ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၀

16.10.2020

အသက်တာထဲဝင်ရောက်ခြင်းကို လူတို့ရရှိအောင်အားထုတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံသည်။ ယခင်က၊ အရာရာသည် သူ၏ နှုတ်ကပတ်တော်ကြောင့် ပြီးမြောက်သည်ဟု ဆိုခဲ့သော်လည်း၊ ဤအမှန်တရားကို မည်သူမျှ မမြင်ခဲ့ကြပေ။ မျက်မှောက်အဆင့်ကို တွေ့ကြုံခြင်းထဲသို့ သင် ဝင်ရောက်ပါက၊ သင့်အဖို့ အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်ပြီး၊ သင်သည် အနာဂတ် စမ်းသပ်မှုများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို တည်ဆောက်နေလိမ့်မည် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားသခင်က သူသည် လူတို့ကို စတင်ပြစ်တင်ဆုံးမမည်ဟုပြောသည့်အခါ သူ၏ ပြစ်တင်ဆုံးမခြင်းကို လက်ခံလော့။ ဘုရားသခင်က လူတို့ကို သေဖို့စေခိုင်းသည့်အခါ၊ ထိုစမ်းသပ်မှုကို လက်ခံလော့။ သင်သည် သူ၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များအတွင်းတွင် အမြဲ အသက်ရှင်နေပါက၊ အဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို စုံလင်စေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲသို့ သင် ဝင်ရောက်လေလေ၊ သင်သည် လျင်မြန်စွာ စုံလင်ခံရလေလေ ဖြစ်လိမ့်မည်။ အကြိမ်ကြိမ် မိတ်သဟာယပြုပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ သင်တို့ကို ငါ အဘယ်ကြောင့် တောင်းဆိုသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင် ရှာဖွေလိုက်စားပြီး တွေ့ကြုံကာ၊ သူ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိပေသည်။ ထို့ကြောင့် သင်တို့အားလုံးသည် ဘုရားသခင် အမှုပြုသည့် နည်းလမ်းတိုင်းတွင် ပါဝင်သောသူများ ဖြစ်ပြီး၊ သင်တို့၏ ဆင်းရဲဒုက္ခ မည်သည့်အတိုင်းအတာ ရှိသည်ဖြစ်စေ၊ နောက်ဆုံးတွင် “အမှတ်တရ လက်ဆောင်” ကို သင်တို့အားလုံး ရရှိလိမ့်မည်။ သင်တို့၏ နောက်ဆုံးစုံလင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းသည် တစ်ဖက်သတ်မဟုတ်ပေ။ သူသည် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်၊ အယောက်တိုင်း သတိရှိစွာ သူနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူ လိုအပ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့- ဤအရာသည် သင်တို့၏အသက်တာအတွက် သာ၍အကျိုးရှိလိမ့်မည်။ အရာရာသည် သင်တို့၏စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိခြင်းအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်သည့်အခါ၊ သင်၏စိတ်နှလုံးသည် သူ၏တို့ထိခြင်း ခံရမည်ဖြစ်ပြီး သူ၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်တွင် ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် အရာတိုင်းကို သင် သိရှိနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအရာကို ရရှိဖို့ စိတ်ဆုံးဖြတ်ချက် ရှိလိမ့်မည် ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်း ကာလအတွင်းတွင်၊ ဤသည်မှာ အမှု၏နည်းစနစ်တစ်ခု ဖြစ်သည်ဟု ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြသူများ ရှိခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသကဲ့သို့၊ မည်သည့်အရာကိုမျှ ရရှိခြင်း သို့မဟုတ် သိနားလည်ခြင်းမရှိဘဲ ပြစ်တင်ဆုံးမခြင်းကာလမှ ပေါ်ထွက်လာခဲ့ကြလေသည်။ သံသယ စိုးစဉ်းမျှမရှိဘဲ ဤနှုတ်ကပတ်တော်များထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့ကြသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မမှားယွင်းနိုင်သော သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်သည် ပြစ်တင်ဆုံးမခံရသင့်သည်ဟု ပြောဆိုခဲ့သူ အချို့ရှိ၏။ ၎င်းတို့သည် မိမိတို့၏ အနာဂတ်နှင့် ကံကြမ္မာကို လက်လွှတ်ရင်း