ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၂

28.02.2021

တစ်ခါတစ်ရံတွင် လူတို့သည် ဘုရားသခင်အား သူတို့ဘဝဖြစ်စေမည်ဟု ပြောကြသော်လည်း သူတို့သည် ထိုအဆင့်၌ တွေ့ကြုံခံစားရသည့် အတွေ့အကြုံကို မရရှိကြသေးပေ။ ဘုရားသခင်သည် သင်၏အသက် ဖြစ်သည်၊ ဘုရားသခင်သည် သင့်အား နေ့စဉ် စောင့်ရှောက် မစသည်၊ သူ၏ နှုတ်ထွက်စကားများကို သင်သည် နေ့စဉ် မှီဝဲသုံးဆောင်သည်၊ သူ့ထံ သင်နေ့စဉ် ဆုတောင်းသည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ ဘဝဖြစ်သည်ဟုသာ သင်ပြောနေခြင်း ဖြစ်သည်။ ထိုသို့ပြောသူများ၏ အသိဉာဏ်သည် အပေါ်ယံသာ ဖြစ်သည်။ လူအများစုတွင် အခြေခံအုတ်မြစ် မရှိကြပေ- ဘုရားသခင်၏ နှုတ်ထွက် စကားများသည် သူတို့ထဲတွင် စိုက်ပျိုးခြင်း ခံထားရသော်လည်း၊ အသီးသီးရန် မပြောနှင့် အညှောက်ပင် မပေါက်သေးပေ။ ယနေ့ သင်သည် မည်သည့် အဆင့်အထိ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သနည်း။ ယနေ့ ဘုရားသခင်သည် သင့်အား လက်ရှိနေရာအထိ ရောက်အောင် တွန်းပို့ခဲ့သည့်အတွက် သင်သည် ဘုရားသခင်ကို စွန့်ခွာ၍မရဟု ယခုအချိန်ရောက်မှ သင် ခံစားနေရပါသလား။ တနေ့ သင်သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားခဲ့ရပြီဆိုလျှင် ဘုရားသခင်သည် သင့်အား ထွက်ခွာ သွားခိုင်းလျှင်လည်း သင်သည် စွန့်ခွာနိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် ဘုရားသခင် မရှိဘဲ သင်မနေနိုင်ဟု အမြဲခံစားနေရမည်။ ယောင်္ကျား၊ မိန်းမ သို့မဟုတ် ကလေးများ မရှိဘဲ၊ အမေ သို့မဟုတ် အဖေ မရှိဘဲ၊ သွေးသားခန္ဓာ၌ ပျော်မွေ့မှုများ မရှိဘဲ နေနိုင်သော်လည်း စိတ်ထဲတွင် ဘုရားသခင် မရှိဘဲ သင်မနေနိုင်တော့ပေ။ ဘုရားသခင် မရှိခြင်းသည် သင့်ဘဝကို ဆုံးရှုံးလိုက် ရခြင်းနှင့် တူပြီး ဘုရားသခင် မရှိဘဲ သင်နေနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအခြေအနေကို တွေ့ကြုံခံစားရပါက ဘုရားသခင်အတွက် သင်မှာ ရှိသင့်သော ယုံကြည်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင့်ဘဝ ဖြစ်လာကာ သူသည် သင့်တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီး၊ သင်သည် ဘုရားသခင်အား ဘယ်သောအခါမှ ထပ်မံစွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအခြေအနေကို တွေ့ကြုံခံစားရပါက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်လာကာ၊ ဘုရားသခင်နှင့် သင်၏အကြားရှိ ဆက်ဆံရေးသည်လည်း အလွန်ရင်းနှီးပြီး ဘုရားသခင်သည် သင့်အသက်၊ သင့်ချစ်ရသောသူ ဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ဘုရားသခင်ထံသို့- “အိုး ဘုရားသခင်၊ ကျွန်ုပ် သင့်ကို မစွန့်ခွာနိုင်ပါ။ သင်သည် ကျွန်ုပ်၏ ဘဝ ဖြစ်ပါသည်။ ကျွန်ုပ်သည် အခြားအရာအားလုံး