ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၄

14.10.2020

သင်သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလိုပါက၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟရင်းနှင့် သူ့ထံ လုံးဝ လှည့်ရင်း၊ စာတန်၏ အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရမည်။ ယခု သင် လုပ်ဆောင်နေသော အရာများကို ဘုရားသခင် ချီးမွမ်းမည်လော။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ပြီးပြီလော။ သင် လုပ်ဆောင်ပြီးခဲ့သော အရာများသည် သင့်ကို ဘုရားသခင် တောင်းဆိုသော အရာများဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ အချိန်တိုင်း သင့်ကိုယ်သင် ဆန်းစစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်လော့။ သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ချခင်းထားလော့၊ သူ့ကို ရိုးသားစစ်မှန်မှုဖြင့် ချစ်လော့၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် သစ္စာရှိစွာ အသုံးခံလော့။ ဤအရာကို လုပ်ဆောင်သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ဧကန်မုချ ရရှိကြလိမ့်မည်။

ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်ခြင်းမရှိသူများ၊ အခြားသူများရှေ့တွင် တစ်မျိုးပြုမူ သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးတစ်ဖုံ ပြုမူသောသူများ၊ ၎င်းတို့၏ အနှစ်သာရသည် ယုတ်မာကာ၊ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ပုံပန်းပေးသောသူများအားလုံး- ထိုသို့သော လူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသူများ၏ ကိုယ်စားပြုသူများစစ်စစ် ဖြစ်ကြသည်။ ၎င်းတို့သည် မြွေကဲ့သို့သော လူမျိုးများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ၎င်းတို့မိသားစု၏ အကျိုးစီးပွားများနှင့်သာ အမြဲပူပန်သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာခပ်သိမ်းကို မစွန့်လွှတ်နိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သည့်အခါမျှ အသက်မရှင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိသည့်လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်ကြပေ။

လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ကိုယ်တော်၏ အလျှံပယ်ရှိခြင်းကို မွေ့လျော်နိုင်ကြဖို့နှင့် သူ့ကို ရိုးသားစစ်မှန်စွာ ချစ်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ ဤနည်းဖြင့်၊ လူတို့သည် သူ၏အလင်းတွင် အသက်ရှင်ကြပေမည်။ ယနေ့တွင်၊ ဘုရားသခင်ကို မချစ်နိုင်ကြသူများ၊ သူ၏ဝန်ထုပ်များကို အာရုံမစိုက်သူများ၊ မိမိတို့၏ စိတ်နှလုံးများကို သူ့အား အပြည့်အဝ မပေးနိုင်ကြသူများ၊ ဘုရားသခင်၏ စိတ်နှလုံးကို မိမိတို့၏ ကိုယ်ပိုင်ကဲ့သို့ လက်မခံနိုင်သူများနှင့် သူ၏ ဝန်ထုပ်များကို မိမိတို့၏ ကိုယ်ပိုင်ဝန်ထုပ်များအဖြစ် မသယ်ပိုး နိုင်သူများ- ဘုရားသခင်၏ အလင်းသည် ထိုသို့သော လူတစ်ဦး တစ်လေမျှအပေါ် အလင်းမပေးပေ၊ ထို့ကြောင့် ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုကို လုံးလုံးဆန့်ကျင်သော လမ်းကြောင်းပေါ်တွင် ရှိကြပြီး၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သမ္မာတရား အနည်းငယ်မျှမရှိပေ။ ၎င်းတို့သည် စာတန်နှင့်အတူ ဒုစရိုက်နွံထဲတွင် မွေ့လျော်နေထိုင်နေကြ၏။ ၎င်းတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်နိုင်ပြီး၊ သူ၏အလိုကို အာရုံစိုက်နိုင်ကာ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်ပေသည်။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ဖို့ လိုလားလျက်ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် သင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် အခွင့်အရေး ရှိလိမ့်မည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိုသို့သော အခွင့်အရေး သင် ပေးလိမ့်မည်မဟုတ်။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်၊ ၎င်းတို့အပေါ် သူ ထွန်းလင်းစေသည့် အလင်းနှင့် ၎င်းတို့ကို သူ ပေးသည့် စိတ်ချယုံကြည်မှုသည် အခိုက်အတန့်တစ်ခုသာ တာရှည်ခံလေသည်။ လူတို့သည် ဂရုမထားသကဲ့သို့ အာရုံမစိုက်ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားလိမ့်မည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက၊ သူသည် သင့်အပေါ် အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သင်သည် ဘုရားသခင်၏မျက်နှာ၏ အလင်း၌ သူ၏ ကောင်းချီးမင်္ဂလာများ အောက်တွင် အသက်ရှင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်ကို သင် သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်နှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစား ရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။