ယင်း၌ အချိန်အတိုင်းအတာ တစ်ခုကြာ ရုန်းကန်ခဲ့ကြပြီး၊ ၎င်းတို့ ပေါ်ထွက်လာသည်အခါ ၎င်းတို့၏ စိတ်သဘောထားများသည် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သော သာ၍နက်ရှိုင်းသည့် သိနားလည်မှု ရရှိခဲ့ကြပြီး ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းမှ ပေါ်ထွက်လာခဲ့ကြသူ အားလုံးသည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ခံစားရကာ ဤအမှုအဆင့်သည် ၎င်းတို့ထဲသို့ ဆင်းသက်လျက်ရှိသည့် ဘုရားသခင်၏ကြီးမားသောချစ်ခြင်းမေတ္တာအား ပုံဖော်သည်၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အောင်နိုင်ခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သည်ဆိုသည်တို့ကို နားလည်ခဲ့ကြလေသည်။ ၎င်းတို့က ဘုရားသခင်၏ အတွေးများသည် အစဉ်အမြဲကောင်းမြတ်ကာ၊ လူသား၌ ဘုရားသခင်ပြုသည့် အရာတိုင်းသည် မုန်းတီးခြင်းမဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာမှ လာသည်ဟုလည်း ပြောဆိုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မယုံကြည်ခဲ့သူများ၊ သူ၏နှုတ်ကပတ်တော်များကို အားမထားခဲ့သူတို့သည် ပြစ်တင်ဆုံးမသော ကာလအတွင်းတွင် စစ်ဆေးခြင်းကို မကြုံခဲ့ရပေ၊ ထို့ကြောင့် အကျိုးဆက်အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိခဲ့ဘဲ၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိခဲ့ကြချေ။ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ ဝင်ရောက်ခဲ့ကြသူများအတွက်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အထဲတွင် လျှို့ဝှက်စွာ အမှုပြုနေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏အသက်တာ စိတ်သဘောထားက ပြောင်းလဲခဲ့ပေသည်။ အချို့သည် အပြင်ပန်းကြည့်ရသည်မှာ၊ တစ်နေ့လုံး ကောင်းသောပျော်ရွင်ခြင်းနှင့် ပြည့်လျက်၊ အလွန် အပြုသဘောဆောင်သည့်ပုံရသော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း အခြေအနေထဲသို့ မဝင်ရောက်ခဲ့ကြသောကြောင့် လုံးဝ မပြောင်းလဲခဲ့ကြပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ယုံကြည်မှုမရှိခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ယုံကြည်သောသူ အားလုံးထံ ပေါ်ထွန်းပြီး၊ သူ၏နှုတ်ကပတ်တော်များကို ယုံကြည်ကာ လက်ခံသောသူများသည် သူ၏ချစ်ခြင်းမေတ္တာကို ရရှိနိုင်ကြလိမ့်မည်ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ရန်၊ သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာသင့်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိသင့်သည်။ ထိုသို့ဖြင့်သာ သင်၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်ပြီး၊ ဤနည်းဖြင့် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီးသည့် လူတို့သာ သူ၏ အလိုနှင့် ကိုက်ညီနိုင်ပေသည်။ အလင်းသစ်ကို ရရှိဖို့၊ သင်သည် သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်ရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ကြိမ်တစ်ခါသာ ခံရခြင်းက လုံးဝ အလုပ်ဖြစ်လိမ့်မည်မဟုတ်- သင်သည် သာ၍ နက်ရှိုင်းစွာ လုပ်ဆောင်ရမည်။ တစ်ကြိမ်သာ တို့ထိခံရသူတို့အတွက်၊ ၎င်းတို့၏အတွင်းပိုင်း စိတ်အားထက်သန်မှုကို နှိုးဆော် ခံရပြီး၊ ၎င်းတို့သည် ရှာဖွေရန် ဆန္ဒရှိသော်လည်း၊ ဤအရာသည် ကြာရှည်မခံနိုင်ပေ။ ၎င်းတို့အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို စဉ်ဆက်မပြတ် ခံကြရမည်။ လူတို့အနေဖြင့် မိမိတို့၏ အသက်တာတွင် ပြောင်းလဲမှုများ ရရှိအောင် အားထုတ်နိုင်ကြဖို့အလို့ငှာနှင့် ဘုရားသခင်၏တို့ထိခြင်းခံရရန် အားထုတ်နေစဉ်တွင် မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များကို ၎င်းတို့ နားလည်နိုင်ကာ၊ သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်တွင်၊ မိမိတို့ကိုယ်၌ထဲက (မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ အယူအဆများ၊ စသဖြင့်) မစင်ကြယ်မှုများကို စွန့်ပစ်နိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့၏ စိတ်ဝိညာဉ်များကို တို့ထိကောင်းတို့ထိနိုင်မည်ဟူသော ငါ၏ မျှော်လင့်ချက်ကို အတိတ်တွင် အကြိမ်များစွာ ငါ ပြောဆိုပြီးဖြစ်သည်။ အလင်းသစ်ကို မိမိမှအစပြု၍ လက်ခံရရှိခြင်းမျှသည် အလုပ်ဖြစ်လိမ့်မည်ဟု မထင်လေနှင့်- အပျက်သဘောဆောင်သည့် အရာအားလုံးကိုလည်း သင် စွန့်ပစ်ရမည်။ တစ်ဖက်တွင်၊ သင်တို့သည် အပြုသဘောဆောင်သည့် ရှုထောင့်တစ်ခုမှ ဝင်ရောက်ဖို့ လိုအပ်ပြီး၊ အခြားတစ်ဖက်တွင် အပျက်သဘောဆောင်သည့် ရှုထောင့်တစ်ခုမှ မစင်ကြယ်သည့် အရာအားလုံးကို မိမိထံမှ ဖယ်ရှားဖို့ လိုအပ်သည်။ သင်တို့အနေဖြင့် မည်သည့် မစင်ကြယ်မှုများ သင်တို့အတွင်းတွင် တည်ရှိသေးသည်ကို တွေ့မြင်ဖို့ မိမိတို့ကိုယ်ကိုယ် စဉ်ဆက်မပြတ် ဆန်းစစ်ရမည်။ လူသားမျိုးနွယ်၏ ဘာသာရေးအယူအဆများ၊ ရည်ရွယ်ချက်များ၊ မျှော်လင့်ချက်များ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မာနထောင်လွှားမှုများ အားလုံးတို့သည် မသန့်ရှင်းသောအရာများ ဖြစ်ကြ၏။ မည်သည့် ဘာသာရေး အယူအဆများ သင်၌ရှိသည်ကို တွေ့မြင်ရဖို့ မိမိကိုယ်ကိုယ်အတွင်းသို့ ကြည့်ကာ ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးနှင့် မိမိကိုယ်မိမိ နှိုင်းယှဉ်လော့။ ထိုအရာများကို သင် အမှန်တကယ် သတိပြုမိသည့်အခါမှသာ၊ ၎င်းတို့ကို သင် စွန့်ပစ်နိုင်ပေသည်။ လူအချို့က- “သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအမှုနှင့်ဆိုင်သော အလင်းနောက်သို့ လိုက်ရုံမျှသည် ယခုလုံလောက်၏။ အခြား မည်သည့်အရာနှင့်မျှ အနှောင့်အယှက်ဖြစ်စရာ မလို” ဟု ပြောကြသည်။ သို့သော်၊ သင်၏ဘာသာရေး အယူအဆများ ထွက်ပေါ်လာသောအခါ ၎င်းတို့ကို သင် မည်ကဲ့သို့ ဖယ်ရှားမည်နည်း။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာခြင်းသည် လုပ်ဆောင်ရန် ရိုးရှင်းသော အရာဖြစ်သည်ဟု သင်ထင်သလော။ သင်သည် ဘာသာရေးနှင့် သက်ဆိုင်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဘာသာရေး ယူဆချက်များနှင့် သင်၏ စိတ်နှလုံးထဲက ရိုးရာဓမ္မပညာဆိုင်ရာ သဘောတရားများမှ အနှောင့်အယှက်များ ထွက်ပေါ်လာနိုင်ပြီး၊ ဤအရာများ ပေါ်ထွက်လာသည့်အခါ ယင်းက သင်၏ အသစ်သောအရာများကို လက်ခံခြင်းအား နှောင့်ယှက်လေသည်။ ဤအရာအားလုံးသည် အမှန်တကယ် ရှိသော ပြဿနာများ ဖြစ်သည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကိုသာ ရရှိအောင် အားထုတ်ပါက၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလင်း နောက်လိုက်သည့် တစ်ချိန်တည်းတွင်၊ မည်သည့် အယူအဆများနှင့် ရည်ရွယ်ချက်များ သင် သိုထားသည်၊ လူသား၏ မိမိကိုယ်ကိုယ် မှန်သည်ဟူသော မည်သည့်မှတ်ယူခြင်း သင်၌ရှိသည် ဆိုသည်နှင့်၊ မည်သည့် အပြုအမူများက ဘုရားသခင်ကို မနာခံခြင်းဖြစ်သည် ဆိုသည်တို့ကို သင်သတိပြုသင့်၏။ ဤအရာများအားလုံးကို သင် သတိပြုမိပြီးနောက်တွင်၊ ၎င်းတို့ကို သင် စွန့်ပစ်ရမည်။ သင်၏ယခင်က လုပ်ဆောင်ချက်များနှင့် အပြုအမူများကို သင့်အား စွန့်လွှတ်စေခြင်းသည် ယနေ့ သန့်ရှင်းသောဝိညာဉ်တော် ပြောဆိုသည့် နှုတ်ကပတ်တော်များကို သင့်အား လိုက်လျှောက်ခွင့်ပေးခြင်းအတွက်သာ ဖြစ်သည်။ တစ်ဖက်တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ရရှိခြင်းဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ယင်းသည် လူသားမျိုးနွယ်၏ အပိုင်းမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်၏။ ဘုရားသခင်၏အမှုရှိပြီး၊ ထို့နောက် လူသား၏ လက်တွေ့လုပ်ဆောင်မှုရှိကာ၊ နှစ်ခုလုံးသည် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။