ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၆

05.03.2021

လူသည် ဇာတိပကတိ အကြားတွင် နေထိုင်သည်၊ ဆိုလိုသည်မှာ သူသည် လူ့ငရဲတွင် နေထိုင်နေပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့ မရှိဘဲ လူသည် စာတန်ကဲ့သို့ ဆိုးညစ်လေသည်။ လူသည် မည်သို့ သန့်ရှင်းမြင့်မြတ် နိုင်ပါမည်နည်း။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူ၏ အကောင်းဆုံး သော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကျေးဇူးတော်ပင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့်သာ လူသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော စည်းကမ်းများသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လူကို ပယ်ရှား ပေးသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှ လွတ်မြောက်စေပြီး ဘုရားသခင်၏ မျက်မှောက်တော် အလင်း ထဲတွင် နေထိုင်ခွင့်ရစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုမှ “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမ၍ တရားစီရင်နေသမျှ ကာလပတ်လုံး ကိုယ်တော် ကျွန်ုပ်ကို ပစ်ခွာမသွားကြောင်း ကျွန်ုပ်သိလိမ့်မည်။ ကိုယ်တော် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းကို မပေးလျှင်ပင်၊ ဒုက္ခဆင်းရဲများ ခံစားရစေလျှင်ပင်၊ ကျွန်ုပ်အား မရေမတွက်နိုင်အောင် ပြစ်တင်ဆုံးမလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မပစ်ပယ်သမျှကာလပတ်လုံး ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်နေပါလိမ့်မည်။ ယနေ့၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့ပါပြီ။ ကျွန်ုပ်အားပေးသော ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပေးပါသည်။ ယနေ့ ကျွန်ုပ်အပေါ်သို့ အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပေါ်လွင်ထင်ရှားမှုတစ်ခု ဖြစ်ပြီး ယင်းသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်စစ်ဆေးခြင်းနှင့် ထိုထက်မက၊ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် လူ့ဇာတိ၏သာယာမှုများကို ဘေးဖယ် ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော အကာအကွယ်ကို ရှာဖွေနိုင်ခဲ့သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်း အလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံ ရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ချယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်းအလင်း ဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ် မရှိတော့ကြောင်းကို သိနားလည်ပါ။ လူသည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး လူ့ဇာတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းနှင့် ဘုရားသခင်၏ ကာကွယ်ခြင်းကို မရရှိပါက၊ လူသည် ပို၍ပင် အကျင့် ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို သူချစ်လိုပါက သူသည် သန့်ရှင်းစေခြင်းနှင့် ကယ်တင်ခြင်းကို ခံရမည်။ ပေတရုမှ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာဆက်ဆံပါက ကျွန်ုပ်ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပါက ပို၍ပင် နှစ်သိမ့်ခြင်းကိုခံစားရပြီး ဝမ်းမြောက်လှ ပါသည်။ ကျွန်ုပ်သည် အားနည်းပြီး များလှစွာသော ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်နှင့် ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ် ငိုကြွေးပါ၏။ ကိုယ်တော်၏ တောင်းဆိုချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့် ကျွန်ုပ် ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏။ သို့သော် ဤနယ်ပယ်သို့ ရောက်ရှိရန် ကျွန်ုပ်လိုလားပြီး ကိုယ်တော်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှအားလုံးကို လုပ်ဆောင်ရန်လည်း ကျွန်ုပ်လိုလားပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုက ကျွန်ုပ်အား ကာကွယ်ပေးပြီး အကောင်းဆုံးသော ကယ်တင်ခြင်းကို ပေးခဲ့ပါသည်။ ကိုယ်တော်၏ တရား စီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဖုံးအုပ်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မရှိဘဲ ကိုယ်တော်၏ကရုဏာနှင့် ချစ်ကြင်နာမှုကို ကျွန်ုပ်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့၊ ကိုယ်တော်၏ မေတ္တာသည် ကောင်းကင်ဘုံသို့ ကျော်လွန်ပြီး အကောင်းတကာ့ အကောင်းဆုံး ဖြစ်ကြောင်း ကျွန်ုပ် ပိုမို မြင်လာရပါသည်။ ကိုယ်တော်၏ မေတ္တာသည် ကရုဏာနှင့် ချစ်ကြင်နာရုံသာမကပါ။ ထို့ထက်ပိုပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းလည်း ပါပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို များစွာ ပေးခဲ့ပြီးပါပြီ။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မပါဘဲ မည်သူတစ်ဦးတစ်ယောက်မျှ သန့်ရှင်းနိုင်မည်မဟုတ်ပါ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဖန်းဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံခဲ့ပြီး သေလုနီးနီးပင်ဖြစ်သည်။ ထိုသို့သော ဒုက္ခဆင်းရဲ က ကျွန်ုပ်အား ကိုယ်တော်ကို စစ်စစ်မှန်မှန် သိခြင်းနှင့် အထူးကယ်တင်ခြင်းကို ရရှိစေခဲ့သည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမ ပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားမည်ဆိုလျှင် ကျွန်ုပ်သည် အမှောင်ထုထဲ၊ စာတန်၏ အုပ်စိုးမှု အောက်တွင် နေရလိမ့်မည်ဖြစ်သည်။ လူ၏ ဇာတိပကတိတွင် မည်သည့် အကျိုးကျေးဇူးများ ရှိပါသနည်း။ အကယ်၍ ကိုယ်တော်၏ ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ယင်းမှာ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်အား စွန့်ခွာသကဲ့သို့၊ ကိုယ်တော် ကျွန်ုပ်နှင့်အတူ မရှိတော့ သကဲ့သို့ ဖြစ်ပေမည်။ ထိုသို့ဖြစ်လျှင် ကျွန်ုပ် မည်သို့ ရှင်သန်ရပါမည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာဖျားစေပြီး ကျွန်ုပ်၏ လွတ်လပ်ခွင့်ကိုယူလျှင်ပင် ကျွန်ုပ် ဆက်လက်ရှင်သန်နိုင်သေးသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ကျွန်ုပ်ရှင်သန်နိုင်မည် မဟုတ်တော့ပါ။ အကယ်၍ ကျွန်ုပ်ထံတွင် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကင်းမဲ့ပါက စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းသည့် မေတ္တာဖြစ်သော ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်ဆုံးရှုံးရပါ လိမ့်မည်။ ကိုယ်တော်၏ မေတ္တာမပါလျှင် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရမှာဖြစ်ပြီး ကိုယ်တော်၏ အသရေတင့်တယ်သော မျက်နှာတော်ကို မြင်တွေ့နိုင်မည်မဟုတ်ပါ။ ကျွန်ုပ် မည်သို့ ဆက်လက်ရှင်သန်နိုင်ပါ မည်နည်း။ ထိုသို့သောအမှောင်ထု၊ ထိုသို့သောဘဝတွင် ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံ ရပ်နိုင်ပါမည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်ပါမည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်ပင် ဖြစ်ပါစေ၊ ကျွန်ုပ်၏ အမြင့်မားဆုံးသော နှစ်သိမ့်မှုကို သိမ်းယူမသွားပါရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီး ယခု ကိုယ်တော့်ထံပါးမှ မခွာနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့ မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့် ကျွန်ုပ်သည် ဝမ်းနည်း မျက်ရည်များကို ကျခဲ့ရသော်လည်း ထိုသို့သော အသက်တာသည် ပို၍လေးနက်သည်၊ ပို၍ တိုးတက်စေသည်၊ ကျွန်ုပ်ကို ပိုမိုပြောင်းလဲစေနိုင်သည်၊ လူသတ္တဝါအားလုံး ရရှိသင့်သည့် သမ္မာတရားကို ပိုမိုရနိုင်သည်ဟု ကျွန်ုပ် အမြဲခံစားရပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။