မရှိဘဲ နေနိုင်သော်လည်း သင်မရှိဘဲ အသက် ဆက်မရှင်နိုင်ပါ။ ဤသည်မှာ လူသားတို့၏ စစ်မှန်သော အရေးပါမှု ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ဘဝဖြစ်သည်” ဟု ဆုတောင်းလိမ့်မည်။ လူအချို့တို့သည် ယနေ့ သူတို့ရှိနေသည့် နေရာအထိ ရောက်အောင် တွန်းပို့ခြင်း ခံခဲ့ရသည်- သူတို့ လုပ်ချင်သည် ဖြစ်စေ၊ မလုပ် ချင်သည် ဖြစ်စေ ဆက်လုပ်နေရပြီး သူတို့သည် အခက်အခဲနှစ်ခု အကြားတွင် ရှိနေသည်ဟု အမြဲတမ်း ခံစားနေကြသည်။ ဘုရားသခင်သည် သင်၏ဘဝဖြစ်ပြီး၊ ဘုရားသခင်ကို သင့်ထံမှ နှုတ်ယူသွားပါက သင့်အသက် ဆုံးရှုံးခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်ဘဝဖြစ်ပြီး၊ သင်သည် သူ့ကို စွန့်ခွာနိုင်စွမ်း မရှိတော့ဟူသည့် အဆင့်အထိ သင်ခံစားရရန် လိုသည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် တွေ့ကြုံခံစားလိုက်ရပြီး၊ ထိုအချိန်၌ သင်သည် ဘုရားသခင်ကို နောက်တစ်ဖန် ထပ်မံ ချစ်သောအခါ၊ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးပြီး၊ သင်၏ချစ်ခြင်းမေတ္တာသည် တစ်ဦးတည်းကို ချစ်သော အချစ်၊ ဖြူစင်သည့်အချစ် ဖြစ်လိမ့်မည်။ တစ်နေ့ သင့်အတွေ့အကြုံသည် ထိုသို့ဖြစ်လာပါက သင်သည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ သူ၏နှုတ်ထွက်စကားများကို မှီဝဲသုံးဆောင်လိမ့်မည်၊ ဘုရားသခင်ကို သင်စွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်စွန့်ခွာလိုလျှင်ပင် သူ့ကိုသင် မေ့လျော့နိုင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်ဘဝ ဖြစ်လာလိမ့်မည်၊ သင်သည် ကမ္ဘာကြီးကိုလည်းကောင်း၊ သင့်ဇနီးနှင့် သားသမီးများကိုလည်းကောင်း မေ့နိုင်သော်လည်း ဘုရားသခင်ကို မေ့လျော့ဖို့ ခက်ခဲလာပါလိမ့်မည်— ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ ဤသည်မှာ သင်၏ဘဝစစ်၊ ဘုရားသခင်အပေါ်၌ထားသော သင်၏ ချစ်ခြင်းမေတ္တာစစ် ဖြစ်သည်။ ဘုရားသခင် အပေါ်၌ ထားသော လူတို့၏ ချစ်ခြင်းမေတ္တာသည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင် ဘုရားသခင် အပေါ် ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည် အခြားအရာများ အပေါ်၌ထားသော အချစ်နှင့် မတူတော့ပေ။ ဘုရားသခင်သည် သူတို့၏ နံပါတ်တစ် ချစ်ရသူ ဖြစ်လာပြီး၊ ထိုသို့ ဖြစ်လာသောကြောင့် သူတို့သည် အရာအားလုံးကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ လုပ်ဆောင်မှု မှန်သမျှ၊ ပြုပြင်မှု မှန်သမျှကို လက်ခံလိုသည့် ဆန္ဒ ရှိလာပါလိမ့်မည်။ ဘုရားသခင် အပေါ်၌ ထားသော သင်၏ ချစ်ခြင်းသည် အရာအားလုံးထက် ကြီးမားသာလွန်သွားပါက သင်သည် လက်တွေ့ကျကျ အသက်ရှင်မည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။