ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၉
20.10.2020
အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အတွင်း၌ သူတို့နေထိုင်ခဲ့စဉ်တွင် သူတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့ပြီး ညစ်ညမ်းမှုများ ကင်းစင်ခဲ့သည်။ သူတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါအား သစ္စာ ဖောက်ရန် လုံးလုံးမသိခဲ့ကြပေ။ ယင်းမှာ သူတို့သည် စာတန်၏ သြဇာလွှမ်းမိုးမှု အနှောင့်အယှက် မရှိ၊ စာတန်၏ အဆိပ် မရှိခဲ့ဘဲ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့် ညစ်ညမ်းမှုမျှမရှိ၊ ဇာတိပကတိ စရိုက်လက္ခဏာမရှိဘဲ ယေဟောဝါအား ရိုသေ လေးမြတ်ခြင်းဖြင့် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ခံရသည့်အခါ သူတို့သည် မြွေဆိပ်မိခဲ့ရပြီး ယေဟောဝါအား သစ္စာဖောက်လိုခဲ့ကြသည့်ပြင် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေထိုင်ခဲ့ကြသည်။ အစအဦး၌ သူတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ရိုသေလေးမြတ်ခဲ့သည်၊ လူသားတို့ သည် ဤအတိုင်းသာ ဖြစ်ရမည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက် သူတို့သည် ကောင်း မကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေခဲ့ကြသည်။ သူတို့သည် တဖြည်းဖြည်း စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး မူလလူသားသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူတွင် ယေဟောဝါ၏ ဇီဝအသက် ရှိခဲ့ပြီး သူတို့တွင် မနာခံခြင်း တစိုးတစိမျှ မရှိခဲ့၊ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု အလျှင်းမရှိခဲ့။ ထိုအချိန်တွင် လူသည် စစ်မှန်သောလူ ဖြစ်ခဲ့၏။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက် လူသည် သားရဲ ဖြစ်လာခဲ့သည်- သူ့အတွေးတို့သည် ကောင်းခြင်း သို့မဟုတ် သန့်ရှင်းခြင်း မရှိဘဲ မကောင်းမှု အညစ်အကြေးတို့ဖြင့် ပြည့်နှက်နေသည်။ ယင်းသည် စာတန် မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုတော်များစွာကို တွေ့ကြုံခဲ့ပြီးသော်လည်း ပြောင်းလဲခြင်းမရှိ၊ သန့်ရှင်းခြင်း မရှိသေး။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ဆက်လက်နေထိုင်နေသေးပြီး ဘုရားသခင်ထံသို့ မအပ်နှံသေး။ ယင်းသည် သိမ်းပိုက်ခြင်းကို ခံရပြီးသော်လည်း ပြည့်စုံစေခြင်း မရောက်သေးသည့် တစ်စုံတစ်ဦး ဖြစ်သည်။ ယင်းကဲ့သို့သောသူကို အဘယ်ကြောင့် ပြည့်စုံစေခြင်းသို့ မရောက်သေးဟု ဆိုရသနည်း။ အကြောင်းမှာ ဤလူသည် အသက်တာ သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်းကို မလေ့လာဘဲ လောကီ အပျော်အပါးများနှင့် တဒင်္ဂနှစ်သိမ့်မှုတို့ကိုသာ အငမ်းမရ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ အကျိုးရလဒ်အနေဖြင့် သူတို့၏အသက်စိတ်သဘောထားမှာ ပြောင်းလဲခြင်းအလျှင်းမရှိဘဲ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် အတိုင်း လူ၏ မူရင်းအသွင်သဏ္ဌာန်ကို ပြန်လည်မရရှိပေ။ ထိုသို့သောလူများသည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ပြီး ဝိညာဉ်မရှိသော အသေကောင်များသာ ဖြစ်ပေသည်။ ဝိညာဉ်ရေးရာအကြောင်းကို လေ့လာလိုက်စားခြင်း မရှိသူများ၊ မြင့်မြတ်သန့်ရှင်းမှုကို ရှာမှီးခြင်း မရှိသူများအပြင် သမ္မာတရားနှင့်အညီ နေထိုင်ရန် ကြိုးစားအားထုတ်ခြင်း မရှိသူများ၊ အပျက်သဘောဖြင့် သိမ်းပိုက်ခြင်းကိုသာ ခံရရန် ရောင့်ရဲနေသူ များနှင့်၊ သမ္မာတရားနှင့်အညီ မနေထိုင်နိုင်၊ မဖော်ပြနိုင်ကာ သန့်ရှင်းသူတစ်ဦး ဖြစ်မလာနိုင်သူများ- ထိုသူတို့သည် ကယ်တင်ခြင်း မခံရသေးသောသူများ ဖြစ်လေသည်။ အကြောင်းမှာ သမ္မာတရားမရှိဘဲ လူသည် ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့မခံနိုင်ပေ။ ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့ခိုင်နိုင်သောသူများသာ ကယ်တင်ခြင်း ခံရပြီးသော သူများဖြစ်သည်။ ငါလိုချင်သည်မှာ ပေတရုကဲ့သို့ ပြည့်စုံစေခြင်းကို လိုက်ရှာသူများဖြစ်၏။ ယနေ့ သမ္မာတရားကို အလိုဆန္ဒရှိပြီး လိုက်ရှာသူများအား ထိုအမှန်တရားကို ပေးသည်။ ဘုရားသခင် ကယ်တင်ခြင်းကို အလိုရှိသောသူများအား ဤကယ်တင်ခြင်းကို ပေးအပ်သည်။ ကယ်တင်ခြင်းကို သင်တို့ရရှိသည်ဟုသာ ဆိုလိုသည်မဟုတ်၊ ယင်းကြောင့် သင့်အား ဘုရားသခင် ပိုင်ဆိုင်သွားသည်ဟုလည်း ဆိုလိုသည်။ ဘရားသခင် သင့်အား ပိုင်ဆိုင်နိုင်ရန်အလို့ငှာ သင်သည် ဘုရားသခင် အား ပိုင်ဆိုင်ရသည်။ ယနေ့ သင်တို့အား ဤစကားများကို ငါပြော၏။ သင်တို့လည်းကြား၏။ သင်တို့သည် ဤစကားများကို ကျင့်ကြံသင့်သည်။ အဆုံးတွင် ဤစကားများကို ကျင့်ကြံသည့်အချိန်သည် ဤစကားများ အားဖြင့် သင်တို့အား ငါရယူချိန်ဖြစ်မည်။ တစ်ချိန်တည်းတွင် သင်တို့သည် ဤစကားများကို ရရှိမည်၊ ဆိုလိုသည်မှာ ဤအမြင့်ဆုံးသော ကယ်တင်ခြင်းကို သင်ရရှိမည်။ သင်တို့သည် သန့်ရှင်းခြင်းသို့ ရောက်သည်နှင့် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပေမည်။ အကယ်၍ သင်သည် သမ္မာတရားအတိုင်း အသက်ရှင် နေထိုင်နိုင်စွမ်း မရှိပါက သို့မဟုတ် ပြည့်စုံခြင်းသို့ ရောက်ရှိပြီးသော သူတစ်ဦးလို နေထိုင်နိုင်ခြင်း မရှိပါက သင်သည် လူသားတစ်ဦးမဟုတ်ဟု ဆိုနိုင်ပေသည်။ သင်သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ဦး၊ သားရဲတစ်ကောင်ပင် ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် သမ္မာတရားမရှိ၊ ယေဟောဝါ၏ ဇီဝအသက် မရှိဟု ဆိုရမည်ဖြစ်ပြီး ယင်းကြောင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦးပင် ဖြစ်လေသည်။ သိမ်းပိုက်ခံရပြီး နောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း သင်ရသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး ဝိညာဉ်နှင့် အသက်ရှင်သောကိုယ် သင်ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်တွေ့ကြုံခဲ့ရပြီး ဖြစ်သော်လည်း ရလဒ်အနေဖြင့် သင့်စိတ်သဘောထားမှာ အသစ်ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း မရှိ၊ သင်သည် ယခင်ကအတိုင်း ရှိနေသေးသည်၊ သင့်ကို စာတန်က ပိုင်ဆိုင်နေသေးပြီး သင်သည် သန့်ရှင်းခြင်းသို့ ရောက်သူ မဟုတ်ပါ။ ပြည့်စုံစေခြင်းသို့ ရောက်ပြီးသူများသာ အဖိုးတန်ပြီး ထိုသို့သောသူများသည်သာ စစ်မှန်သော အသက်တာကို ရကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ယနေ့ သမ္မာတရားကို ရှာဖွေတောင့်တသူများအား သမ္မာတရား ပေးအပ်
