ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၉

26.12.2020

သင်တို့ယခု ရှာဖွေနေသော အရာသည် အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်အားဖြင့် ပြီးပြည့် စုံခြင်းကို ရရှိရန် သို့မဟုတ် ဘုရားသခင်အား သိရှိရန် သို့မဟုတ် ပေတရု၏ ကိုးဆယ် ပုံစံအတိုင်းဖြစ်ရန် သို့မဟုတ် ယောဘ၏ ယုံကြည်ခြင်းထက်ကြီးသော ယုံကြည်ခြင်းရှိရန်တို့ ဖြစ်နိုင်သည်။ ဘုရားသခင်မှ ဖြောင့်မတ်သောသူဟု အခေါ်ခံရကာ ပလ္လင်တော်ရှေ့တွင် ဆင့်ခေါ်ခြင်းခံရရန် အလို့ငှာလည်းကောင်း၊ ကမ္ဘာလောကတွင် ဘုရားသခင်အတွက် ဟိန်းထွက်နေသော သက်သေခံခြင်းကို ပြုခြင်းအားဖြင့် ဘုရားသခင်ကို သိရှိစေကြခြင်းငှာ လည်းကောင်း၊ ထိုအရာများကို ကြိုးစားရှာဖွေလိုမည်ဖြစ်သည်။ မည်သည့်အရာကို ရှာဖွေသည်ဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်သာ ဖြစ်သည်။ ဖြောင့်မတ်သောသူအဖြစ် အသက်ရှင်ရန် ရှာဖွေလျှင်သော်လည်းကောင်း၊ ပေတရု၏ပုံစံဖြင့် အသက်ရှင်ရန်အလို့ငှာ ရှာဖွေလျှင်သော်လည်းကောင်း၊ ယောဘကဲ့သို့သော ယုံကြည်ခြင်းမျိုးရှိရန် ရှာဖွေလျှင်သော်လည်းကောင်း၊ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမှု ရရှိရန် ရှာဖွေလျှင်သော်လည်းကောင်း၊ အဆုံးသတ်တွင် အရာအားလုံးသည် ဘုရားသခင် လုပ်ဆောင်သည့် အရာများသာဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သင်သည် မည်သည့်အရာကို ရှာဖွေနေပါစေ ထိုအရာများသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံစေရန်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိတွေ့ခံစားနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို နှစ်လိုစေရန်ဖြစ်သည်။ ဘုရားသခင်၏ နှစ်သက်ဖွယ်ရာ အရာများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ ပုန်ကန်ထကြွတတ်သည့် မိမိတို့၏ စိတ်သဘောထားများကို ခဝါချနိုင်ကာ လိုက်လျှောက် အသက်ရှင်ရမည့်လမ်းကို ရှာဖွေနိုင်ရန်ဖြစ်သည်။ မိမိတို့အတွင်းမှ ပုံမှန်အခြေအနေကို လက်ခံရရှိနိုင်ရန်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးလုံး လျားလျား ကိုက်ညီနိုင်ရန်ဖြစ်သည်။ မှန်ကန်သည့်သူ ဖြစ်လာရန်ဖြစ်သည်။ လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်သည့် အကြောင်းအရာအပေါ် အခြေခံကာလုပ်ဆောင်ရန်ဖြစ်သည်။ ဤအရာများအားလုံးကို ကြုံတွေ့ နေရခြင်းသည် ဘုရားသခင်ကို သိရှိလာရန်နှင့် အသက်တာတွင် တိုးပွားမှုရှိနေရန်ဖြစ်သည်။ သင်ကြုံတွေ့ နေရသော အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်နေသော်လည်း၊ သင်တွေ့ကြုံနေရသော အရာများသည် စစ်မှန်သည့် အဖြစ်အပျက်များ၊ လူများ၊ အကြောင်းအရာများနှင့် သင်၏ဘေးတွင် ဖြစ်ပျက် နေသော အရာများ ဖြစ်နေပါသော်လည်း၊ အဆုံးတွင်မူ ထိုအရာများသည် ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမှုရရှိစေရန် ဖြစ်သည်။ ဖြောင့်မတ်သောသူများ လျှောက်သည့်လမ်းကို ရွေးချယ်လျှောက်လှမ်းခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးခြင်းတို့သည် ပြေးလမ်းများ ဖြစ်ကြသည်။ ဘုရားကိုသိခြင်းနှင့် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံခြင်းကို ရရှိခြင်းသည် ခရီးဆုံး ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံခြင်းကို ရှာဖွေခြင်းဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေခံခြင်းဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဤအရာများသည် အဆုံးတွင်မူ ဘုရားသခင်ကို သိရှိရန်အတွက်ပင် ဖြစ်သည်။ ဘုရားသခင် သင့်အထဲတွင် လုပ်ဆောင်နေသည့် အရာများသည် အချည်းနှီးမဟုတ်၊ အဆုံးတွင် ဘုရားသခင်၏ လက်တွေ့သဘောကို သိရှိလာကာ၊ ဘုရားသခင်၏ ကောင်းမြတ်ကြောင်းကို သိရှိလာရန် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ နှိမ့်ချမှုနှင့် သိုဝှက်မှု၊ သင့်အထဲတွင် ဘုရားသခင် လုပ်ဆောင်နေသည့် အရာများကိုလည်း သိရှိလာရန်ဖြစ်သည်။ ယိုယွင်းပျက်စီးပြီး ညစ်ညူးနေသည့် ဤလူသားများကြားတွင် လုပ်ဆောင်စရာရှိသည့် အရာများကို လုပ်ဆောင်ရန်အလို့ငှာနှင့် သူ၏လူနည်းစုတစ်စုကို ပြီးပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ အတိုင်းအတာတစ်ခုအထိ နှိမ့်ချခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို ထိန်းကျောင်းဖို့ရန်နှင့် လူသားများ၏ လိုအပ်မှု များကို ဖြည့်ဆည်းပေးဖို့ရန် အလို့ငှာသာ လူ့ဇာတိခံယူခဲ့သည် မဟုတ်ချေ။ သာ၍ အရေးအကြီးသည့် အချက်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်း အလုပ်နှင့် အဆမတန် ယိုယွင်းပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ သူသည် အယိုယွင်း အပျက်စီးဆုံး လူသားများကို ကယ်တင်ရန်နှင့် လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ အဆင်းနီသည့် နဂါးကြီး၏ နှလုံးထဲသို့ လာခဲ့ပြီ ဖြစ်သည်။ ဘုရားသခင် ကြုံတွေ့ရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ကြုံတွေ့ရသည့် အခက်အခဲမျှသာ မဟုတ်၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ကွဲခြင်းနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့် အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူသားများသည် သူ့အား သာမန်လူကဲ့သို့ မြင်စေရန်အလို့ငှာ၊ သာမန်လူတို့လိုအပ်သည့် အရာများကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် အတိုင်းအတာတစ်ခုအထိ နှိမ့်ချမှုရှိကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် သဏ္ဌာန်ပေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မြတ်ကာ ကြီးမြတ်သည့်အရာဖြစ်စေကာမူ သူသည် ဝိညာဉ်တော်၏ လုပ်ဆောင်စရာရှိသည့် အရာများကို လုပ်ဆောင်ရန်အလို့ငှာ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည် အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘောသဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များနှင့် မထိုက်တန်ကြောင်းကို ပြနေသည်။ သင်တို့အတွက် ဘုရားသခင်ကို ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့စေရန်မှာ သင်တို့နှင့် လုံး၀မထိုက်တန်ပေ။ ဘုရားသခင်သည် ကြီးမြတ်လွန်းလှသည်။ သူသည် အလွန်ကြီးမြတ်ပြီး လူသားများမူကား အလွန်နိမ့်ကျကာ သဘောထား သေးသိမ်သော်လည်း ဘုရားသခင်သည် လူသားများအတွက် လုပ်ဆောင်ပေးမြဲဖြစ်သည်။ သူသည် လူ့ဇာတိခံယူရာတွင် လူသား များအတွက် ထောက်ပံ့ပေးရုံသာမဟုတ်၊ စကားပြောရုံသာလည်းမဟုတ်၊ လူသားများနှင့် အတူတကွ နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချသော ဘုရားဖြစ်သည်။ အလွန်နှစ်သက်ဖွယ်သော ဘုရား ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတရားတော်အကြောင်း ဖေါ်ပြခံရသည်နှင့် သင်သည် မျက်ရည်များစီးကျကာ ကြီးမားစွာ ချီးမွမ်းလျှင်၊ သင်သည် ဤအခြေအနေသို့ ရောက်လျှင်၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာ ရှိပြီဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။