ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၁

26.08.2020

လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းဉာဏ်နှင့် အသိဉာဏ်များကို စာတန်က ဆိုးဆိုးရွားရွား ထိခိုက်ပျက်ဆီးအောင် နှိပ်ကွပ်ကာ အဆိပ်ခတ်၍ နင်းခြေထားသော လူသား၏ ဖြစ်ခြင်းထဲက အညွှန့်တက်၍ ရှင်သန်လာသည်။ အထက်ပါ လူသား၏ အခြေခံလက္ခဏာများ ယိုယွင်းသွားအောင် စာတန် ဖျက်ဆီးသဖြင့် ဘုရားသခင် ဖန်ဆင်းခဲ့သော နဂိုလူသားနှင့် လုံးဝမတူညီတော့ခြင်းသည် လူသား၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို နားမလည်ခြင်း၏ စစ်မှန်သော အကြောင်းရင်းဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲခြင်းသည် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိဉာဏ်၏ ပြောင်းလဲခြင်းတို့ဖြင့် အစပြုရမည်။ သို့မှသာ သူ၏ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့် ပတ်သက်သော အသိပညာသည် ပြောင်းလဲမည်ဖြစ်သည်။ ယိုယွင်းပျက်စီးသည့် နယ်ပယ် အားလုံးတွင် အနက်ရှိုင်းဆုံး ယိုယွင်းခြင်းရှိသည့် မြေပေါ်၌ မွေးဖွားလာသူများသည် ဘုရားသခင်သည် အဘယ်ဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို သာ၍ မသိမိုက်မဲလျက် ရှိကြသည်။ လူတို့သည် ယိုယွင်းပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို မသိလေလေ၊ အသိဉာဏ်နှင့် ထိုးထွင်းဉာဏ် ခေါင်းပါးလေလေဖြစ်သည်။ စာတန်၏ လူသားကို ယိုယွင်းဖျက်ဆီးခြင်းသည် လူသား၏ ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးမှုကို ခံရသောကြောင့် လူ့အသိဉာဏ်ထုံသွားကာ၊ ကိုယ်ကျင့်တရား ယိုယွင်းပြီး သူ၏အတွေးများ ဆုတ်ယုတ်သွား၍ သူ့၌ ခေတ်နောက်ကျသော စိတ်ပိုင်းဆိုင်ရာ ရှုမြင်ပုံလည်း ရှိသည်။ စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏ နှုတ်ကပတ်တော် ကို နာခံခဲ့သည်။ အသိဉာဏ်နှင့် အသိစိတ် ပကတိဖြစ်လျက် ပုံမှန်လူ့သဘောသဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ယိုယွင်းဖျက်ဆီးမှုကို ခံရပြီးနောက် သူ၏ နဂိုအသိဉာဏ်၊ နဂိုအသိစိတ်နှင့် လူ့သဘောသဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ချို့ယွင်းစေခြင်းကို ခံရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ် ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိဉာဏ် မူမမှန်ဖြစ်လာကာ သူ၏ စိတ်သဘောထားသည် တိရိစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ သူ၏ ဘုရားသခင်ကို ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေ စိပ်လာကာ သာ၍ ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိ။ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ဖြစ်သည်။ လူ့အသိဉာဏ်၊ ထိုးထွင်း သိမြင်စွမ်းနှင့် သိစိတ်လက္ခဏာများသည် သူ့စိတ်သဘောထားကို ဖွင့်ပြနေသည်။ သူ၏ အသိဉာဏ်နှင့် ထိုးထွင်းသိမြင်စွမ်း အကောင်းပကတိ မဟုတ်တော့သည်သာမက သိစိတ် အလွန်အမင်း ထိုင်းမှိုင်းလာခြင်းကြောင့် သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိဉာဏ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက သူ့စိတ်သဘောထားသည် ဘုရားသခင်အလိုကျ ပြောင်းလဲနိုင်မည် မဟုတ်သည်ကို စဉ်းစားစရာမလိုပေ။ လူ့အသိဉာဏ် ပကတိမဟုတ်သော် သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မှ အသုံးပြုရန်လည်း မသင့်တော်ပေ။ “နဂိုအသိဉာဏ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို ငံ့လင့်ခြင်း၊ ဘုရားသခင်ရှေ့ ကွယ်ဝှက်မှု လုံးဝမရှိခြင်း၊ ဘုရားသခင်ကို ထိတွေ့ခံစားတတ်သော သိစိတ်ရှိခြင်း တို့ကိုဆိုလိုသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်၍ ဘုရားသခင်ကို တမင်တကာဆန့်ကျင်ခြင်း မရှိသည်ကို ရည်ညွှန်းသည်။ အသိဉာဏ် မူမမှန်သော သူများသည် ထိုသို့မဟုတ်။ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်ရာ ဘုရားသခင်ကို တွေ့ထိခံစားတတ်သော သိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်အကြောင်း အယူအဆများ ထုတ်လုပ်ကာ ဘုရားသခင်ကို သစ္စာမရှိ၊ သို့မဟုတ် ငံ့လင့်ခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ခြင်း၊ အကဲဖြတ်ခြင်း သာမက နောက်ကွယ်တွင် ဘုရားသခင်ကို စော်ကားမော်ကားပြုသည်။ လူသားသည် သူဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက် နောက်ကွယ်တွင် သူ့ကို အကဲဖြတ်ကာ သူ့ကို နာခံလိုစိတ် မရှိပေ။ ဘုရားသခင်ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းကိုသာ တဇွတ်ထိုး ပြုလုပ်တတ်သည်။ အသိဉာဏ် မူမမှန်သော ဤလိုလူမျိုးသည် မိမိတွင် စက်ဆုပ်ရွံရှာဖွယ် အကျင့်ဓလေ့ရှိသည်ကို သိခြင်းငှာ မစွမ်းနိုင်ပေ၊ သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရခြင်းလည်း မရှိပေ။ အကယ်၍ လူတို့သည် မိမိကိုယ်ကို သိနိုင်စွမ်းရှိသော် အသိဉာဏ်အနည်းငယ်မျှ ပြန်လည် ရရှိလာခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ပုန်ကန်လျက် မိမိကိုယ်ကို မိမိမသိလေလေ၊ အသိဉာဏ် ဆုတ်ယုတ်လေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။