည် ဖြစ်ပြီး၊ သင့်၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းသည် သင့်အား ပြီးပြည့်စုံအောင် ပြုလုပ်ရန်အတွက် ဖြစ်ကြောင်းကို သိမြင်ခွင့် ပေးပါလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရရန် ဆန္ဒရှိပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံလိုပါက သင်သည် သမ္မာတရားထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ရမည်။ စစ်မှန်သော ဘဝအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ပြီး ဘုရားသခင် ပြုလုပ်သော အရာတိုင်းသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအတွက် ဖြစ်သည်ဟု မြင်ရမည်။ သို့မှသာ လူတို့သည် မသန့်ရှင်းသည့် အရာများကို နောက်တွင် ချန်ခဲ့ကောင်း ချန်ခဲ့မည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ စိတ်ကို ကျေနပ်နှစ်သိမ့်မှု မပေးနိုင်သော သူတို့အတွင်းရှိ အရာများကို သန့်စင်ဖို့ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သူ၏ နှုတ်ထွက် စကားများကို အသုံးပြုပြီး၊ တစ်ချိန်တည်းမှာပင် လူသားတို့အား သူတို့ ကိုယ်တိုင် ကြုံတွေ့ခံစားခွင့် ပေးရန်အတွက် လက်တွေ့ဘဝ၌လည်း အခြေအနေများကို ဖန်တီးပေးပါသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ထွက်စကားများကို သုံးဆောင်မှီဝဲပြီး၊ လက်တွေ့ကျင့်သုံးပါက သူတို့၏ ဘဝများထဲမှ အခက်အခဲအားလုံးကို ဘုရားသခင်၏ များစွာသော စကားတို့ကို အသုံးပြုကာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဆိုလိုသည့်အရာမှာ သမ္မာတရားထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန်အတွက် ဘုရားသခင်၏ နှုတ်ထွက် စကားများ သင့်ထံတွင် ရှိနေရပါမည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ထွက် စကားများကို မှီဝဲ သုံးဆောင်ခြင်း မရှိ၊ သင့်၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်လည်း မရှိပါက သင့်လက်တွေ့ဘဝတွင် သွားစရာလမ်း ရှိမည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ထွက် စကားများကို တစ်ခါမှ သုံးဆောင်ခြင်း သို့မဟုတ် မှီဝဲခြင်း မရှိပါက ဘဝ၌ တစ်စုံတစ်ခု ဖြစ်သောအချိန်တွင် သင်၏စိတ် ရှုပ်သွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ချစ်ရန်သာ သိသော်လည်း၊ ခွဲခြားနိုင်စွမ်း မရှိ၊ လက်တွေ့ လုပ်ဆောင်ရန် လမ်းကြောင်းလည်း မရှိဖြစ်လိမ့်မည်၊ သင်သည် မရေမရာနှင့် စိတ်ရှုပ်ထွေးကာ၊ သွေးသားဆန္ဒ ပြည့်အောင်လုပ်ခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ခြင်း ဖြစ်သည်ဟုပင် တစ်ခါတစ်ရံတွင် ယုံကြည်လာပါလိမ့်မည်— ဤအရာအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ထွက် စကားများကို မှီဝဲသုံးဆောင်မှု မရှိခြင်း၏ အကျိုးဆက် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ထွက်စကားများ၏ အကူအညီ မပါဘဲ၊ သမ္မာတရားအတွင်းတွင်သာ စမ်းတဝါးဝါး လှည့်လည်နေပါက လက်တွေ့ ကျင့်ဆောင်မှု လမ်းကြောင်းကို ရှာဖွေနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ချစ်ခြင်း၏ အဓိပ္ပါယ်ကို နားလည်ရန် မဆိုနှင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကိုပင် နားမလည်ကြပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ထွက်စကားများထံမှ ဉာဏ်ပညာအလင်းနှင့် လမ်းညွှန်မှုတို့ကို အသုံးပြုပြီး မကြာခဏ ဆုတောင်းခြင်း၊ စူးစမ်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ၊ ထိုမှတဆင့် သင်လက်တွေ့ကျင့်သုံးသင့်သည့် အရာများကို တွေ့ရှိပြီး၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ် လုပ်ဖို့အတွက် အခွင့်အရေးကို ရှာဖွေကာ၊ ဘုရားသခင်နှင့် စစ်မှန်စွာ ပူးပေါင်းပြီး၊ စိတ်ရှုပ်ထွေးမနေတော့လျှင် သင်သည် လက်တွေ့ဘဝတွင် လမ်းကြောင်းတစ်ခုကို ရရှိကာ ဘုရားသခင်ကို စစ်မှန်စွာ စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်အောင် ပြုလုပ်သောအခါ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည် ဖြစ်ပြီး၊ အထူးသဖြင့် ဘုရားသခင်၏ ကောင်းကြီးပေးခြင်းကို ခံရကာ သင်သည် ဝမ်းမြောက်ခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေခဲ့သည့်အတွက် သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ရွှင်လန်းတက်ကြွကာ၊ နှလုံးသားထဲတွင် ရှင်းလင်း အေးချမ်းလာမည် ဖြစ်ပြီး၊ သင့်အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ၊ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင့်ညီအကိုမောင်နှမများကို တွေ့ရသည့် အချိန်တွင် သင့်စိတ်ထဲတွင် သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်းဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။ ကိုယ်တိုင်ကြုံတွေ့ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ကြသည်။ အခက်အခဲနှင့် တွေ့ကြုံခြင်း၊ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းဖြင့် သူတို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ရရှိကြသည်။ အကယ်၍ သင်သည် ဘုရားသခင် သင့်အား အမှန်တကယ် ချစ်သည်၊ ဘုရားသခင်သည် လူတို့အတွက် အဖိုးအခကြီးကြီး ပေးခဲ့သည်၊ ဘုရားသခင်သည် မြောက်များစွာသော စကားများကို စိတ်ရှည်စွာ၊ ကြင်နာစွာဖြင့် ပြောကြားခဲ့သည်၊ လူတို့ကို အမြဲတမ်း ကယ်တင်သည်ဟု ပြောရုံသာ ပြောပါက သင်ပြောသော စကားများသည် ဘုရားသခင်၌ မွေ့လျော်ခြင်း၏ အစိတ်အပိုင်း တစ်ပိုင်းသာ ဖြစ်သည်။ ပို၍စစ်မှန်သော မွေ့လျော်ခြင်းမှာ လူသားတို့အနေဖြင့် သူတို့၏ လက်ရှိဘဝတွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ဖြစ်သည်။ ထို့နောက်တွင်မှ သူတို့၏ နှလုံးသားထဲတွင် ငြိမ်သက်ခြင်းနှင့် ရှင်းလင်းမှုကို ခံစားရကာ၊ စိတ်ထိတွေ့လှုပ်ရှားလာပြီး၊ ဘုရားသခင်သည် အလွန် ချစ်ခင်နှစ်သက်ဖွယ် ကောင်းသည်ဟု ခံစားလာရမည် ဖြစ်သည်။ သင်ပေးခဲ့သော အဖိုးအခသည် ထိုက်တန်သည်ဟု သင်ခံစားလာရလိမ့်မည်။ သင့်လုံ့လဖြင့် ကြီးမားသော အဖိုးအခကို ပေးခဲ့ပြီးနောက်တွင် သင့်စိတ်ထဲတွင် အထူး တောက်ပလာလိမ့်မည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေသည်ဟု ခံစားလာရပြီး၊ ဘုရားသခင်သည် လူတို့ အထဲတွင် ကယ်တင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်ကို နားလည်လာမည်။ ဘုရားသခင်က လူသားများကို အပြစ်ကင်းစင်အောင် လုပ်ခြင်းသည် သူတို့ သန့်ရှင်းစေရန် ဖြစ်ပြီး၊ လူသားတို့သည် သူ့အား အမှန်တကယ် ချစ်၊ မချစ်ကို စမ်းသပ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကို သိရှိလာပါလိမ့်မည်။ သင်သည် သမ္မာတရားကို ဤသို့ လက်တွေ့ကျင့်သုံးပါက ဘုရားသခင်၏ လုပ်ငန်း တော်တော်များများကို တဖြည်းဖြည်း ရှင်းလင်းစွာ နားလည်လာပြီး၊ ထိုအချိန်၌ သင့် ရှေ့၌ရှိသော ဘုရားသခင်၏ နှုတ်ထွက်စကားများသည် ဖန်သားတမျှ ရှင်းလင်းပြတ်သားသည်ဟု အမြဲတမ်း ခံစားလာရပါလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားများစွာကို ရှင်းလင်းစွာ နားလည်နိုင်ပါက ကိစ္စအားလုံးသည် လက်တွေ့ကျင့်ဆောင်ရန် လွယ်ကူသည်ဟု ခံစားလာရမည်။ လက်ရှိပြဿနာကို ကျော်လွားနိုင်ကာ၊ သွေးဆောင်ဖျားယောင်းမှုကိုလည်း ကျော်ဖြတ်နိုင်ပြီး၊ မည်သည့် ကိစ္စမှ သင့်အတွက် ပြဿနာ မဟုတ်ကြောင်း သိမြင်လာမည်။ ထိုသို့သိမြင်ခြင်းက သင့်အား ချုပ်နှောင်မှုမှ ကင်းလွတ်၍ လွတ်မြောက်မှုကို ရလာစေပါလိမ့်မည်။ ထိုအချိန်၌ သင်သည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ၌ အမှန်စင်စစ် မွေ့လျော်ကာ၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် သင့်အပေါ်သို့ ရောက်လာပြီး ဖြစ်ပါလိမ့်မည်။ သမ္မာတရား၊ အသိဉာဏ်နှင့်ရူပါရုံများရှိပြီး သူ့ကို အမှန်တကယ်ချစ်သောသူများကို ဘုရားသခင်သည် ကောင်းကြီးပေးသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရန်ဆန္ဒ ရှိပါက၊ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့ ကျင့်သုံးရမည်။ နာကျင်မှုကို တောင့်ခံလိုစိတ် ရှိရမည်၊ ဘုရားသခင် စိတ်ကျေနပ်စေရန် သူတို့ချစ်သော အရာများကို စွန့်လွှတ်ရမည်။ သူတို့ မျက်လုံးထဲတွင် မျက်ရည်များရှိသော်လည်း ဘုရားသခင် စိတ်ကျေနပ်စေရန်အတွက် ပြုလုပ်နိုင်ကြရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်သည် သင့်အား အမှန် တကယ်ကောင်းချီးပေးမည်ဖြစ်သည်။ ထိုသို့သော အခက်အခဲကို သည်းခံနိုင်ပါက သန့်ရှင်းသော ဝိညာဉ်တော်ကလည်း အလုပ် လုပ်လာပါလိမ့်မည်။ လက်တွေ့ဘဝအားဖြင့်၊ ဘုရားသခင်၏ နှုတ်ထွက်စကားများကို တွေ့ကြုံခံစားခြင်းအားဖြင့် လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို တွေ့ကြုံခံစားနိုင်စွမ်းရှိကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ဖူးမှသာ သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ကြမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