I
သင်သည် ဘုရား၏အမှုတော်များစွာကို တွေ့ကြုံလည်း မပြောင်းလဲ၊ စင်ကြယ်ခြင်းကို မရပါ။ သင်သည် စာတန်၏အုပ်စိုးမှုအောက်၌ အသက်ရှင်လျက်၊ ဘုရားသခင်အား မကျိုးနွံ။ သင်သည် ကယ်တင်ခြင်းခံရလည်း စုံလင်ခြင်းသို့ မရောက်။ သင်က အသက်ကို မရှာ၊ အမှုတော်အကြောင်းကို မလေ့လာ၊ အပျော်အပါးများနှင့် သာယာမှုများကိုသာ ရှာ၏။ ဒါကြောင့် သင့်ရဲ့စိတ်သဘောထားများ ပြောင်းလဲမသွား။ ဘုရား လူကိုဖန်ဆင်းစဉ်က လူ့သဏ္ဌာန်ကို သင်မရသေးပါ ဝိညာဉ်မရှိ သေဆုံးနေလျက် သင်လျှောက်လှမ်းနေ။ ငါ လိုချင်တာ ပေတရုကဲ့သို့သော လူများ၊ စုံလင်ခြင်းရှိရန် ကြိုးပမ်းသူများ။ သမ္မာတရားကို ရှာဖွေတောင့်တသူများအား ယနေ့သမ္မာတရားကို ငါပေးအပ်။ ကယ်တင်ခြင်းရလိုသောသူများအား ထိုကယ်တင်ခြင်းကိုငါပေးသနား၊ သင်တို့အားဖြင့် ရမည် မဟုတ်၊ ဘုရားကယ်တင်ခြင်းကြောင့် ဖြစ်သည်။ သင်တို့သည် ဘုရားကိုရရှိသောကြောင့် ဘုရားသင်တို့ကိုရရှိနိုင်၏
II
စင်ကြယ်သန့်ရှင်းခြင်း ရရန် မကြိုးပမ်းသူများ ဝိညာဉ်ရေးရာ သိကောင်းဖွယ်ရာများ ဘယ်တော့မှ မလေ့လာသူများ၊ မကောင်းဘက်၌ လွှမ်းမိုးခြင်းကို ကျေနပ်ရောင့်ရဲသူများ သမ္မာတရားနောက်သို့ မလိုက်၊ သမ္မာတရားအတိုင်း အသက်မရှင်၊ သမ္မာတရားအတိုင်း မရပ်တည် သောသူ သန့်ရှင်းသော မဖြစ်လာသူများ ထိုသူများကား ကယ်တင်ခြင်း ကိုမခံရသူ ငါ လိုချင်တာ ပေတရုကဲ့သို့သော လူများ၊ စုံလင်ခြင်းရှိရန် ကြိုးပမ်းသူများ။ သမ္မာတရားကို ရှာဖွေတောင့်တသူများအား ယနေ့သမ္မာတရားကို ငါပေးအပ်။ ကယ်တင်ခြင်းရလိုသောသူများအား ထိုကယ်တင်ခြင်းကိုငါပေးသနား၊ သင်တို့အားဖြင့် ရမည် မဟုတ်၊ ဘုရားကယ်တင်ခြင်းကြောင့် ဖြစ်သည်။ သင်တို့သည် ဘုရားကိုရရှိသောကြောင့် ဘုရားသင်တို့ကိုရရှိနိုင်၏
III
ယနေ့ ငါ့နှုတ်ကပတ်တော် အလုံးစုံကို သင်တို့အား ပြောဆိုခဲ့ပြီ။ သင်တို့ လိုက်နာကျင့်သုံးရမည်။ သင်သည် နှုတ်ကပတ်တော်ကို လိုက်နိုင်သောအခါ နှုတ်ကပတ်တော်အားဖြင့် သင်တို့ကို ငါရလိမ့်မည်။ ထိုအချိန်တွင် ထိုနှုတ်ကပတ်တော်ကို သင်ရ လိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ကြီးမြတ်သောကယ်တင်ခြင်း ကိုရရှိပြီ။ သင်တို့သည် သန့်ရှင်းသွားကြသည်နှင့် လူသားစစ်စစ် ဖြစ်သွားကြမည်။ ငါ လိုချင်တာ ပေတရုကဲ့သို့သော လူများ၊ စုံလင်ခြင်းရှိရန် ကြိုးပမ်းသူများ။ သမ္မာတရားကို ရှာဖွေတောင့်တသူများအား ယနေ့သမ္မာတရားကို ငါပေးအပ်။ ကယ်တင်ခြင်းရလိုသောသူများအား ထိုကယ်တင်ခြင်းကိုငါပေးသနား၊ သင်တို့အားဖြင့် ရမည် မဟုတ်၊ ဘုရားကယ်တင်ခြင်းကြောင့် ဖြစ်သည်။ သင်တို့သည် ဘုရားကိုရရှိသောကြောင့် ဘုရားသင်တို့ကိုရရှိနိုင်၏
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