ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၁

13.03.2021

ပေတရုဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် ချီးကျူးခြင်းများနှင့် ပြည့်ပြီး ပေတရုနှင့် ပတ်သက်သည့် ဤအဖြစ်အပျက်များကို ချက်ချင်းပင် အမှတ်ရကြသည်— သူသည် ဘုရားသခင်ကို မသိဟု သုံးကြိမ်တိုင်ငြင်းပယ်ခဲ့ပုံအပြင် စာတန်၏အစေကိုခံလျက် ထိုနည်းဖြင့် ဘုရားသခင်အား စမ်းသပ်သော်လည်း အဆုံး၌ ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် သံမှိုဆွဲနှက်ခံခဲ့ရပုံ အစရှိသည်တို့ ဖြစ်သည်။ ပေတရုသည် ငါ့ကိုအပြင် သူ၏ နောက်ဆုံးရလဒ်ကိုပါ မည်ကဲ့သို့ သိလာပုံကို သင်တို့အား စီကာပတ်ကုံး ပြောပြခြင်းကို အလွန်အရေးပါသော အရာအဖြစ် ငါမှတ်ယူသည်။ ပေတရုဟူသော ဤလူသားသည် ပြောင်မြောက်သော အရည်အချင်းရှိသူ ဖြစ်သည်၊ သို့သော်လည်း သူ၏ အခြေအနေများသည် ပေါလု၏ အခြေအနေများနှင့် ကွဲပြားခြားနားသည်။ ပေတရု၏ မိဘများသည် ငါ့အား ညှဉ်းဆဲခဲ့ကြသည်၊ ထိုမိဘများသည် စာတန်၏ ပိုင်ဆိုင်ခြင်းခံထားရသော မာရ်နတ်များနှင့် သက်ဆိုင်ခဲ့ကြ သည်၊ ဤအကြောင်းကြောင့် ထိုသူတို့သည် ပေတရုထံသို့ လမ်းခရီးကို လွှဲပြောင်းပေးခဲ့သည်ဟု ပြော၍ မရနိုင်။ ပေတရုသည် သွက်လက်ချက်ချာသော ဉာဏ်ရှိသူ ဖြစ်ပြီး ပင်ကိုဉာဏ်ပညာနှင့် ပြည့်စုံခဲ့ကာ ငယ်စဉ်ဘဝကတည်းက သူ့မိဘများ၏ တုန်နေအောင် ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်၊ သို့သော်လည်း အရွယ်ရောက်လာပြီး နောက်ပိုင်း တွင်မူ သူသည် သူ့မိဘများ၏ ရန်သူဖြစ်လာခဲ့သည်၊ အကြောင်းမှာ သူသည် ငါ့အား သိကျွမ်းခြင်းအလို့ငှာ အမြဲပင် ကြိုးပမ်းခဲ့ပြီး၊ ထိုအရာက သူ့မိဘများကို ကျောခိုင်းဖို့ရန် ဦးတည်သွားစေခဲ့သောကြောင့် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ပထမဆုံး ပေတရုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့မှာ အနန္တတန်ခိုးရှင်၏ လက်တော်ထဲ၌ ရှိပြီး အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ ဘုရားသခင်ထံမှ အရင်းပြုပြီး စာတန်၏ မည်သည့် ခြယ်လှယ်ခံရခြင်းကိုမှ ဖြတ်သန်းသွားခြင်း မရှိဘဲနှင့် ဘုရားသခင်ထံမှပင် တိုက်ရိုက်လာသည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ အဖြည့်ခံအနေနှင့် အစေခံသည့် သူ့မိဘများ၏ ဆန့်ကျင်ဘက် သာဓက သည် ပေတရုအနေဖြင့် ငါ၏ ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းကို သာ၍ပင် လိုလိုလားလား အသိအမှတ် ပြုရန် ထောက်ကူပေးခဲ့ပြီး ထိုသို့ဖြင့် ငါ့အား ရှာဖွေခြင်းငှာ သာ၍ကြီးသော စိတ်ထက်သန် ပြင်းပြမှုကို သူ၏ အထဲ၌ လှုံ့ဆော်ပေးခဲ့သည်။ သူသည် ငါ၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းကို အလေးအနက် အာရုံထားခဲ့သည်သာမကဘဲ ငါ၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်ခြင်းအား သာ၍ပင် အလေး အနက် အာရုံထားခဲ့ပြီး