God’s Love Must Be Tasted in Real Life

I

If you wish to see God’s love and experience God’s love, you must go deep into reality, and see everything God does is salvation and love, is to refine the things within that cannot satisfy God’s will, to make you cast off what’s unclean. If you wish to behold God’s love, you must practice truth in real life, be willing to endure pain and forsake what you love to satisfy God. And despite the tears in your eyes, you can still satisfy God’s heart. This way by God you’ll be blessed. The Holy Spirit will work after you endure hardship such as this.

II

If by using enlightenment and the guidance of God’s words, and by seeking and prayers, you find the chance for the Spirit’s work and find what to practice, you truly cooperate with God, you aren’t muddled and confused, then you’ll have a path in life and satisfy God. If you wish to behold God’s love, you must practice truth in real life, be willing to endure pain and forsake what you love to satisfy God. And despite the tears in your eyes, you can still satisfy God’s heart. This way by God you’ll be blessed. The Holy Spirit will work after you endure hardship such as this.

III

When you have satisfied God, His guidance will be inside. You’ll be very blessed by God, feeling enjoyment from within. You’ll feel very honored that you’ve satisfied God’s will. Your conscience will be comforted, and your heart will be peaceful and clear. You’ll feel so pleasant inside when you see your brothers and sisters. That’s what it means to enjoy God’s love. And this is truly enjoying God. If you wish to behold God’s love, you must practice truth in real life, be willing to endure pain and forsake what you love to satisfy God. And despite the tears in your eyes, you can still satisfy God’s heart. This way by God you’ll be blessed. The Holy Spirit will work after you endure hardship such as this. The loveliness of God can be seen through real life and all of God’s words. You can see how lovable He is by experiencing His words. Only if you’ve tasted God’s love, then God you’ll truly love.

from Follow the Lamb and Sing New Songs

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။