အစဉ်တစိုက်ပင် သူ၏ အတွေးများ၌ နှိုင်းချင့်မျှော်ခေါ်ကာ သတိရှိခဲ့သည်၊ ထို့ကြောင့် သူသည် အမြဲပင် သူ၏ ဝိညာဉ်ရေး၌ အထူးတလည် ပါးနပ်ချက်ချာခဲ့သည်၊ ထို့ကြောင့် သူလုပ်လေရာရာ၌ ငါ့အား ကျေနပ်စေနိုင်ခဲ့သည်။ သာမန်အသက်တာထဲတွင် သူသည် ကျရှုံးမှု၏ ကွန်များအတွင်းသို့ သက်ဆင်းသွားမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် သာ၍ကြီးစွာ ကြိုးပမ်းအားထုတ်ခြင်းငှာ မိမိကိုယ်မိမိ စေ့ဆော်ရန်အတွက် အတိတ်တွင် ကျရှုံးခဲ့သူများ၏ သင်ခန်းစာများအား ပေါင်းစည်းခြင်းကို အလေးအနက် အာရုံထားခဲ့သည်။ ခေတ်ကာလများ တစ်လျှောက်တွင် ဘုရားသခင်အား ချစ်ခဲ့ကြသော လူများ အားလုံး၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းကို လက်သင့်ခံခြင်းအား သူ အလေးအနက် အာရုံထားခဲ့သည်။ ဤနည်းဖြင့် ပေတရုသည် ငါ၏ မျက်မှောက်တော်ထဲတွင် ငါ့အား အသိကျွမ်းဆုံးသော လူသတ္တဝါ ဖြစ်လာသည်အထိ သူ၏ ကြီးထွားခြင်းတိုးတက်မှုကို အနုတ်သဘောဆောင်သော ကဏ္ဍများထဲသာမက သာ၍ အရေးကြီးသည်မှာ အပြုသဘောဆောင်သော ကဏ္ဍများထဲတွင်ပါ အရှိန်မြှင့်ခဲ့သည်။ ဤအကြောင်း ကြောင့် ပေတရုသည် သူ့တွင်ရှိသမျှသော အရာအားလုံးကို ငါ၏ လက်ထဲသို့ မည်သို့ တင်ထားနိုင်သည်ကို စိတ်ကူးကြည့်ရန် မခဲယဥ်းတော့ချေ၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့ကိုပင် မိမိစိတ်ကြိုက် မဆုံးဖြတ်တော့ဘဲ ငါ၏ ကြွယ်ဝခြင်းကို ခံစားသည့် အခြေခံအုတ်မြစ်အပေါ်တွင် အရာခပ်သိမ်းကို ငါစိတ်ကျေနပ်အားရရန် လုပ်ဆောင်ခဲ့သည်။ ကြိမ်ဖန်များစွာပင် ငါသည် သူ့ကို စမ်းသပ်မှုအောက်၌ ထားရှိခဲ့ပြီး ထိုအရာမှာ သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင်ပင်လျှင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့ သို့မဟုတ် ငါ့အား စိတ်ပျက်လာခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့် အချိန်တွင်ပင်လျှင် သူသည် အားနည်းစိတ်ပျက်သော စိတ်နှလုံး ဖြစ်ထွန်းခြင်း မရှိခဲ့ သို့မဟုတ် မျှော်လင့်ချက် ပျက်သုဥ်းသွားခြင်း မရှိခဲ့ဘဲ ငါ့အတွက် သူ၏ချစ်ခြင်းကို အကောင်အထည် ဖော်ရန်အလို့ငှာ ယခင်ကအတိုင်းပင် သူ၏ အခြေခံ သဘောတရားများကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။ ငါသည် သူ့အား ထိုအရာကို ပြောခဲ့စဉ်က သူသည် ငါ့အား ချစ်ခဲ့သော်ငြားလည်း ငါသည် သူ့အား မချီးကျူးခဲ့ဘဲ အဆုံးတွင် စာတန်၏ လက်ထဲသို့ သူ့အား ချပစ်ခဲ့လိမ့်မည် ဖြစ်သည်။ သူ၏ ဇာတိခန္ဓာထိတိုင် ထွင်းဖောက်ခဲ့ခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များအားဖြင့် စမ်းသပ်မှုသာ ဖြစ်သည့် ထိုစမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းခဲ့သည်မှာ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အင်္သချေသော အရာများအကြားတွင် အနန္တတန်ခိုးရှင် ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသား၊ ဖန်ဆင်းခံ သတ္တဝါ သို့မဟုတ် အမှုအရာတို့ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနား ကြင်နာမှုကို ပြသရန် အလိုရှိသောအခါ အကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်၏ သနားကြင်နာမှုကြောင့် ကြီးစွာ ရွှင်လန်းဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်ချက် ချမှတ်လိုသောအခါ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူ သောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ သိမ်မွေ့နက်နဲသော ဆန်းကြယ်မှုကို သာ၍ပင် ခံစားရပါ၏။ အကျွန်ုပ်၏ ဇာတိခန္ဓာသည် ဝေဒနာခံစားရသော်ငြားလည်း အကျွန်ုပ်၏ ဝိညာဉ်ထဲ၌ သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် ထောမနာမပြုဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်အား သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင် အကျွန်ုပ်သည် အစဉ် အမြဲပင် အဆင်သင့်ဖြစ်လျက်၊ လိုလားလျက်ပင် ရှိနေပါလိမ့်မည်။ အိုး အနန္တတန်ခိုးရှင်ဘုရား၊ အကျွန်ုပ်အား ကိုယ်တော်ကို တွေ့မြင်ခွင့်ပေးရန် ဧကန်အမှန် အလိုတော်မရှိခြင်း မဟုတ်သည်မှာ သေချာပါသည် မဟုတ်လော။ ကိုယ်တော်၏ တရားစီရင်မှုကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် ဧကန်အမှန် မထိုက်တန် ခြင်းမျိုး မဟုတ်သည်မှာ သေချာပါသည် မဟုတ်လော။ အကျွန်ုပ်၏ အထဲတွင် ကိုယ်တော် မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်း ဖြစ်နိုင်သလော” ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် ပေတရုသည် ငါ၏ ရည်ရွယ်ချက်များကို တိကျမှန်ကန်စွာ နားလည်သဘောပေါက်ခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ သော်ငြားလည်း ထိုအရာကို သူသည် ငါ၏ အသုံးပြုခြင်း ခံရရန်အတွက် (လူသားမျိုးနွယ်သည် ငါ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏ တရားစီရင်မှုကို ခံယူခြင်းတစ်ခုတည်းပင် ဖြစ်သည်ဖြစ်စေ) သိက္ခာ၊ ပုဂ္ဂိုလ်ရေး ဂုဏ်ရှိန်နှင့် စပ်ဆိုင်သော အရာများအဖြစ် မှတ်ယူခဲ့သည်မှာ ထင်ရှားပြီး ၎င်းမှာ စမ်းသပ်မှုအောက်တွင် ချထားခံရခြင်းကြောင့် စိတ်မချမ်းမြေ့ခြင်းသာ ဖြစ်သည်။ ငါ၏ မျက်မှောက်၌ သူ၏ သစ္စာစောင့်သိမှုကြောင့်နှင့် သူ့အပေါ် ငါချပေးသော ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသား မျိုးနွယ်အတွက် နှစ်ထောင်ပေါင်းများစွာတိုင် စံနမူနာတစ်ဦး ဖြစ်လာခဲ့သည်။ ဤသည်မှာ သင်တို့ လိုက် လျှောက်သင့်သော ပုံဥပမာပင် အတိအကျဖြစ်သည် မဟုတ်လော။ ယခုအချိန်၌ ငါသည် အဘယ်ကြောင့် ပေတရု၏ အကြောင်းကို ထိုမျှ ရှည်လျားစွာ ပြောခဲ့သည်ကို သင်တို့သည် အဖြေရှာရန် ကြိုးစားသင့်ပြီး အစွမ်းကုန် တွေးတောသင့်သည်။ ဤအရာသည် သင်တို့အတွက် ကျင့်ဝတ်စည်းမျဉ်းအဖြစ် အသုံးဝင်နိုင် ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။